@hmue.hmue8154: မိန်းကလေးတစ်ယောက်ရဲ့သံယောဇဉ်ကကြောက်ဖို့ကောင်းတယ်… ဆရာမဂျူးရဲ့ "ပင်လယ်နှင့်တူသော မိန်းမများ" ထဲမှာ ရေးထားဖူးတဲ့ စာသားလေးတစ်ချက်က မိန်းမသားတွေရဲ့ အချစ်ကို အမိအရ ဖွင့်ဟပြနေသလိုပဲ... "မိန်းကလေးတစ်ယောက်ရဲ့ သံယောဇဉ်က တကယ်ကြောက်ဖို့ကောင်းတယ်တဲ့… လူတစ်ယောက်ကို နှလုံးသားထဲမှာ တစ်ခါ‌လောက်ပဲ နေရာပေးမိရင်တောင် ဘယ်တော့မှ ပြန်ထုတ်လို့ မရတော့ဘူးတဲ့… မိန်းမသားတစ်ယောက်ရဲ့ သံယောဇဉ်ဆိုတာ ခလုတ်နှိပ်ပြီး ပိတ်လိုက်၊ ဖွင့်လိုက် လုပ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး… သူတို့က လူတစ်ယောက်ကို အလွယ်တကူ နှလုံးသားတံခါး ဖွင့်မပေးတတ်ကြပေမဲ့... တကယ်ကို တစ်ခါလောက်ပဲ၊ စိတ်ချလက်ချနဲ့ နေရာပေးမိလိုက်ပြီဆိုရင် အဲ့ဒီလူဟာ သူတို့ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတတ်ကြတယ်… အဲ့ဒါကြောင့်ပဲ ကြောက်ဖို့ကောင်းတယ်လို့ ပြောတာပေါ့… အချိန်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ အခြေအနေတွေ ဘယ်လိုပဲ ခြားနားသွားပါစေ နှလုံးသားထဲမှာ တစ်ခါက အမြစ်တွယ်သွားခဲ့တဲ့ အဲ့ဒီသံယောဇဉ်ကို ဘယ်လိုနည်းနဲ့မှ ပြန်နုတ်ထုတ်လို့ မရတော့ဘူး… ဘယ်လောက်ပဲ မေ့ပစ်ဖို့ ကြိုးစားကြိုးစား အပြင်ပန်းမှာ ဘယ်လောက်ပဲ ပြတ်သားပြနေပါစေ အတွင်းစိတ်ထဲမှာတော့ တစ်ခါက ပေးခဲ့ဖူးတဲ့ သံယောဇဉ်ရဲ့ နေရာလေးက အမြဲတမ်း သီးသန့်ရှိနေစမြဲပဲ… မိန်းမသားတို့ရဲ့ အချစ်နဲ့ သံယောဇဉ်က တကယ်ပဲ ပင်လယ်လို.အေးချမ်းနေချိန်မှာ ကြင်နာတတ်သလောက်၊ နက်ရှိုင်းလာတဲ့အခါမှာတော့ ကိုယ်တိုင်လည်း ရုန်းမထွက်နိုင်တော့တဲ့အထိ ကြောက်ဖို့ကောင်းအောင် အချစ်ကြီးတတ်ကြတာပါပဲ... #crd #fyp #foryou #forpage #tiktok

💌H🍂
💌H🍂
Open In TikTok:
Region: MY
Tuesday 13 October 2026 11:59:31 GMT
7518
492
11
38

Music

Download

Comments

cying.guitye
Cying Guitye :
စာသားရေးပြ please
2026-10-13 12:04:44
1
min.htut.soe0
min htut soe :
nice
2026-10-13 15:45:28
1
ayenwe7120
Aye Nwe :
ခုထိမဖြတ်နိုင်သေးဘူးသူ့ပေါ်ထားတ့ဲသံယောဇဥ်တွေ🥺🥺သူကတော့နောက်ရင်ခွင်မှာပျော်နေလို့😊😊
2026-10-13 13:03:53
1
aung02640
ဉီးကိုကို(ရလအ)(❤.OLD❤) :
ဟုတ်တယ်ဗျ
2026-10-13 12:34:17
1
nan.khin.hmwe650
Nan Khin Hmwe :
ဟုပကွယ်
2026-10-14 01:00:07
0
htwehtwesan346
🍒ဒေါ်ခင်ဌေးမော်သမီးလေး🍒 :
အမှန်းပါပဲရှင်
2026-10-14 01:07:17
0
julymoe2741
☘️july moe satt🍀 :
ပြန်တင်ပါရစေ🥰
2026-10-14 00:27:36
0
moemoe15gmail.co
Win Win Tun :
ပုံလေးပေးတင်🥰
2026-10-13 23:58:17
0
user830227526348
Wint Wah :
စာသားလေးယူသုံးမယ်နော်
2026-10-13 13:25:43
0
kyal.sin.285068
🇲🇲KYAL SIN🇦🇪 :
တင်ခွင့်ပြုပါမမ
2026-10-13 12:20:12
0
To see more videos from user @hmue.hmue8154, please go to the Tikwm homepage.

Other Videos


About