@zotkabutarlar:

EskiUruqKabutarlar
EskiUruqKabutarlar
Open In TikTok:
Region: US
Tuesday 13 October 2026 14:56:24 GMT
265
6
1
0

Music

Download

Comments

shababuhnahd
من جهات اتصالك :
😎😎😎
2026-10-13 15:41:36
0
To see more videos from user @zotkabutarlar, please go to the Tikwm homepage.

Other Videos

မန္တလေးအရှေ့ဘက် မဲကင်းကုန်းကျေးရွာတွင် လယ်ယာမြေများကို ‌အကွက်ရိုက် မရောင်းရန် အသိပေးဆိုင်းဘုတ်များကို အနည်းဆုံး ၄နေရာ၌ စိုက်ထူထား Oct 13, 4:06 PM မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်း ကုန်းကျေးရွာရှိ လယ်မြေများကို အကွက်ရိုက်၍ ရောင်းချခြင်းများကို လုံးဝမပြုလုပ်ကြရန် လယ်မြေ စီမံခန့်ခွဲရေးအဖွဲ့က တရားဝင် ထုတ်ပြန်ချက်များကို ရွာအဝင်နှင့် ရွာအတွင်း အနည်းဆုံး ၄ နေရာ၌ ဆိုင်းဘုတ်စိုက်ထူကာ အသိပေးထားသည်ကို ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် သွားရောက်မှတ်တမ်းတင်ထားသည်။ ကွင်းအမှတ် (၄၉၅/၄၉၆)အတွင်းရှိ တရားမဝင် လယ်ယာမြေများပေါ်တွင် မြေဖို့ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ကျောက်တိုင်စိုက်ထူခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းနှင့် အကွက်စိပ် ရောင်းချခြင်းများကို လုံးဝ(လုံးဝ) မလုပ်ဆောင်ကြရန် မဲကင်းကုန်းကျေးရွာအုပ်စု၊လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အသိပေးထားခြင်းဖြစ်ပါသည်။ လိုက်နာမှုမရှိဘဲ အထက်ပါအချက်များကို ပြုလုပ်ဆောင်ရွက်ပါက လယ်ယာ မြေဥပဒေ၊ ဒေသန္တရအမိန့် (၁/၂၀၂၄)ပုဒ်မ-၁၄၄အရ ထိရောက်စွာအရေးယူခြင်း ကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများပြည်သူများနှင့် ကျေးရွာသူ/ကျေးရွာသားများသိရှိလိုက်နာနိုင်ရေးအတွက် သတိပေးတားမြစ်လိုက်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်အထိ စစ်ဆေးပြီးသည့် မြေတချို့ကို သာ SOP ပေးထားခဲ့သော်လည်း နောက်ပိုင်း တွင် လယ်မြေများကိုမူ ရောင်းချခွင့်၊ အကွက်ရိုက်ခွင့်နှင့် အဆောက်အအုံ ဆောက်လုပ်ခွင့်ကိုမူ လုံးဝ ခွင့်မပြုထားပေ။ ထို့ကြောင့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်း ကုန်းဘက်တွင် မြေဝယ်ယူရန် စဉ်းစားနေကြ သူများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်ကြောင်း တရားဝင် အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများက အကြံပြုထားကြသည်။ သို့ဖြစ်၍ မြေဝယ်ယူပါက သက်ဆိုင်ရာ မြေစာရင်းနှင့် အစိုးရဌာနများတွင် စာရွက်စာတမ်းများကို သေချာစွာ စိစစ် စစ်ဆေးကြရန် တိုက်တွန်းထားသည်။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နည်းလမ်းတကျ အသုံးပြုခွင့်မရှိသော မြေများကို ဝယ်ယူမိပါက နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သတင်းစာများမှတဆင့် အသိပေးချက် ထုတ်ပြန်ထားခဲ့ဖူးသည်။ နိုင်ငံတော်ပြန်တမ်းဖြင့် မြို့မြေ၊ ရွာမြေအဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားသည့် ရပ်ကွက်မြေများ(သို့မဟုတ်) ရွာမြေများနှင့် တဆက်တစပ်တည်းရှိသော လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပါဝင်သည်(သို့မဟုတ်) ရွာမြေအတွင်း ပါဝင်သည်ဟုဆိုကာ ဥပဒေနှင့်အညီ အသုံးပြုခွင့်မရရှိဘဲ ကွက်စိတ်ရိုက်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အခိုင်အမာအဆောက်အဦဆောက်လုပ်ခြင်း စသည့် ကျူးလွန်ဆောင်ရွက်အသုံးပြုမှုများ၊ အရောင်းအဝယ်ပြုလုပ်နေမှုများရှိနေသည်ကို စိစစ်တွေ့ရှိရ၍ ဥပဒေနှင့်အညီ စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေရပါကြောင်း ထုတ်ပြန်ခဲ့ပါသည်။ #မန္တလေးသတင်းကွန်ရက် #ပုသိမ်ကြီးမြို့နယ်  #အိမ်ခြံမြေ

About