@jigrawng14: ဘယ်အရာပဲဖြစ်ဖြစ် လိုတာထက် မပိုပါစေနဲ့ လူတွေနဲ့ ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံတတ်တာ ကောင်းပေမယ့်လည်း ဘယ်အရာမဆို လိုတာထက် မပိုတာက အကောင်းဆုံးပါပဲ။ အချစ်ပဲ ဖြစ်ဖြစ်၊ စေတနာပဲဖြစ်ဖြစ် ၊ ဂရုစိုက်တာပဲ ဖြစ်ဖြစ် လိုတာထက် ပိုမပေးမိဖို့ လိုအပ်ပါတယ်။ လူတချို့အတွက် လိုတာထက် ပိုပေးမိရင် ပေးတဲ့အရာက တန်ဖိုးနည်းသွားတတ်ပါတယ်။ တစ်စုံတစ်ယောက်ကို လိုတာထက် ပိုဂရုစိုက်ကြည့်၊ ပိုချစ်ကြည့်လိုက်ပါ။ အချိန်တန်ရင်တော့ နောက်ဆုံး ပစ်ချသွားတာချည်းပဲ မဟုတ်လား။ ဒါက ကိုယ့်ရဲ့ချစ်ခြင်းကို စျေးပေါပေါနဲ့ တန်ဖိုးဖြတ်လိုက်လို့ပါ။ အပေါင်းအသင်း တွေကြားမှာ အားနာတတ်တဲ့ စိတ်နဲ့ အရာအားလုံးကို လိုတာထက် ပိုလုပ်ပေးကြည့်လိုက်ပါ။ မကြာပါဘူး ကိုယ်က လိုသုံးကြီး ဖြစ်သွားတာပဲလေ။ စေတနာနဲ့ လုပ်ပေးလိုက်တဲ့ လုပ်ရပ်တွေက တစ်ဖက်က တန်ဖိုး မထားတဲ့အခါ ကိုယ်ရဲ့ မာနနဲ့ သိက္ခာတွေပါ ထိခိုက်သွားတတ်ပါတယ်။ ပိုနေသမျှ အရာအားလုံးက ကိုယ့်ဘက်က စေတနာ မေတ္တာမှန်ပေမယ့် ကိုယ့်လိုမျိုး စိတ်သဘောမရှိတဲ့ တစ်ဖက်လူအတွက်တော့ အမှိုက်သာသာဖြစ်သွားတတ်တယ်၊၊ ဒါကြောင့် ဘယ်သူ့အပေါ် ကိုမှ လိုတာထက်ပို မဆက်ဆံပါနဲ့။ ပုံမှန် ဆက်ဆံရေးလောက်ပဲ ကောင်းပါတယ်။ သိက္ခာနဲ့ မာနကို ထိပါးပြီး လိုတာထက် ပိုဆက်ဆံမိလိုက်တဲ့အခါ ပြန်ရတာက မျှော်လင့်ထားသလို မဟုတ်ခဲ့ရင် ကိုယ်ပဲ ခံစားရတာပါ။ တချို့တွေက လိုတာထက် ပိုပြီးပေးလိုက်မိရင် တန်ဖိုးထားရကောင်းမှန်း မသိကြဘူးဆိုတာ ပိုသိလာရတယ်။ ကိုယ့်မေတ္တာ၊ စေတနာတွေကို စျေးပေါပေါနဲ့ တန်ဖိုးအဖြတ် မခံပါနဲ့။ ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး ဘယ်သူ့ကိုမှ လိုတာထက် ပိုပြီး မဆက်ဆံတာ အကောင်းဆုံးပါပဲ။ တကယ်တော့လည်း လူတွေအကြောင်းကို လူတွေပဲ သင်ပေးကြတာပါ။ ဒါကို သင်ခန်းစာအဖြစ် မှတ်ယူပြီး ပြင်ဆင်နိုင်မယ်ဆိုရင် သင့်တန်ဖိုးကလည်း မြင့်လာပါလိမ့်မယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ဘယ်အရာပဲဖြစ်ဖြစ် လိုတာထက် မပိုပါစေနဲ့....။ #crd_to_owner_with_respect #လူငယ်များအတွက် #ဘဝစာပေ #ဗဟုသုတစာပေ #knowledgesharing
L.Nang Grawng🇯🇵🇯🇵
Region: MM
Monday 12 October 2026 22:59:57 GMT
Music
Download
Comments
kokyawmyint :
မဂ်လာပါ[Like]ညီမလေးအားပေးနေတယ်နော်[Like][Like][Like][Like]သချင်းကောင်းတယ်ကြိုတယ်[Like][Like][Like]
2026-10-13 00:40:02
1
Pearly Pet Store :
hi
2026-10-14 01:53:22
1
🎌🎌🎌တောင်ပေါသူ🎌🎌🎌 :
အားပေး
2026-10-14 02:11:25
1
koToegyi567 lay :
ကောင်းလွန်းပါတယ်[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-10-13 16:22:54
1
💖T K💖မင်းဘူး သားလေးပါ🇲🇲💞7 :
မင်္ဂလာပါ
2026-10-13 08:48:36
1
U Minmin :
အမှန်ဘဲ
2026-10-13 09:19:00
1
Htay Htay :
ဟုတ်ပါတယ်မတန်ပါဘူ
2026-10-13 05:27:28
1
🏆 Chan AI Stories :
ရေးထားတဲ့စာထဲကလိုပဲ
2026-10-13 10:31:44
0
🇯🇵NAY MYO🇯🇵 :
အမှန်ပဲ
2026-10-13 23:03:55
1
🇯🇵Kuro Kyaw🇯🇵 :
အားပေးနေမယ်
2026-10-13 10:44:07
1
နုနု :
မဂ်လာပါမှန်ပယ်တယ်
2026-10-13 14:25:16
1
🐬🐬🐬 :
copyချပေးပါအုံးရှင့်
2026-10-13 14:05:41
1
Nan Charry :
❤️❤️❤️❤️❤️
2026-10-13 04:45:36
1
ဖိုးခွား :
2026-10-13 08:21:46
1
ဒေါ်တင်တင်သိန်း :
❤️❤️❤️❤️❤️❤️
2026-10-13 05:43:13
1
RC Ko Ko :
2026-10-13 11:49:54
1
Daw Thein Mya :
👍
2026-10-13 13:00:38
1
Poe Ei :
ကျေးဇူးပါ
2026-10-13 02:34:00
1
Ko67san67tin. :
@Claim😁Energy😳တိုက်ဆိုင်တယ်🥰ကျေးဇူးတင်ပါတယ်😂😏😅
2026-10-13 02:49:19
1
🇯🇵🇯🇵ka yu Ma🎌🎌 :
ဟုတ်တယ်
2026-10-14 12:48:18
1
Yee mon :
😁
2026-10-13 02:47:09
0
ရန်နိုင် :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-10-13 03:12:31
1
Khin Nwe Sein :
👍
2026-10-13 04:06:13
1
U Win Ko :
👍👍👍👍👍👍👍👍👍👍
2026-10-13 02:08:05
1
To see more videos from user @jigrawng14, please go to the Tikwm
homepage.