@hmue.hmue8154: တစ်ခါတလေကျရင်... လူတစ်ယောက်ကို အသည်းအသန် လွမ်းနေရက်နဲ့ ကိုယ့်ဘက်က အရင်စကားမပြောမိအောင် အနိုင်နိုင် အောင့်အီးထားရတဲ့ ခံစားချက်က ဘယ်လောက်တောင် မွန်းကျပ်ဖို့ကောင်းလဲဆိုတာ ခံစားဖူးသူတိုင်း သိပါတယ်။ သူများတွေကတော့ ကြည့်ပြီး "မာနကြီးလိုက်တာ"၊ "အရင်စကားမပြောနိုင်လောက်အောင် ခေါင်းမာလိုက်တာ" လို့ ထင်ချင်ထင်ကြလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းတော့... အချစ်ထက် မာနက ပိုကြီးသွားလို့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က လွမ်းလွန်းလို့ တုန်ရီနေတဲ့ လက်ချောင်းလေးတွေနဲ့ စာတစ်စောင် အရင်ပို့လိုက်တဲ့အခါ... သူ့ဆီက ပြန်လာမယ့် အေးစက်စက် တုံ့ပြန်မှုတွေကို ထပ်ပြီး မရင်ဆိုင်ရဲတော့လို့ပါ။ အလေးအနက်မရှိတဲ့ စကားလုံးတွေ၊ ဂရုမစိုက်တဲ့ လျစ်လျူရှုမှုတွေကို ထပ်ပြီး ဒဏ်ရာမရချင်တော့လို့... ကိုယ့်နှလုံးသားကို ကိုယ်တိုင် ပြန်ချုပ်တည်းထားရတာပါ။ လွမ်းရတာထက်... သူစိမ်းဆန်ဆန် အေးစက်သွားတဲ့ သူ့အပြုအမူတွေကို မြင်ရမှာက ပိုပြီး နာကျင်ရလို့... အရာရာကို ရင်ထဲမှာပဲ မြိုသိပ်ထားလိုက်ရတာပါပဲ...။ မူရင်းစာရေးသူအားcrdပေးပါတယ်ရှင့်🥰
💌H🍂
Region: MY
Monday 12 October 2026 15:14:34 GMT
Music
Download
Comments
🕊️T🍃🍻🍂 :
ပြန်ယူချင်တယ်ရှင့်🥰
2026-10-13 04:34:43
1
☕💜k💜 :
အမှန်ပါ
2026-10-13 01:51:41
1
San Win Naing :
ဟုက်လား နေကောင်လာမမိုးသူဇာစိတ်ပူနေတဲ့
2026-10-13 09:19:28
0
❤️Ěšťěř ĂŵĕĕXũũňĝŇĩňĝ❤️ :
Followback
2026-10-13 13:13:24
1
Chitu :
ငိုလိုက်ပေါ့
2026-10-13 10:19:45
1
user11290600427 :
👌👌👌
2026-10-12 18:15:09
1
To see more videos from user @hmue.hmue8154, please go to the Tikwm
homepage.