@phyuphway.1992: ဒီလောက်ရှင်းပြ ...* လမ်းညွှန်ပေးတဲ့;တရား မျိုး ... ကမ္ဘာမှာ ဘယ်ဘာသာမှာမှ မရှိဘူး ..။ " အရှင်ဘုရား ... ပြင်းထန်တဲ့ ဝေဒနာတွေ ... ကွယ်ပျောက်သွားအောင် ... ဘယ်လိုရှု့မှတ်ပါသလဲ ဘုရား " ...? ။ " သည်းခံရင် နိဗ္ဗာန်ရောက်တယ်ဆိုတဲ့ .. စကားကို ကြားဖူးတယ် မဟုတ်လား "...? " အဲဒီစကားက ... ဝိပဿနာ ရှု့မှတ်တဲ့အခါမှာ ပိုမှန်ပါတယ်.. ဝိပဿနာ ရှု့မှတ်တော့ ... နာကျင်ခံခက်တဲ့ ဒုက္ခဝေဒနာတွေ ... ပေါ်လာတဲ့အခါ ... သည်းညည်းခံပြီး ဒုက္ခသဘောကို ... သိအောင် ရှု့မှတ်နိုင်မှ နိဗ္ဗာန် ရတယ် "..။ " တရားက ... ဒုက္ခသဘော ဖေါ်ပြတာကို .. ကိုယ်က မရှု့မှတ်ချင်ဘဲ ... ရှောင်ဖယ် ရှောင်ဖယ် လုပ်နေရင် ... ဒုက္ခသစ္စာကို ဘယ်မြင်တော့မလဲ ... ဒုက္ခသစ္စာမမြင်ရင် သစ္စာလေးပါးကို .. မမြင်ဘူး မဂ်ဖိုလ် မရနိုင်ဘူးပေါ့ ...။ ဝေဒနာဟာ ရုပ်မှာ ... ပေါ်လာတယ်လို့ ထင်ရပေမယ့် ... အမှန်အားဖြင့်က ... ရုပ်က ဝေဒနာကို မခံစားတတ်ဘူး "...။ " ဒါကြောင့် …. နာကျင်တာကို ရုပ်က မသိဘူး ... ဘယ်သူကသိနေတာလဲ ဒကာကြီး "… ? " စိတ်က ... သိနေပါတယ် ဘုရား "... " ဟုတ်ပြီ.... ငါ သိတယ်လို့ မပြောနဲ့နော် ... နာကျင်ကိုက်ခဲတဲ့အထဲမှာ ... ငါ ဆိုတာ မပါ ဘူး ရုပ်နဲ့ နာမ်ဘဲ ရှိတယ် .. ရုပ်မှာ ... ဖေါက်ပြန်မှုကြောင့် ဝေဒနာ ပေါ် တယ် .. နာမ်က ... အဲဒီ ဝေဒနာကို သိတယ် ... နာတာကို ... ရုပ်က မသိဘူး နာမ်က သိနေတာ ... အဲသလို ရှုပ်နာမ်သဘောအရ ... နာကျင်ကိုက်ခဲတာ ဖြစ်ပေါ်ပြီး ... သိ သိနေတဲ့ အထဲမှာ ... ငါ ဝင်မပါရင် ငါအနေသာကြီးဘဲ ... ပွဲကြည့်ပရိသတ်အဖြစ်နဲ့ ... ဘေးက ထိုင်ကြည့်နေရုံပေါ့ "...။ " တင်ပါ့ဘုရား.... တပည့်တော်တို့က ခန္ဓာကိုယ်မှာ ... နာကျင်ကိုက်ခဲလာရင် ... အဲဒီ အကိုက်အခဲကို ကိုယ်ကိုယ်တိုင် ... ခံစားနေရတာဘဲလို့ ... ထင်မြင်မိပါတယ် ဘုရား ..." " ဒါပေါ့ ဒကာကြီး ... အစအဆုံးမထင်တဲ့ ... သံသရာ တစ်ခုလုံးမှာ စွဲမြဲလာတဲ့ "... " ငါစွဲ " ကို ... လွယ်လွယ်နဲ့ ဘယ်ဖျောက်နိုင်ပါ့မလဲ " ... " ဒါပေမယ့် … ဝိပဿ နာ ရှု့မှတ်ချက်တိုင်းမှာ ... ဖေါင်းတက်လာတဲ့ ... ဝမ်းဗိုက်က ရုပ် ရှု့သိတာက နာမ် ... ပိန်ကျသွားတဲ့ ... ဝမ်းဗိုက်က ရုပ်၊ မှတ်သိတာက နာမ် ... နာကျင်ကိုက်ခဲမှုဖြစ်အောင် ... ဖောက်ပြန်တာက ရုပ် ... ဝေဒနာကို သိနေတာက နာမ် " ... " အဲသလို ... အထပ်ထပ်အဖန်ဖန် ရှု့မှတ်နေတဲ့ အခါ .. ရုပ်နဲ့နာမ်ကို ပိုင်းခြားပြီးသိလာတဲ့ ... " နာမရူပပရိစေဒဉာဏ် " ... ဖြစ်ပေါ်လာတယ် ဒကာကြီး " ....။ " ဒါကြောင့် … ဝေဒနာပေါ်လာရင် မလွှတ်နဲ့ ... ဒုက္ခသစ္စာ ဖေါ်ပြတာဘဲလို့ ... သဘောပိုက်ပြီး ဝမ်းမြောက်ဝမ်းသာ .. ဝေဒနာကို ရှု့မှတ်ရမယ် ".... " ကျားကြီးက သားကောင်ကို ... ဖမ်းပြီးရင် မလွတ်တမ်း ခဲထားသလို ... ဝေဒနာကို မလွတ်တမ်း ... စွဲစွဲမြဲမြဲ ရှု့မှတ်ရမယ် ဒကာကြီး " ...။ " ဝေဒနာကို သည်းခံနိုင် ... ကျော်လွန်နိုင်ပါမှ ဣရိယာပုတ္တို ... မပြောင်းဘဲ ကြာကြာ ရှု့မှတ်နိုင်ပေမယ် ".. ကြာကြာရှု့မှတ်နိုင်ပါမှ ... သမာဓိ မြင့်တက်လာ မယ် ....။ သမာဓိ မြင့်တက်လာပါမှ . . ဝိပဿ နာ ဉာဏ်စဉ်များ ... အဆင့်ဆင့် ဖြစ်ပေါ်လာပါမယ် " ....။ " ဝေဒနာကို ... နိုင်အောင် ရှု့မှတ်မှ ဟန်ကျမယ် " ... " မရှု့.... မှတ်နိုင်သေးရင် ဆက်ပြီး ကြိုးစားကြ " ...။ ( မဟာစည်ဆရာတော်ကြီး ) အစဉ်လေးစားလျှက် ... ( လမင်း ) #တရားအသိဖြင့်ဘဝတွေအေးချမ်းကြပါစေ🙏🙏🙏

Phyu Phway
Phyu Phway
Open In TikTok:
Region: MM
Tuesday 13 October 2026 02:24:59 GMT
2992
416
12
33

Music

Download

Comments

u.s.m63
U S M :
မဟာစည်ဆရာတော်ကြီး၏အသံပါ။
2026-10-14 01:40:25
0
31361245401
Ko Htike998 :
မဟာစည်ဆရာတော် လား အစ်မ
2026-10-13 13:39:21
0
ko.soe.moe.aung573
ဂျိုးဖြူ :
သာဓုသာဓုသာဓုသာဓုသာဓုသာဓုပါဘုရာ း
2026-10-13 08:01:06
0
kyawsaing884
ဦးကျော်ဆိုင် :
2026-10-13 06:08:16
1
u.myint.oo3358
U Myint Oo :
🙏🙏🙏
2026-10-13 08:04:25
0
user5755850323519
ဂျူး :
2026-10-15 03:27:27
0
kyawnaing36521
ပKyaKyawnaning :
2026-10-13 03:40:17
0
tiktok.comthuya3
Thu Ya :
🤗🤗🤗
2026-10-13 03:06:40
1
barbertzk
💈Barber💈TZK :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-10-13 02:41:05
1
mama99269
SaiSaiSai :
😘😘😘
2026-10-13 22:47:19
0
swanhtet3755
swanhtet3755 :
🙏🙏🙏
2026-10-13 02:28:51
1
ko.kyaw.htwe270
Ko Kyaw Htwe :
🥰🥰🥰🥰🥰
2026-10-13 06:34:55
1
To see more videos from user @phyuphway.1992, please go to the Tikwm homepage.

Other Videos


About