@7631thae: "အိမ်ထောင်ပြုတာ နောင်တရလားလို့ မေးလာရင်အရမ်းရိုးရိုးလေး နောင်တရတယ်လို့ ပြန်ဖြေချင်တဲ့နေ့တွေရှိတယ်" မချစ်လို့ မဟုတ်ဘူး မကြိုးစားခဲ့လို့လည်း မဟုတ်ဘူး တကယ်တော့ မိန်းမသားခံစားချက် ကြိုးစားလွန်းလို့ပဲ ပင်ပန်းသွားတာ နားလည်ပေးလွန်းလို့ပဲ ကိုယ့်ကိုယ်ကို မနားလည်နိုင်တော့တာ အမြဲတမ်းအဆင်ပြေပါတယ်လို့ ပြောနေခဲ့ပေမယ့် အဆင်မပြေတဲ့နေ့တွေက ပိုများနေခဲ့တယ် ။ တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်အောင် လုပ်ပေးဖို့ထက် တစ်ယောက်တည်းပဲ သယ်ဆောင်နေရတဲ့ခံစားချက်တွေကပိုများလာတယ် ။ အိမ်ထောင်ရေးဆိုတာ အပေါ်ယံမြင်ရသလို လှပမနေဘူး နေ့စဉ်ဘဝထဲမှာ စိတ်ပင်ပန်းမှုတွေ ၊ မပြောနိုင်တဲ့နာကျင်မှုတွေ တဖြည်းဖြည်း စုလာတတ်တယ် ။ ပြောချင်တဲ့ စကားတွေရှိပေမယ့် ပြောရင်လည်း၊မနားလည်ပေးဘူးဆိုတာ သိလာတော့နောက်ဆုံးမှာမပြောတော့ပဲ တိတ်သွားတယ် ။ မငိုတော့တာက မနာတော့လို့ မဟုတ်ဘူး ငိုနေလည်း ဘာမှမပြောင်းလဲဘူးဆိုတာ လက်ခံလိုက်ရလို့ပါ ။ တစ်ခါတလေ ကိုယ်ရွေးခဲ့တဲ့ လမ်းကို ကိုယ်တိုင်ပဲ ပြန်မေးကြည့်ရတဲ့အချိန်တွေရှိတယ် ။ ဒီလိုဘဝကိုပဲ တကယ် လိုချင်ခဲ့တာလား လို့ ဒါပေမယ့် ပြန်လှည့်လို့ မရတော့တဲ့ အချိန်မှာ နောင်တရခြင်းကိုလည်း တိတ်တိတ်လေးပဲ သယ်ဆောင်နေတတ်တယ် ။ အပြင်လောကမှာတော့ အဆင်ပြေသလိုပဲ နေပြရတယ် အတွင်းစိတ်ထဲမှာတော့ တစ်နေ့ထက်တစ်နေ့ ပိုပင်ပန်းလာတယ် နောင်တရတယ်လို့ ပြောချင်ပေမယ့် ဘယ်သူ့ကို ပြောရမှန်းမသိဘူး နားလည်ပေးမယ့် သူမရှိတဲ့အခါ အဲ့ဒီနောင်တကကိုယ်တစ်ယောက်တည်းပဲ သိနေတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်သွားတယ် ။ တကယ်တော့ အိမ်ထောင်ပြုတာကို နောင်တမရချင်ခဲ့ပါဘူး ဒါပေမယ့် အဲ့ဒီအိမ်ထောင်ရေးထဲမှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားရတာကိုပဲ နောင်တရနေမိတာပါ.....။ credit soewinkyaw-content creator (မင်းပြား) #HealthyMarriage #MarrigeRespect #fypシ゚viral🖤tiktok #knowledgesharing
♥Thae♥
Region: MM
Tuesday 13 October 2026 02:55:23 GMT
Music
Download
Comments
🙈>..<🙈 :
နောင်တရတာပေ့..
ကလေးတစ်ယောက်ရင်မှာပိုက်ဘယ်လမ်းကိုလျှေက်ရမလဲဖစ်နေတယ်အချိန်တွေဘာလုပ်စားရမလဲငါဘာလုပ်ရမှာလဲအရမ်းပင်ပန်းတယ်..
2026-10-15 03:22:35
8
သက်ကလယ်မိန်းမချစ်မဝ🥰 :
ကိုယ်လေ
ပြန်ပြင်စဥ်ခွင့်ရှိရင်
ဒီလိုဘဝထဲကရုံးထွက်ချင်တယ်
တစ်ခါတစ်လေဟန်ဆောင်ပြီးပြုံးနေရတာတောက်မပျော်ဘူးလေ🥺🥺🥺🥺🥺
2026-10-16 12:01:16
2
Ñàñ Kĥámmo :
😔နောက်ပြန်ဆုတ်လို့ရရင်သိပ်ကောင်းမာပဲ😊
2026-10-16 02:49:36
1
Mee Khaing :
နောင်တအရဆုံးဆို အိမ်ထောင်ပြုမိတာပါပဲ ဒါပဲမယ့် ကို့သဘောနဲ့ကိုယူခဲ့မိတာဆိုတော့ မကောင်းလဲခံ ကောင်းလဲဆန်ပေါ့ ပြန်ပြင်ဆင်ခွင့်မရှိတော့ဘူးလေ😥
2026-10-14 06:30:44
7
😘 may thu aung 🥰 :
အိမ်ထောင်ပြုမိဒါအရမ်းမှားနောင်တလည်ရတယ်😔😔😔😔
2026-10-15 17:15:07
1
Hlaing🌻Mar🌻Htay🌻🛵 :
ရေးထာတဲ့စာသားအကုန်ကိုက်ညီနေတဲ့ငါ😢
2026-10-15 20:52:40
1
😘😘😘 :
သိပ့်မှန်တယ် နောင်တရတယ်
2026-10-15 13:47:21
2
siyao💘💘💘 :
နောင်တရဘူး[Heartwarming][Heartwarming]
2026-10-15 17:44:08
1
Thu Zar Moe :
ဟုတ်ပါတယ်..
သူနဲ့ယူရလို့တော့မဟုတ်ဘူး
သူနဲ့ပတ်သက်တဲ့သူတွေနဲ့မပတ်သက်ချင်လို့
2026-10-16 08:30:07
1
Xia Yan🎀 :
စာသားလေးယူသုံးမယ်ရှင့်
2026-10-15 18:34:53
1
Baby Shoon Shoon အထည်ဆိုင် mdy :
အိမ်ထောင်သည်ဘဝကထင်သလောက်မလွယ်ဘူးနော်😅🥰
2026-10-15 05:12:55
1
Thant Lay⭐⭐ :
ယူသုံးမယ်နော်စာသားလေး🥰
2026-10-15 05:09:11
1
💗Z💖.M💓.N💕💞💖 :
😳😳😳
2026-10-13 11:59:43
1
Baby Arkar Myint Myat :
ကူးယူပါရစေရှင့်☺️
2026-10-15 06:30:43
1
ŸÀĐĂÑÅŘ (မြန်အောင်သူလေး) :
မမရေစာသားလေးcopyယူပြီးပြန်တင်မယ်နော် crdပေးပါတယ်🥰
2026-10-15 03:26:19
1
အချစ်ကလေးမေမေ🌻 :
လှလိုက်တာ ညီမလေးရယါ
2026-10-14 13:09:37
1
💖💖🇲🇲 Chocolate 🇲🇲💖💖 :
ချစ်တာ်နော် မိန်း
2026-10-14 12:45:43
1
Aung Kyuaw Htet :
ဟုလား
2026-10-13 10:24:25
1
🦷💊 May Me 🦷💊🤍🤍🤍 :
အရမ်းမှန်တာပဲကိုယ်ကိုပြောက်ဆုံးနေပြီ🥺🥺🥺
2026-10-13 13:18:33
1
MMT🇨🇳 :
ညီမလေးစာသာလင့်လေးပေပါလာ🥰🥰
2026-10-14 07:48:16
3
🍑𝓐𝓱 𝓗𝓷𝓲𝓷🍑🤰မဗိုက်လေး🤰 :
ယူသုံးချင်တယ်ရှင်စာသားလေး
2026-10-14 23:49:39
1
chocho :
စာသားလေးယူသုံးမယ်နော်အမ🥰
2026-10-14 06:14:04
1
🥰🥰ထက်ပြည့်လေးရဲ့🥰🥰မေမေ🥰🥰 :
ကော်ပီးယူသုံးမယ်နော်🥰
2026-10-15 08:02:49
1
DawYoon :
ဟုတေမမရယ်ဝဠ်ကျွေးဆိုကျေချင်လှပိ
2026-10-14 12:46:07
2
☃️❄️Locy❄️☃️ :
စားသားလေးလင့်ပေးပါလား
2026-10-14 09:19:10
1
To see more videos from user @7631thae, please go to the Tikwm
homepage.