@nora03384: စာဖတ်ပါ📖📖📖📖📖သူငယ်ချင်းတို့ရေ အတွေးခေါ်ကောင်းတွေ ရှိနေပါလျက်နဲ့ ဘယ်လို ဖွင့်ထုတ်ရမလဲ မသိဖြစ်နေတဲ့အခါ စာဖတ်ပါ......။ အကောင်းဆိုး အကြောင်းကျိုးကို ဝေခွဲမရ ဖြစ်နေတဲ့အခါ စာဖတ်ပါ......။ အခက်ခဲတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရပြီး ကျော်ဖြတ်ရန် တွေဝေနေတဲ့အခါ စာဖတ်ပါ.....။ အမြင့်ကိုတက်နိုင်ရန် ခွန်အားတွေရှိနေပါလျက်နဲ့ ဘယ်ကစတက်ရမယ် ဆိုတာ မသိဖြစ်နေတဲ့အခါ စာဖတ်ပါ......။ အချစ်က ဘ၀ကိုဖဲ့စားသွားလို့ ပြန်လည် ဖာထေးဖို့ အကြံဉာဏ်တွေလိုအပ်နေတဲ့အခါ စာဖတ်ပါ.....။ တစ်ယောက်တည်း အထီးကျန်ဆန်သလို ခံစားနေရတဲ့အခါ စာဖတ်ပါ.....။ ခံစားရတဲ့ဝေဒနာတွေကို ဘယ်သူ့မှထုတ်ဖော်ပြလို့မရပဲ စိတ်ဓာတ်ကျဆင်းနေတဲ့အခါ စာဖတ်ပါ......။ သူတို့တွေဘာကြောင့် အောင်မြင်နေသလဲဆိုတာ သိချင်လာပြီး ငါလည်း အောင်မြင် ချင်လိုက်တာလို့ တွေးမိတဲ့အခါ စာဖတ်ပါ.....။ မိမိရဲ့ စိတ်ဝိဉာန်တွေ ထိန်းလို့မရအောင်ပျံ့လွင့်နေတဲ့အခါ စာဖတ်ပါ.....။ ဘယ်လိုအကြောင်းရာတွေပဲတိုက်ခိုက်လာပါစေ မိမိက စာပေဗဟုသုတ ပြည့်၀တဲ့လူတစ်ယောက်ဆိုရင်…… အရာတိုင်းကို အေးချမ်းစွာ ဖြတ်သန်းနိုင်မှာ သေချာပါတယ်။ အလုပ်တွေမအားလို့ စာဖတ်ဖို့အချိန်မရပါဘူးဆိုတဲ့ ဆင်ခြေစကားဟာ လူဖျင်းတွေရဲ့ လက်သုံးစကားဖြစ်တယ်။ သူတို့တွေဘာကြောင့် ထိပ်တန်းရောက်နေကြသလဲဆိုရင် အခြေခံအုတ်မြစ်က စာ ပေဗဟုသုတ များခဲ့လို့ပါ။ စာဖတ်တဲ့လူတိုင်းက လူလိမ္မာ သူတော်ကောင်းလို့ မဆိုလိုပေမဲ့ လူလိမ္မာ သူတော် ကောင်းတိုင်း စာဖတ်ကြတယ်။ စာဖတ်အားကောင်းလာတာနဲ့ လူတစ် ယောက်ဟာ ပြဿ နာတစ်ခုခုကြုံခဲ့ တယ်ဆိုရင်တောင် မိမိစိတ်က ဦးနှောက်ကို သတိပေးတတ်တယ် ပြောသင့်၏၊ မပြောသင့်၏၊ လုပ်သင့်၏ မလုပ်သင့်၏ ဆိုတဲ့ သတိလေးက ကပ်ပါလာတော့ အမှားနည်းလာတာကို သိရမှာပါ။ လူတစ်ယောက်ကို အဓိက လုပ်ဆောင်တာက စိတ်ပါ အဓ်ိက ကျတဲ့ စိတ်ကို အစာကျွေးခြင်းကတော့ စာဖတ်ခြင်းပါပဲ....။ စာဖတ်တာများလေလေ စိတ်ကအားကောင်းလာလေ စိတ်က အားကောင်းလာလေ လူကလုပ်ဆောင်ရည်ပိုမြင့်တတ်လာလေပါပဲ....။ ဒါကြောင့် စာဖတ်ပါ....။ အခမဲ့ စာဖတ်ပါ....။ လူတောတိုးရတဲ့အခါ စာဖတ်သူနဲ့ စာမဖတ်သူက အရမ်းကွာခြားသွားပါတယ်။ စာဖတ်ပြီး ဗဟုသုတ ကြွယ်၀တဲ့လူဟာ ဘယ်လို ပညာရှိတွေနဲ့ပဲ တွေ့ကြုံရပါစေ အမြဲတမ်းခေါင်းမော့လျက်ပါပဲ မိမိကိုယ်ကို ယုံကြည်မှုအပြည့်၀ရှိတယ်။ စာမဖတ်တဲ့လူကတော့ အလိုလို သိမ်ငယ် နေရတတ်တယ်။ ဒါကြောင့် မိမိရဲ့ အချိန်တွေထဲက စာဖတ်ချိန်လေးတော့ နည်းနည်းခွဲပေးလိုက်ကြပါ.....။ @MKစာအုပ်ဆိုင်(Singapore)🇸🇬🙏 @🇲🇲MKမာတာမိခင် 🇸🇬📚📖✨ #sharingmythoughts #yourlifeisyours #motivation #mkbookstore

Nora's Corner🇲🇲📚📖🇸🇬
Nora's Corner🇲🇲📚📖🇸🇬
Open In TikTok:
Region: SG
Tuesday 13 October 2026 05:29:27 GMT
992
65
2
3

Music

Download

Comments

usermaykyi1973
usermaykyi1973 :
[Heartwarming][Twin hearts][Heartwarming][Twin hearts][Smile]
2026-10-13 13:55:45
0
usezarzar56
page.Zar.Fbcom :
ဟုတ်
2026-10-13 13:17:11
0
To see more videos from user @nora03384, please go to the Tikwm homepage.

Other Videos


About