@daisynaw11819: စိတ်ချမ်းသာဖို့ကလွဲရင် ကျန်တာတွေကို သိပ်မမက်မောတော့ပါ... ဘဝမှာ ဘာတွေရှိရမလဲ၊ ဘယ်လောက်အောင်မြင်ရမလဲ၊ ဘယ်သူတွေက ကိုယ့်ဘေးမှာ ရှိနေရမလဲဆိုတာထက် အခုတော့ ကိုယ့်စိတ်လေး ငြိမ်းချမ်းနေရင်ပဲ လုံလောက် ပါပြီ။ တစ်ချိန်ကတော့ မရရင်မနေနိုင်တဲ့အရာတွေရှိခဲ့တယ်။ မဖြစ်မနေ ကိုယ့်ဘဝထဲမှာ ရှိရမယ်ထင်ခဲ့တဲ့ လူတွေ လည်းရှိခဲ့တယ်။ ဒါပေမယ့် အချိန်တွေကြာလာတော့ တချို့အရာတွေကို မပိုင်ဆိုင်ရလည်း ရပါတယ်ဆိုတာ တဖြည်းဖြည်း နားလည်လာတယ်။ လူတစ်ယောက်ကို ဆုံးရှုံးရတာထက် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားတာက ပိုနာကျင်တယ်။ ဒါကြောင့် အခုကစပြီး ကိုယ့်စိတ်ကို ပင်ပန်းစေမယ့်အရာတွေကို မလိုက်တော့ ဘူး။ မတည်မြဲတဲ့အရာတွေကိုလည်း အတင်းမဆုပ်ကိုင်တော့ ဘူး။ ကိုယ့်ကိုချစ်တဲ့သူကို ချစ်မယ်၊ ကိုယ့်ကိုတန်ဖိုးထားတဲ့သူကို တန်ဖိုးထားမယ်။ မလိုအပ်တော့တဲ့နေရာကနေတော့ တိတ်တိတ်လေး နောက်ဆုတ်ပေးတတ်အောင်လည်း သင်ယူမယ်။ ဘဝကြီးက ရှည်လွန်းတယ်လို့ မထင်တော့ဘူး…… ကျန်တဲ့အချိန်လေးမှာ ဘယ်သူ့ကိုမှ မနာကျင်စေဘဲ၊ ဘယ်သူ့ကြောင့်မှလည်း ကိုယ့်စိတ်ကို မပျက်စီးစေဘဲ အေးအေးချမ်းချမ်းလေး နေသွားချင်တယ်။ နောက်ဆုံးမှာ ကိုယ်လိုချင်တာက အများကြီးမဟုတ်ပါဘူး.. စိတ်ချမ်းသာဖို့ကလွဲရင် ကျန်တာမမက်မောတော့ပါ.. ကိုယ့်ဘဝလေးကို ကိုယ်ချစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားချင်ပါပြီ။ #crd
𝓓𝓪𝓲𝓼𝔂 𝓝𝓪𝔀ᥫ᭡
Region: US
Monday 12 October 2026 17:01:21 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @daisynaw11819, please go to the Tikwm
homepage.