@dawwinwinthant4: ဧည့်သည် လူသားမှန်သမျှ ဤလောကထဲသို့ ခေတ္တခဏသာ ရောက်လာပြီး အချိန်တန်သောအခါ ဤလောကမှ ပြန်လည် ထွက်ခွာရမည့် လောက၏ ဧည့်သည်များချည်း ဖြစ်ပါ၏။ ဤသို့ လောကဧည့်သည်အဖြစ် မွေးဖွားပြီးချိန်မှ တိမ်းပါးချိန်အထိ နေရစဉ် ကာလအတွင်း ဧည့်သည်ကောင်း အဖြစ် နေထိုင်သွားသူတို့ရှိသလို ဧည့်သည်ဆိုးအဖြစ် နေထိုင်သွားသူတို့လည်း ရှိပါ၏။ ဧည့်သည်ကောင်းအဖြစ် နေထိုင်သူတို့က စွမ်းနိုင်သမျှ လောကကို အလှဆင်လိုသူတွေ ဖြစ်သည်။ သူ့ကို အကြောင်းပြု၍ သူတစ်ပါးတို့၏ အခက် အခဲတွေ လျော့ပါးစေလိုသူတွေ ဖြစ်သည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခတွေကို နည်းပါးသွားစေလိုသူတွေ ဖြစ်သည်။ သူတစ်ပါးတို့၏ နေ့စဉ်လူမှုဘဝ လိုအပ်ချက် တွေကို စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးလိုသူတွေ ဖြစ်သည်။ သူတို့၏ နှလုံးသား၌ ဒုက္ခခံစားနေရသော ဆင်းရဲနွမ်းပါးနေသော လူသားတွေအပေါ်မှာ မထားရ မနေနိုင်သော ကရုဏာတရား ပြည့်လျှံ နေပါသည်။ လောက၏ ဧည့်သည်အဖြစ် လူ့ဘဝ ခဏတာ ကာလတိုတိုကလေးကို ဖြတ်သန်းစဉ် အခိုက် တွင် ကုသိုလ်ကောင်းမှုကို ရသမျှပြုပါ။ ကုသိုလ်ကောင်းမှုတို့ဖြင့် ထုံမွမ်းဖန် များလာ သော စိတ်နှလုံးသည် ကြည်ကြည်လင်လင် ရှိလာမည်။ မိမိ၏ ကိုယ်ကျင့်သိက္ခာအပေါ် ယုံကြည်မှု မြင့်မားလာမည်။ စိတ်ဓာတ်ခွန်အား ရင့်ကျက်တိုးပွားလာမည်။ စိတ်နေစိတ်ထား မြင့်မားနူးညံ့လာမည်။ ဘဝတစ်ခုသည် ကိန်းဂဏန်းမဲ့သော သုညတစ်လုံး ဆိုပါစို့။ ထိုဘဝထဲသို့ ကောင်းမှုကုသိုလ် ထည့်လိုက် သော် အပေါင်းလက္ခဏာ ဆောင်သွားပေလိမ့် မည်။ မကောင်းမှု အကုသိုလ် ထည့်လိုက်သော် အနုတ်လက္ခဏာ ဆောင်သွားပေလိမ့်မည်။ 🙏🙏🙏 #foryou #♥fpyツtiktok♥ #အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်♥

🐘🌺မြောက်ပိုင်းသူ🌺🐘
🐘🌺မြောက်ပိုင်းသူ🌺🐘
Open In TikTok:
Region: MM
Tuesday 13 October 2026 05:09:13 GMT
334
67
9
1

Music

Download

Comments

mylovemoe17
Love? TLH :
2026-10-13 13:23:46
1
kyaw.win.oo71
J MÊ :
J. me❤️
2026-10-13 10:06:26
1
chit.thu.mg259
ချစ်သူ မောင် :
2026-10-13 05:38:46
1
kyawkopwz17
U Kyaw :
❤❤❤
2026-10-13 13:06:17
1
To see more videos from user @dawwinwinthant4, please go to the Tikwm homepage.

Other Videos


About