@heartarharya.dhammapuzar: အပိုင်း (၃) ဤခန္ဓာကိုယ်တွင် ... "ဖောက်ပြန်သဘော၊ သိသဘော" ဟူ၍ နှစ်မျိုးသာ ရှိသည်။ ထို ဖောက်ပြန်သဘော, သိသဘောမှ လွဲ၍၊ မည်သည့် ပုဂ္ဂိုလ် သတ္တဝါ၊ ငါ သူတပါး၊ ယောင်္ကျား မိန်းမ ဟူ၍ လုံးဝ မရှိကြောင်း မိမိစိတ်တွင် သဘော ပေါက်သွားလျှင်၊ ယုံကြည်ချက် ခံယူချက် ပြည့်ဝစွာ လက်ခံ ထားနိုင်လျှင်... အဆိုအားဖြင့်... "ရုပ်,နာမ် ကွဲပြီ" ၊ သဘောအားဖြင့်.."ဝိပဿနာ ရှုရန် အခြေခံ ရသွားပြီ" ဟု, ဆိုလိုသည်။ ဤ အဆိုအရ, ဝိပဿနာ တရား အားထုတ်ရန်မှာ... ရှေးဦးစွာ ရုပ်,နာမ် ကွဲဖို့ လိုအပ်ပါတယ်။ မိုးကုတ် ဆရာတော်ဘုရား မှ ... ဝိပဿနာ ရှုမှု နောက်ထား၊ ဒိဌိဲပြုတ်မှု ရှေ့ထား ဆိုတာကလဲ ရုပ်,နာမ် ကွဲအောင် လုပ်ပါဆိုတာနဲ့ သဘောအားဖြင့် အတူတူ ပါပဲ။ ဒိဌိ အရင်ဖြုတ် ဆိုတာ ဘာပြောတာလဲ ? ဝိပဿနာ မရှုခင်မှာ "နာမရူပပရိစ္ဆေဒဉာဏ်" နဲ့ "ပစ္စယပရိဂ္ဂဟဉာဏ်" နှစ်ပါးကို ရအောင် လုပ်ထားပါလို့ ပြောလိုက်တာပါပဲ။ ဒီနေရာမှာ အလျှင်းသင့်လို့ "နာမရူပပရိစ္ဆေဒဉာဏ်" အကြောင်း နဲနဲ ရှင်းပြချင်ပါတယ်၊ "နာမရူပပရိစ္ဆေဒဉာဏ်" ဆိုတာ... နာမ်နဲ့ ရုပ်ကို ပိုင်းပိုင်းခြားခြား သိတဲ့ ဉာဏ်ဟာ, "နာမရူပပရိစ္ဆေဒဉာဏ်" ပါ။ ပိုင်းပိုင်းခြားခြား သိတယ်ဆိုတာက ပညတ် မပါပဲ, ပရမတ်သက်သက်ကို သိတဲ့ ဉာဏ်လို့ ဆိုလိုပါတယ်၊ ပုဂ္ဂိုလ် သတ္တဝါ မပါပဲ, ရုပ်ဓမ္မ နာမ်ဓမ္မ သက်သက် အပေါ်မှာ ရှင်းရှင်းလင်းလင်း နားလည်တဲ့ဉာဏ်ပါ။ အဲဒီ ဉာဏ်ဟာ နာမရူပပရိစ္ဆေဒဉာဏ်ပါ။ ဒီလောက်ဆိုရင် ... ရုပ်,နာမ် အကြောင်း သိကောင်းစရာ စုံလောက်ပါပြီ၊ Review ပြန်ရရင်... ဖောက်ပြန်တဲ့ သဘောက "ရုပ်"၊ သိတဲ့သဘောက "နာမ်"။ ကြည့်ရတာ လွယ် သလိုလိုပဲနော်၊ မလွယ်ပါဘူးနော်၊ ကျွန်တော်တို့ ဒီနေရာမှာ 'ထစ်' ခံနေကြရတာ၊ ဒါကြောင့်လဲ ဒီအကြောင်း ရေးဖြစ်တာပါ။ ရုပ်,နာမ် ကို စိတ်ဝင်တစား လေ့လာသွားမယ် ဆိုရင်တော့... နာမ်နဲ့ ရုပ်ကို ပိုင်းပိုင်းခြား သိသွားနိုင်ပါပြီ၊ အဲဒါဆိုရင်, "နာမရူပပရိစ္ဆေဒဉာဏ်" ရပါပြီ။ "နာမရူပပရိစ္ဆေဒဉာဏ်" နဲ့ "ပစ္စယပရိဂ္ဂဟဉာဏ်" ဒီနှစ်ဉာဏ်ရရင် 'စူဠသောတာပန်' လို့ စာက ဆိုထားပါတယ်။ ဓမ္မမိတ်ဆွေများ တရားထူး ရကြပါစေ..။ ( အမှား တွေ့ရှိက ပြုပြင်ပေးကြပါ သူတော်ကောင်းကြီးများခင်ဗျား ) ဓမ္မပူဇော်သူ Tun Oo

နှလုံးသားအာဟာရ Dhamma Channel
နှလုံးသားအာဟာရ Dhamma Channel
Open In TikTok:
Region: JP
Tuesday 13 October 2026 08:38:42 GMT
11934
1687
49
91

Music

Download

Comments

shane9300
Shane Nanda :
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့် ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။ အဝိဇ္ဇာနှင့် တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန် ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ - သိကြား၊ စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တဝါတို့၊ ဖြစ်လာရမှု၊ မဟုတ်ဟု၊ ဉာဏ်ဖြင့်ရှု၍ မျှော်။
2026-10-13 13:20:58
4
akiraakiraakira247
akiraakiraakira247 :
တရားစကားနေ့တိုင်းကြား စိတ်ထားဖွေးလက် သိဉာဏ်ထက်၏
2026-10-13 14:47:20
1
dawhla13
Daw Hla :
🙏🙏🙏🙏🙏
2026-10-13 13:56:03
1
user14423938130922
user1442393813092ဦးသက်နိုင် :
🙏🙏🙏
2026-10-13 23:18:40
1
win.kyi133
Win Kyi :
သာဓုသာဓုသာဓု
2026-10-14 22:39:19
0
u.htay0199
U HTAY :
သာဓု သာဓု သာဓူ ပါ။😂
2026-10-13 19:17:02
1
kiss39402
kiss :
🙏🙏🙏🙏🙏🎉🎉🎉🎉🎉
2026-10-13 13:21:50
1
dawtheingitun0
Daw Theingi Tun :
2026-10-14 23:39:10
0
koaungkomyat2
လက်ကီး ရာဇာ :
မှန်လှပါဘုရား🙏🙏🙏🙏🙏💐💐💐🌹🌹
2026-10-14 04:09:34
0
shin.thant.phyu477
Shin Thant Phyu :
2026-10-14 06:57:49
1
kokolinn385
kokolinn385 :
🙏🙏🙏
2026-10-14 03:26:02
0
u.khaing.oo6
U Khaing Oo :
2026-10-13 15:10:30
1
user9321274243376
ptk :
သာဓုသာဓုသာဓုပါ ဘုရား
2026-10-14 07:32:15
1
khin.khin3579
khin khin :
မှန်လှပါ..အရှင်သူမြတ်ကြီးဘုရား 🙏🙏🙏🙏🙏..
2026-10-13 15:00:25
1
aung.san.lin812
Aung San lin :
[Pray][Pray][Pray]
2026-10-14 05:39:21
1
blcck50
၁၃/retr got :
[Pray][Pray][Pray]
2026-10-13 14:13:02
1
yarzarwin.yarzarw
အနိစ္စ ဒုက္ခ အနတ္တ :
[Pray][Pray][Pray]
2026-10-13 12:38:49
1
myakaythwe52
Mya Kay Thwe :
[Pray][Pray][Pray]
2026-10-13 14:34:16
1
ko58417
🤓kixx👾 :
🙏🙏🙏
2026-10-13 12:34:37
1
waismile67
Wai Pyone :
🙏🙏🙏
2026-10-14 00:09:57
1
user922521987
Win Win :
🥰🥰🥰
2026-10-13 16:11:07
1
maw.kham78
Maw Kham :
🙏🙏🙏
2026-10-13 09:44:58
1
pol.thar7
STAR :
🙏
2026-10-13 18:19:32
1
aungkyawlinn041
Aungkyawlinn :
🙏🙏🙏
2026-10-14 05:28:16
1
ko.mg6774
ko ko :
🙏🙏🙏
2026-10-14 03:33:54
1
To see more videos from user @heartarharya.dhammapuzar, please go to the Tikwm homepage.

Other Videos


About