@taam504:

تامي الفرجاني🦢
تامي الفرجاني🦢
Open In TikTok:
Region: LY
Tuesday 13 October 2026 12:56:44 GMT
172
7
1
1

Music

Download

Comments

user68661817902404
علي علي :
💖💖💖
2026-10-14 18:27:34
0
To see more videos from user @taam504, please go to the Tikwm homepage.

Other Videos

သူများထက် ရှေ့ပိုရောက်ချင်တယ်ဆိုလျှင် လူတိုင်းက ကိုယ့်ဘဝကို  သူများတွေထက် သာချင်ကြတာ သဘာဝပါ။  သူများထက် သာဖို့ဆိုတာက  ဒီအတိုင်း ထိုင်နေလို့မှ မရတာ။ ဒီနေရာမှာ သိထားရမှာက
သူများထက် ရှေ့ပိုရောက်ချင်တယ်ဆိုလျှင် လူတိုင်းက ကိုယ့်ဘဝကို သူများတွေထက် သာချင်ကြတာ သဘာဝပါ။ သူများထက် သာဖို့ဆိုတာက ဒီအတိုင်း ထိုင်နေလို့မှ မရတာ။ ဒီနေရာမှာ သိထားရမှာက "သူများထက်သာဖို့" ဆိုတာ သူတပါးကို တိုက်ခိုက်တာ (ဒါမှမဟုတ်) ခြေထိုးတာမျိုး မဟုတ်ပဲ ကိုယ့်ကိုယ်ကို အကောင်း ဆုံးဖြစ်အောင် တည်ဆောက်ယူခြင်းသာ ဖြစ်ပါတယ်။ သူများထက် ခြေတစ်လှမ်း သာစေဖို့ ဒီအချက်တွေကို လုပ်ဆောင်ကြည့်ပါ။ ၁။ မနေ့ကထက် ဒီနေ့က ပိုတော်ပါစေ သူများထက် သာဖို့ဆိုတာထက် ကိုယ့်ကိုယ်ကို သာဖို့ အရင်ကြိုးစားရပါမယ်။ မနေ့က သင်ထက် ဒီနေ့သင်က ပိုတော်နေဖို့ လိုပါတယ်။ သူတပါးနဲ့ ကိုယ့်ကို နှိုင်းယှဉ်နေရင် စိတ်ပင်ပန်းရုံပဲ ရှိပါလိမ့်မယ်။ မနေ့ကထက် ဒီနေ့မှာ ဗဟုသုတတစ်ခု ပိုသိလာတာပဲဖြစ်ဖြစ် အကျင့်ဆိုးတစ်ခုကို ပြင်နိုင်တာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တာက သာလွန်ခြင်းရဲ့ အစပျိုးခြင်းပါပဲ။ ၂။ သူများအိပ်နေချိန်မှာ သင်ကြိုးစားနေပါ လူအတော်များများ အပန်းဖြေနေချိန် အပျော်အပါး မက်နေချိန်မှာ သင်က အလုပ်လုပ်နေရင် (ဒါမှမဟုတ်) လေ့လာသင်ယူနေရင် သင်ဟာ အလိုအလျောက် ရှေ့ရောက်သွားမှာပါ။ "ဇွဲ" ဆိုတာ လူအများစုမှာ မရှိတဲ့အရာဖြစ်လို့ သင်သာ ဇွဲရှိရှိ ဆက်လုပ်နေမယ်ဆိုရင် သင်ဟာ လူနည်းစုထဲက ထူးချွန်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ၃။ အခက်အခဲကို အခွင့်အရေးလို့ မြင်ပါ လူအများစုက အခက်အခဲတွေနဲ့ ကြုံတွေ့လာရင် ညည်းတွားပြီး လက်လျှော့တတ်ကြတယ်။ စိတ်ဓာတ်ကြံ့ခိုင်သန်မာမှု နည်းပါးကြလို့ပါပဲ။ သင်ကတော့ အဲ့ဒီ အခက်အခဲတွေ ပြဿနာတွေကို "ငါ့အတွက် သင်ခန်းစာပဲ"လို့ သဘောထားပြီး ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ ဒီအခက်အခဲကနေ ငါ့အတွက် အခွင့်အရေး ဘယ်လို ဖြစ်လာနိုင်သလဲလို့ တွေးပါ။ အခက်အခဲကို ကျော်ဖြတ်နိုင်တဲ့သူဟာ ကျော်ဖြတ်ဖို့ ကြော,က်နေတဲ့သူထက် အမြဲတမ်း သာလွန်နေမှာပါ။ ၄။ နားထောင်ခြင်းဖြင့် ပညာရှာပါ စကားများများပြောသူထက် နားထောင်တတ်တဲ့သူက ပိုပြီး အမျှော်အမြင်ရှိပါတယ်။ ပြောတာထက် နားထောင်တတ်သူဖြစ်အောင် လေ့ကျင့်ယူပါ။ သူတပါးရဲ့ အမှားတွေ၊ အောင်မြင်မှုတွေကို ေ,သချာနားထောင်ပြီး သင်ခန်းစာ ယူတတ်သူဟာ ကိုယ်တိုင် အမှားမခံရပဲနဲ့ တိုးတက်လာတတ်ပါတယ်။ ( ဒါက သိပ်ကောင်းတဲ့ အချက်ပါ ) ၅။ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပါ ပိုက်ဆံကို ပစ္စည်းဝယ်ဖို့ထက် ကိုယ့်ရဲ့ အရည်အချင်း မြှင့်တင်နိုင်ဖို့အတွက် သုံးပါ။ ဒါက သင့်ကို ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ ပစ္စည်းဥစ္စာဆိုတာ ပျောက်ပျက် သွားနိုင်ပေမယ့် သင့်ဦးနှောက်ထဲက အရည်အချင်းကတော့ ဘယ်သူမှ လုယူလို့ မရတဲ့ အကောင်းဆုံး ပိုင်ဆိုင်မှုတစ်ခု ဖြစ်နေမှာပါ။ တောင်ထိပ်ကို တက်နေတဲ့သူဟာ တောင်အောက်ကလူတွေ ကို ကြည့်ပြီး တက်တာ မဟုတ်ဘူး။ တောင်ထိပ်ကိုပဲ ကြည့်ပြီး တက်တာပါ။ သူများထက်သာဖို့ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ပျင်းရိခြင်းတွေကို နိုင်အောင်တိုက်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်နောက်ကို မဆုတ်မနစ် လိုက်နေခြင်းကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး သင်ဟာ မနေ့ကထက် ပိုတော်တဲ့သူတစ်ယောက် ဖြစ်လာဖို့ ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ။ သင်သာ တကယ်ကြိုးစားရင် ေ.သချာပါတယ် လောကကြီးမှာ သင်နဲ့ ထိုက်တန်တဲ့နေရာ ရှိလာပါလိမ့်မယ်။ ဇွဲလုံ့လနဲ့ ကြိုးစားနေသူကတော့ သူများရဲ့ရှေ့ကို ရောက်နေမှာပဲ......။ with respect - crd #Lifestyle #knowledge #lifelessons

About