@phoopwintaung299: အိုမန်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနက မနေ့က (အောက်တိုဘာ ၁၁ ရက်) မှာ ထုတ်ပြန်လိုက်တဲ့ အကဲဆက်ဆုံး စည်းမျဉ်းသစ် (Ministerial Decision No. 390/2026) အရ အေဂျင်စီ၊ အိမ်ရှင်နဲ့ အိမ်အကူတွေအတွက် အဓိကပြောင်းလဲသွားတဲ့ အချက်များကို အောက်ပါအတိုင်း အတိအကျ ဖော်ပြပေးလိုက်ပါတယ် မ - ၁။ အိမ်ရှင်နဲ့ အေဂျင်စီကြား ၂ နှစ် အာမခံချက် (Two-Year Service Guarantee) တရားဝင် အေဂျင်စီများမှတစ်ဆင့် အိမ်အကူ ခေါ်ယူသည့် အိမ်ရှင်များအတွက် အေဂျင်စီဘက်က ၂ နှစ်အထိ ဝန်ဆောင်မှု အာမခံချက် (Service Guarantee) ပေးရမည်ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အပြည့်အဝ စတင်ကျင့်သုံးမည် ဖြစ်ပါတယ်။ စမ်းသပ်ကာလ ကျော်လွန်သွားသော်လည်း ၂ နှစ်အတွင်း အိမ်အကူဘက်က ထွက်ပြေးခြင်း၊ အလုပ်ဆက်မလုပ်နိုင်ခြင်း သို့မဟုတ် စာချုပ်ပါ အခြေအနေများ မကိုက်ညီပါက အိမ်ရှင်က အေဂျင်စီထံမှ စာချုပ်ပါ အာမခံချက်အတိုင်း ပြန်လည် တောင်းဆိုပိုင်ခွင့်များ ရရှိမည် ဖြစ်ပါတယ်။ ၂။ အေဂျင်စီများအတွက် ရက် ၄၅ ရက် ကန့်သတ်ချက် အေဂျင်စီများသည် အိမ်အကူ ခေါ်ယူပေးရန်အတွက် ရက်ပေါင်း ၄၅ ရက်အတွင်း အပြီး ဆောင်ရွက်ပေးရပါမည်။ သတ်မှတ်ရက်ထက် ကြန့်ကြာပါက အေဂျင်စီဘက်က အိမ်ရှင်ကို လျှော်ကြေး ပေးရမည်ဖြစ်ပြီး၊ အေဂျင်စီများအနေဖြင့် အာမခံ (Mandatory Insurance) မဖြစ်မနေ ထားရှိရမည်ဖြစ်ပါတယ်။ ၃။ အိမ်အਕူ (Domestic Worker) များ ရရှိမည့် အခွင့်အရေးနှင့် အကာအကွယ်များ အိုမန်အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အသစ်မှာ အိမ်အਕူများ၏ ရပိုင်ခွင့်များကို စည်းကမ်းတကျ ပိုမို တင်းကြပ်စွာ ပြဋ္ဌာန်းထားပါတယ် - အလုပ်စာချုပ် တရားဝင်မှု: အလုပ်မဆင်းမီ မိမိနားလည်သည့် ဘာသာစကား/စာချုပ်အတိုင်း တရားဝင် ရေးသားလက်မှတ်ရေးထိုးရမည်။ လစာပေးချေမှု: လစဉ် လစာကို လကုန်ပြီး ၇ ရက်အတွင်း အပြည့်အဝ ပေးချေရမည်။ ပတ်စပို့ သိမ်းဆည်းခွင့် မရှိပါ: အိမ်အကူ၏ စာရေးသား သဘောတူညီချက်မပါဘဲ ပတ်စပို့နှင့် မသေချာ စာရွက်စာတမ်းများကို အိမ်ရှင်က သိမ်းဆည်းထားခွင့် မရှိပါ။ နားရက်နှင့် ခွင့်ရက်များ: တစ်ရက်လျှင် အများဆုံး အလုပ်ချိန် ၁၂ နာရီ (နားချိန်ပါဝင်ရမည်)။ တစ်ပတ်လျှင် ၁ ရက် နားရက် (Paid Rest Day) ပေးရမည်။ တစ်နှစ်လျှင် နားရက်/လုပ်သက်ခွင့် ၂၁ ရက် နှင့် ဆေးခွင့် ရက် ၃၀ အထိ ရရှိခွင့်ရှိသည်။ အနိုင်ကျင့်မှု တားမြစ်ခြင်း: အိမ်ရှင်ဘက်မှ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း၊ ဆဲဆိုစော်ကားခြင်း သို့မဟုတ် ဖိအားပေး အလုပ်ခိုင်းစေခြင်းများကို လုံးဝ တားမြစ်ထားသည်။ လစာ ဥပဒေအရ အကာအကွယ်: အိမ်ရှင်က ၂ လဆက်တိုက် လစာမပေးပါက သို့မဟုတ် စော်ကားနှိပ်စက်ပါက အိမ်အကူဘက်မှ ကြိုတင်အကြောင်းမကြားဘဲ စာချုပ်ကို ဖျက်သိမ်းပိုင်ခွင့်ရှိပြီး တရားရုံးစရိတ် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ #OmanMyanmar #MyanmarInOman #အိုမန်ရောက်မြန်မာများ #အိမ်အကူ #OmanDomesticWorkers
မောင့်ရဲ့ပူတူးလေး😍😍
Region: OM
Monday 12 October 2026 16:36:40 GMT
Music
Download
Comments
Love Coffee :
နံပါတ်တစ်နှစ်နှစ်အာမခံချက်ဆိုတာကဘဲပြသာနာပါအိမ်ရှင်တေကနှစ်နှစ်အတွင်းမကြိုက်ပြန်ပို့ခွင့်ရနေရင်ဒီနိုင်ငံသူဌေးတေအကြောင်းလုပ်နေတဲ့သူတေအသိဆုံးပါ
2026-10-12 18:19:10
32
⚘ᥫ᭡ 𝓜𝓮𝓮 𝓜𝓮𝓮 ᥫ᭡⚘ :
ကျန်တာလိုက်နာပီးလစာနဲ့ နားရက်ပေးရမယ့်ဟာပေးကြမှာမဟုတ်ဘူး
2026-10-13 05:36:09
19
တွယ်တာနှင်းဆီ🌹🌹🌹🌹 :
ကံကောင်းချင်းတွေရောက်ရှိလာပါစေ
အိုမန်မှာအလုပ်လုပ်နေကြတဲ့သူအားလုံးကံကောင်းချင်းတွေယူဆောင်လာပေးပါ🙏🙏🙏🙏🙏🥰🥰
2026-10-12 19:25:37
7
❤ãüñĝ.pÿãë.šõñë❤အပိုင်ဖစ်သည်😘 :
နာရက်မရဘူး တနေ့ကုန်တနာရီဘဲနာရပ့တယ်[Vergüenza][Vergüenza]
2026-10-14 11:20:40
3
(“ပြည့်”),official “Acc🪼 :
မပြန်ရသေဘူလေ11ရက်2027မှပြန်ရမှာစိတ်ညစ်လိုက်တာနော်အစကတည်းကသထေးတွေနဲ့ကအဆင်မပြေပါဘူစိုမှပြန်လွတ်ရင်အစကပြန်မလုပ်ချင်ဘူ🥺🥺🥺
2026-10-13 02:54:18
5
Nwe Nwe Soe :
လစာနဲ့နားရက်ကိုဘယ်တော့မှမပေးဘူးစိတ်ချ
2026-10-14 07:40:36
0
Linn💙🇲🇲🇴🇲🇹🇭 :
ပတ်စပိုစ်သိမ်းခွင့်မရှိဘူးပါတော့တချိူ့ကစာအုပ်လက်ထဲမရှိတာတောင်ပြေးနေကြတာပြေးဖို့ပိုမခက်တော့ဘူးထင်တယ်တချိူ့အလုပ်သမားတွေဘက်က
2026-10-13 15:09:01
0
Phyo Thander Oo :
နှစ်ပြည့်ရင်ပြန်မယ်မလုပ်ဘူး
2026-10-13 09:08:08
0
¥®Marina® ¥°{မာရီနာ}° :
ငါ့တို့ရုံးကြတော့ပတ်စပို့ဘာလို့သိမ်းထားရတာလဲ ပတ်စပို့လိုချင်ရင်မြန်မာငွေသိန်း50ရော်ရမယ်တဲ့
2026-10-14 11:36:08
0
ရှမ်းမလေး :
ဆရာရယ် ၂နှစ်မပြည့်မချင် အိမ်အကူတွေပြောင်းမယ်ဆိုတော့ မြန်မာနိုင်ငံကို ပြန်ရတော့မှာမဟုတ်တော့ဘူး ကြောက်လိုက်တာ😂😂😂😂😂
2026-10-15 08:58:20
0
🇲🇲ayelay😘🤪🤪🤪🤪🇴🇲oman :
wowကောင်းချက်ဘဲဟေ🥰🥰🥰
2026-10-12 18:45:28
0
💐🇲🇲အိမ်..🍂ပြေး.🇲🇲💐 :
တပတ်ကိုတရက်ပိတ်ရက်ကတကယါသာရရင်သိပ်ကောင်းမာပဲနော်😞တနေ့တနေ့ထမင်းစားချိန်လေးပဲထ်ုင်ရဒီကြားထဲခေါ်ခေါ်ခိုင်းသေးထိုင်စားရတာနဲပါတရ်😞
2026-10-13 19:50:56
0
Chit Thae Po :
တနှစ်ကျော်သမားတွေပါလားဟင်မသိလိုဖြေပေးပါနော်🥺
2026-10-13 06:06:23
0
𝑻,𝒀,𝑻. 🦅 ဒေါ်သဲမာလွင် 🦅 :
ဒီမူ့အတိုင်းဆို ကောင်းပါတယ်
2026-10-13 06:15:47
0
Lae Lae Khaing🍀( မအူပင်သူလေး) :
သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုတော့လိုအပ်တာထက်ပိုယူမှာပဲ ကိုယ်တေအတွက်ကတော့ဘာအခွင့်ရေးမှပေးမှာမဟုတ်ဘူး
2026-10-13 09:20:48
0
❤️.@🥰🥰🥰 :
ငါ ေတာင်သွားမ လို့လုပ်နေတာတော်တော်ပြန်စဉ်းစာရအုံမယ်
2026-10-13 04:51:11
0
Ah Htwe :
အ့လိုဆိုရင်တော့ကောင်းတာ့ပ့
2026-10-14 07:22:48
0
ကျော်သူဝင်း :
အင်မဆိုးပါဘူး အခုပေါ်လစီပြောင်းလိုက်တာ ကောင်းပါတယ် အရင်၂၀၂၄/၂၀၂၅ခုှုစ်က တော်တော်ဆိုးတယ် ၂၄ခုနစ်ကဆို အိမ်အကူတွေကို အိမ်ရှင်ယောကျ်ားကအနိုင်ကျင်ယုံမက. အဓမပြုကျင်တာတွေလဲ တွေ့ရ ကြားရတယ်
2026-10-13 15:37:18
0
𝓬𝓱𝓮𝓮𝓻𝔂 🌿🍒 :
အကိုညမပြန်တင်မယ်နော်
ညမအိုမန်ကပါရှင့်
သိရအောင်လို့ပါ
2026-10-12 21:24:55
0
❤️🔥ချစ်လွန်းသူရှိတယ်🕊️ :
ကော့မန့်ပဲဖတ်ပြီးထွက်လာခဲ့လိုက်တော့တယ်😳
2026-10-13 02:41:22
0
❤️5/❤️ :
uaeကောပါလားဟင်🥺
2026-10-13 07:28:54
0
အေးမြသော ပန်းကလေး :
ဘာမပူနဲ့ အိုမန်မှာမလုပ်ပဲနေကြတာပေါ့တစ်ခြားနိုင်ငံတွေသွားကြမယ် မြန်မာလောက်သီးခံတဲ့သူမရတော့ဘူးပေါ့ သူဌေးတွေ
2026-10-13 08:49:13
0
Chae Pae Chaw :
တကယ်အမှန်လားအလုပ်ချိန်နဲ့နားရက် သတ်မှတ်ပေးတယ်ဆိုတာဟုတယ်ဆိုရင်သိပ်ကောင်းမှာဘဲ
2026-10-13 19:04:03
0
thinthinthinnaing1 :
တစ်နှစ်လျှင်နားရက်ခွင့်၂၁ရက် လုပ်သက်ခွင့်၃၀ စာက၂နှစ်ပြည့်ရင်အိမ်ရှင်ကပေးကိုပေရမယ်လို့ဆိုလိုတာပေါ့နော် မပေးရင် ဘယ်ကိုတိုင်ရမလဲ
2026-10-13 03:06:16
0
နှင်းရတီ :
သေချာလို့လားဗျသေချာရင်ကြိက်တယ်ဗျာ
2026-10-12 19:27:52
2
To see more videos from user @phoopwintaung299, please go to the Tikwm
homepage.