@saimain074: GTC များ၏ နည်းပညာဘွဲ့သင်တန်းများတွင် ပုံမှန်သင်ကြားရေးကာလမှာ စာသင်နှစ် (၄) နှစ်၊ Semester (၈) ခုနှင့် သက်ဆိုင်ရာလုပ်ငန်းခွင်၌ မဖြစ်မနေ ဆောင်ရွက်ရမည့် Internship/Industrial Training ကာလ(၆)လ တို့ ပါဝင်သည်။ စာသင်နှစ် (၄) နှစ်အတွင်း သီအိုရီဆိုင်ရာ ပညာရပ်များကို သင်ယူရုံသာမက လက်တွေ့ခန်းများ၊ Workshop လုပ်ငန်းများ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်မှုများနှင့် ပရောဂျက်လုပ်ငန်းများမှတစ်ဆင့် သင်ယူထားသည့် အသိပညာများကို လက်တွေ့အသုံးချနိုင်ရန် လေ့ကျင့်သင်ကြားပေးသည်။ထို့ကြောင့် သင်တန်း၏ ရည်ရွယ်ချက်မှာ စာမေးပွဲအောင်မြင်ရုံသာမက မိမိတို့သက်ဆိုင်ရာ နည်းပညာနယ်ပယ်တွင် လုပ်ငန်းခွင်ဝင်ရောက်နိုင်သော အခြေခံပညာရပ်၊ ကျွမ်းကျင်မှုနှင့် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိသည့် အင်ဂျင်နီယာနည်းပညာရှင်များ ပေါ်ထွက်လာစေရန် ဖြစ်သည်။ သင်ရိုးညွှန်းတမ်း(curriculum )များကို ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)၊ မန္တလေးနည်းပညာတက္ကသိုလ် (MTU) တို့မှ သက်ဆိုင်ရာပါမောက္ခများ၊ TVET နယ်ပယ်မှ ပညာရှင်များ၊ သက်ဆိုင်ရာ ပါမောက္ခများ တွဲဖက်ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ကျွမ်းကျင် ဆရာကြီး၊ ဆရာမကြီးများနှင့် သက်ဆိုင်ရာကော်မတီများ၏ ပညာရပ်ဆိုင်ရာ အကြံပြုချက်များကိုထည့်သွင်းစဉ်းစား၍ သတ်မှတ်စံနှုန်းများနှင့်အညီ ရေးဆွဲထားသည်။ သင်တန်းပြီးဆုံးချိန်တွင် Industrial Training (၄) လနှင့် Report & Presentation (၂) လ၊ စုစုပေါင်း (၆) လတာ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ သတ်မှတ်ထားသော Assessment System အရ ရမှတ် (၆၅) မှတ်နှင့်အထက် ရရှိမှသာ Industrial Training ကို အောင်မြင်မည်ဖြစ်ပြီး မပြည့်မီပါက သက်ဆိုင်ရာစည်းမျဉ်းများအတိုင်း ထပ်မံဆောင်ရွက်ရမည်ဖြစ်သည်။ အဆိုပါ ၅နှစ်ခန့် သင်တန်းလိုအပ်ချက်များအားလုံးကို အောင်မြင်စွာ ပြီးမြောက်မှသာ B.Tech (Bachelor of Technology) ဘွဲ့ ကို အပ်နှင်းမည်ဖြစ်သည်။ B.Tech သင်တန်းများတွင် Q ဖြင့်အောင်မြင်ပါက သက်ဆိုင်ရာTU များတွင် M.Tech နှင့် Ph.D ဘွဲ့များထိ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။(GTC) များမှ အပ်နှင်းသည့် B.Tech (Bachelor Technology) ဘွဲ့ကို NQF Level 6 အဆင့်တွင် ဖော်ပြထားသည်။ အလားတူ B.E၊B.C.SC၊B.C.Tech Bachelor ဘွဲ့များကိုလည်း NQF Level 6 အဆင့်တွင် ဖော်ပြထားပြီး M.E နှင့် M.Tech ဘွဲ့များနှင့် Master ဘွဲ့များသည် NQF Level 7၊ Ph.D ဘွဲ့ကို NQF Level 8 အဆင့်တို့တွင် ဖော်ပြထားခြင်းကြောင့် B.Tech (စနစ်သစ်ဘွဲ့သည် )အရည်အသွေးပြည့်မီသောဘွဲ့ဖြစ်ပါသည်။#civil #gtc #fyp #engineering #technology
Sai Main Seng
Region: MM
Tuesday 13 October 2026 13:56:07 GMT
Music
Download
Comments
khinwinzaw :
၂၀၂၂ ဖွင့်တယ်ရေးပီး
GTI အလုပ်ခံလိုက်တဲ့အပတ်စဥ်ရှိတယ်
2026-10-13 14:52:10
1
ma😍 ma😍 phyo😍 :
B.tech နဲ့ဘွဲ့ရတာကြာပြီ BE တက်ချင်တာဘယ်လိုjoin ရမလဲ
2026-10-14 08:57:54
0
CHIT SU LWIN :
၀င်ခွင့်ပါတာကိုဘယ်တော့သိရမှာ
2026-10-15 02:57:05
0
Daw Kay :
2026-10-13 14:51:43
1
kyaw myo thu :
22မတိုင်မီကB techတေကျတော့ကောဘယ်လိုဖြစ်
2026-10-14 06:58:29
0
Engr,Aung Myin Thu.[RSE] :
[Heartwarming][Heartwarming][Heartwarming]
2026-10-14 02:58:09
1
To see more videos from user @saimain074, please go to the Tikwm
homepage.