@updatenewsarrowntheworld: ‎❐​​​​​​​​​​​​​ ရန်ကုန်လေဆိပ်တွင် တရားမဝင် ပြည်ပလေ ရှူသွင်းလာသော မြန်မာနိုင်ငံသား ၂၆ ဦး အရေးယူခံရ ‎ ‎​၁၃ အောက်တိုဘာလ ၂၀၂၆ - [Satire] ‎ ‎​ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဆိုက်ရောက်လာသော ထိုင်းလေကြောင်းလိုင်းတစ်ခုဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၆ ဦးမှာ တရားမဝင် ပြည်ပလေ ရှူသွင်းလာသောကြောင့် အာဏာပိုင်များက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ ‎ ‎​" အဲဒီလေယာဉ်မှာ လိုက်ပါလာတာက မြန်မာနိုင်ငံသား ၂၇ ယောက်။ ၂၆ ယောက်က မြန်မာအစိုးရက တားမြစ်ထားတဲ့ ပြည်ပလေ ရှူလာလို့ ဖမ်းပြီး အရေးယူထားတယ်။ ကျန်တဲ့ တစ်ယောက်ကတော့ ပန်းနာရင်ကျပ်သမားဆိုတော့ ရောဂါဖောက်ပြီး အောက်စီဂျင်ဗူး တန်းလန်းနဲ့မို့ လွတ်သွားတယ်။ ရောဂါသာ မဖောက်ရင် အဲဒီအဖွားကြီးလည်း မလွတ်ဘူး။ " ဟု ဝါရှင်တန်ဒီစီအခြေစိုက် Shwe Naung Mon - Satire သတင်းဌာန၏ မေးမြန်းချက်အား လေဆိပ်တာဝန်ခံမှ ပြန်လည်ဖြေဆိုခဲ့သည်။ ‎ ‎​ဆက်လက်၍ ၎င်းက " ဘယ်လိုပုဒ်မနဲ့ အရေးယူထားတာလဲဆိုတော့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ကို စောက်ထင်သေးမှု အပြင်၊ တားမြစ်လေ ရှူမှုတွေနဲ့ပါ ဖမ်းထားတယ်။ သေချာတယ်။ အဲဒီ ၂၆ ယောက်လုံး ထောင်လွတ်ရက် မရှိတော့ဘူး။ ဒဏ်ငွေကလည်း သူတို့စည်းစိမ်ပြုတ်သွားရင်တောင် အပြင်က အတိုးနဲ့ယူပြီး ထပ်ဆောင်ရမှာ။ ခံပေါ့။ တားမြစ်လေ သွားရှူတာကို။ " ဟုဆိုကာ ဖြေကြားချက်အား အဆုံးသတ်သွားခဲ့သည်။ ‎ ‎[​Disclaimer: This is a satirical news piece created for entertainment purposes only.] ‎ ‎​#foryou #Entertainment #fyp #news #tiktok

updatenewsarrowntheworld
updatenewsarrowntheworld
Open In TikTok:
Region: JP
Tuesday 13 October 2026 14:55:12 GMT
43581
325
9
82

Music

Download

Comments

shwemaw01
shwemaw01 :
ဪ ဒါဆိုရင် ကမ္ဘာ လုံးကြီးက အမြဲလည်ပတ်နေတယ်ဆိုတာကအလိမ်အညာတွေပေါ့နော် ကမ္ဘာကြီးလည်နေသ၍ လေ ကို ကိုယ့်နိုင်ငံ မှာဘဲ တည်ငြိမ်နေအောင် ထိန်းချုပ်ထားနိုင်ပြီတဲ့လား သူများနိုင်ငံ လေမရှူရအောင် သူတို့နေထိုင်တဲ့ ဂျိုလ်က ဘယ်ဂျိုလ် တဲ့လဲ
2026-10-13 18:48:24
0
ko.khon83
Mg khon :
ဘာလေလည်းဟ
2026-10-13 16:11:00
2
xiaoding171202
Tin Zar Lin :
ဟော
2026-10-13 23:24:47
0
3roschan
Eros Chan ♏ :
2026-10-13 17:15:37
2
31691226913
Ko Chan :
😅😅😅
2026-10-13 15:13:28
1
ming.shi.mar
ming shi Mar :
😂😂😂
2026-10-13 23:56:06
0
tone.tone8985
Tone Tone :
🥰🥰🥰🥰🥰
2026-10-13 19:46:48
0
su.myat.linn670
Su Myat Linn :
😳😳😳
2026-10-13 15:02:23
1
To see more videos from user @updatenewsarrowntheworld, please go to the Tikwm homepage.

Other Videos


About