@zayartbz7news: ဒဂုံမြို့သစ်တောင်ပိုင်းတွင် ရဲစခန်းမှူး တင်နိုင်ဇော်နှင့် သတင်းပေး အေးမင်းတို့ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်၊ မုံရွာတွင်လည်း လူငယ် ၁၅ ဦးကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲဖမ်းဆီး ရန်ကုန်၊ အောက်တိုဘာ ၁၂ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ရဲစခန်းမှူး တင်နိုင်ဇော်နှင့် ရဲသတင်းပေး အေးမင်းတို့ ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းတွင် နေထိုင်သည့် ရဲသတင်းပေး အေးမင်းသည် စခန်းမှူး တင်နိုင်ဇော်နှင့် ပူးပေါင်းကာ ညစဉ် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း သိရသည်။ ရဲသတင်းပေးအေးမင်းသည် လိုင်စင်မဲ့ကားကို အသုံးပြုပြီး ညနေ ၆ နာရီဝန်းကျင်တွင် စက်ရုံများမှ အလုပ်ဆင်းပြန်လာသည့် လူငယ်များကို ၇၀ ရပ်ကွက်မှ လူမိုက်အဖွဲ့ဝင်များနှင့်အတူ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် အေးမင်း၏ တပည့်များဖြစ်သည့် အသေးလေး၊ စိုးလေး၊ အောင်ကို၊ ဆံရည်နှင့် ဝတုတ်တို့ကလည်း ဆိုင်ကယ်များဖြင့် လှည့်လည်သွားလာကာ အလုပ်ဆင်းလာသည့် လူငယ်များကို ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဟန်ဆောင်၍ လက်ထိပ်ပြကာ ဖမ်းဆီးငွေညှစ်ခြင်းနှင့် စစ်မှုထမ်းရန် လူများကို လွှဲပြောင်းရောင်းစားခြင်းများ လုပ်ကိုင်နေကြောင်း သိရှိရသည်။ ရဲသတင်းပေးအေးမင်းက ၎င်း၏ လုပ်ဆောင်မှုများသည် စခန်းမှူး တင်နိုင်ဇော်၏ ခိုင်းစေချက်အရဖြစ်ကြောင်း ပြောဆိုလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ အေးမင်းသည် နှစ်လုံးထီရောင်းချသူများထံမှ လိုင်းကြေးကောက်ခံခြင်းနှင့် ကိုယ်တိုင် နှစ်လုံးဒိုင်ကိုင်ခြင်းတို့ကိုလည်း လုပ်ကိုင်နေကြောင်း၊ လိုင်းကြေးမပေးသူများကို စခန်းမှူး တင်နိုင်ဇော်က ဖမ်းဆီးခိုင်းလေ့ရှိကြောင်း သိရသည်။ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိပါက သက်ဆိုင်ရာရဲနယ်ထိန်းများပင် မသိရှိစေဘဲ ၇၀ ရပ်ကွက်ရဲကင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ ၄၀ အထိ တောင်းခံကာ ပြန်လွှတ်ပေးကြောင်း ဒေသခံများက ပြောဆိုသည်။ ထိုသို့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြားများကို ၇၂ ရပ်ကွက်တွင် နေထိုင်ပြီး မူးယစ်ဆေးမှုဖြင့် တရားခံပြေးဖြစ်နေသူ ကြည်ပြာထံ ပြန်လည်ရောင်းချနေကြောင်းလည်း ၎င်းတို့က စွပ်စွဲပြောဆိုသည်။ တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး တင်နိုင်ဇော်က ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်သည့် ကိစ္စများအပြင် လာဘ်စားမှုနှင့် စစ်မှုထမ်းရန် လူများကို ရောင်းစားမှုတို့ဖြင့် တိုင်ကြားခံရသော်လည်း အထက်အရာရှိများက အကာအကွယ်ပေးထားကြောင်း၊ ထို့အပြင် သူ စီးနင်းနေသော လိုင်စင်မဲ့ကားကို ဓာတ်ပုံနှင့်တကွ ၅၁ လမ်း ယာဉ်ထိန်းရုံးသို့ တိုင်ကြားခဲ့သော်လည်း စခန်းမှူးက ညှိနှိုင်းပေးကာ ငွေကျပ် ၃၇ သိန်း လာဘ်ယူပြီး ကားကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းအခြေအနေများကြောင့် တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူများသည် ညနေပိုင်းအချိန်များတွင် အိမ်ပြင်ထွက်ရန်ပင် စိုးရိမ်နေရပြီး မတရားဖမ်းဆီးမှုနှင့် ငွေညှစ်မှုများကို ထပ်တလဲလဲ ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက် မိုးညှင်းသမ္ဗုဒ္ဒေဘုရားအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အလုပ်သွားမည့် လူငယ် ၁၅ ဦးကို အာဏာသိမ်းစစ်တပ်က ရိုက်နှက်ကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်း စစ်တပ်က အိမ်စီးကားများဖြင့် ရောက်ရှိလာပြီး မိုးညှင်းသမ္ဗုဒ္ဒေဘုရားအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် လူငယ်များကို ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများဖြစ်ကြောင်း ဒေသပြည်သူများက ဆိုသည်။ “အလုပ်သွားမယ့် လူငယ် ၁၅ ဦးကို စစ်တပ်က အိမ်စီးကားတွေနဲ့ လာဖမ်းသွားတာပါ။ မိုးညှင်းသမ္ဗုဒ္ဒေဘုရားအနီးက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ရိုက်နှက်ပြီး ပေါ်တာဆွဲသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေက အသက် ၂၅ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေပါ။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ထို့အတူ အောက်တိုဘာ ၁ ရက်နေ့ကလည်း မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကားများကို အသုံးပြုကာ အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသား ၂၀ ဦးကို ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။ အဆိုပါဖမ်းဆီးခံရသူများကို မုံရွာမြို့ပေါ်ရှိ အောင်ချမ်းသာဂေါက်ကွင်းအတွင်း ထိန်းသိမ်းထားပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ရွေးယူရန် ငွေညှစ်နေကြောင်း သိရှိရသည်။ လက်ရှိမုံရွာမြို့နယ်အတွင်း လူငယ်များကို အိမ်စီးကားများဖြင့် လာရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်
ZayarTBZ 7 News
Region: TH
Tuesday 13 October 2026 02:14:52 GMT
Music
Download
Comments
La Pyae Woon :
အမှန်ဘဲ တောင်ဒဂုံ အရမ်းဆိုးနေ ငွေညစ်တယ် ရဲဝတ်စုံ ဝတ်ပီး
2026-10-13 04:06:41
13
တရား ဓမ္မ🕯️ :
Sharesပေးကျပါ အရမ်းအရေးကြီးနေပြီး
2026-10-13 03:03:30
4
🧸 حافظہ صفیہ بی 🫧 :
ဟုတ်တယ်တော်တော်ဆိုးနေတယ်၁၀၆ဘက်မာ
2026-10-13 03:48:26
5
myolay :
ဟုတ်ပါတယ်သေချာပါတယ်
2026-10-13 03:59:35
4
ဧရာဝတီ :
တာ၀န်ရှိသူတွေလက်ပိုက်ကြည့်မနေပါနဲ့ပြည်ထဲရေးကိုအားကိုးပါတယ်
2026-10-13 04:58:10
2
မချယ်ရီ(Cherry RealEstate) :
မြဝတီမင်ကြီလမ်းက..၁၀၆.ရပ်ကွက်မှာရှိတာလေ
2026-10-13 06:32:51
0
✝️Nguewar✝️ :
အမှန်ပါဘဲ အမပြောတဲ့နာမည်နဲ့လူတွေကတိတိကျကျပါ ထိထိရောက်ရောက်အရေးယူပေးပါရှင့်
2026-10-13 06:09:26
1
user7570484980225 :
အဲ့လိုလုပ်တာ ကြာပေ့ါ။
2026-10-13 05:02:40
1
yaminlay :
ညီမ အမယောကျာ်း လဲပြန်မလာတာ၅ရက်ရှိပီ 😞😞😞
2026-10-13 08:06:50
0
😍Thin Zar❤️ :
တို့၁၄၀မှာလဲဆိုးနေတယ် နေ့ခင်းဘက်တောင်မထွက်ရဲဘူးဖြစ်နေတယ်
2026-10-13 07:59:26
0
Ye Myint Aung :
ဒို့တောင်ဒဂုံကတော့နာမည်ကြီးပဲ မကောင်းတဲ့နေရာမှာ
2026-10-13 07:42:18
0
Daw Tin Tin Htay :
ဒို့107ရပ်ကွက်ဧည့်စရင်းလာစစ်တာစခန်းမှူးကအရမ်းသဘောကောင်းပါတယ်မဖြစ်နိုင်းဘူးထင်တယ်107ဥက္ကထကတော့အကိုဖုံးစက်လို့ကိုတာကိုဟောက်လားဟဲလားလုပ်သွားတာကိုလဲတရေးနိုးမှသတိရတယ်ကျမကိုဘာကိစ္စနဲ့ဟောက်တာလဲဟောက်စရာမလိုဘူးပြောလိုက်ချင်တာ
စခန်းမှူးကတောသဘောကောင်းတဲ့ပုံပါကိုယ့်ကိုတောင်တရိုတသေနဲ့ပြောသွားသေးတာ
2026-10-13 06:51:56
0
Ma EiEi :
ဟုတ်တယ်
2026-10-13 07:07:48
0
နုနုခင် :
ဟုတ်တယ်တောင်ဒဂုံဟိုရက်ကထိပ်တန်းဆိုင်ရှေ့ကောင်းလေးတယောက်ကိုအတင်းအားတမကားပေါ်ဆွဲတင်ပြီးတော့ငွေညှစ်တောင်းတယ်ကြားပါတယ်
2026-10-13 05:47:18
0
Min Gyi :
ဆိုးလိုက်တာကွာ
2026-10-13 04:11:01
0
DarDar :
အမှန်ပါ😭
2026-10-13 06:14:34
0
ကိုဇင် :
အမြန်ရှင်ပေးပါ
2026-10-13 04:15:20
2
𝘽𝙖 𝙂𝙮𝙖𝙢 𝐏ʀᴇsᴇᴛ🎟️🖇📌 :
အေမင်းဆိုတဲ့ဘဲကငါတိုနားကဟ🗿
2026-10-13 04:25:27
1
Ukyawswaoo :
သိန်းငှက် တွေအခုအ တောင်ကျိုးလို့အစကဆိုမနိုင်ဘူးဗျာ
2026-10-13 04:16:09
0
ဉီးမောင်🤫 :
ဒကယ်ပါဆရာမဟုပ်တယ်သူတိုကလူအမျာကြိပါရဲနဲဖူပြိစာကျတယ်
2026-10-13 06:31:19
0
ဘကြီး ဘကြိအောင် :
သက်ဆိုင်သူလူကြီးမင်းများ..သို့
(ခုလို..OnLineမှာ တက်ပြီးသတင်းလွင့်တာလေးကိုလည်း..စုံစမ့း ဖော်ထုတ် အရေးယူဘို့လိုအပ်ပါတယ်ဗျာ)အဟုတ်ယင် မျက်ကွယ်ပြု အလိုပါဖြစ်သွားပါလိမ့်မယ်နော်😏😏😏
2026-10-13 08:02:05
0
Daw Win Myint :
ရှစ်ဆယ်သုံခေတ်တာလမ်မှာရာအိမ်မူအိမ်ရှေမှာတင်နှစ်လုံရောင်နေတာသူကိုမပေးရင်ကျန်တဲသူကိုဖမ်နေတာ
2026-10-13 06:39:24
0
Zay Yar :
ဟုတ်တယ်
ညဘက်ဆိုရဲစခန်းမူးက
မူးနေပြီ
2026-10-13 04:00:05
0
Hann Nyein :
[Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved][Laugh approved]
2026-10-13 04:23:40
0
Ma Moe Moe :
🥰🥰🥰
2026-10-13 04:01:34
1
To see more videos from user @zayartbz7news, please go to the Tikwm
homepage.