@kem8346: အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။ ဘိက္ခဝေ - သံသရာဘေး လာမည့်ရေးကို မျှော်တွေးရှုငြား အိုချစ်သား ချစ်သမီးတို့ အပ္ပမာဒေန - မမေ့မလျော့ မပေါ့မဆ အပ္ပါမာဒခေါ်တဲ့ သတိတရားဖြင့် သဗ္ဗကိစ္စာနိ - ဒါန သီလ ဘာဝနာ စတဲ့ ကုသိုလ်ကိစ္စမှန်သမျှတို့ကို အပ္ပမာဒေန - မမေ့မလျော့ မပေါ့မဆ အပ္ပမာဒခေါ်တဲ့ သတိတရားဖြင့် သမ္ပာဒေထ - တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ပြည့်စုံလာအောင် ကြိုးစားအားထုတ်ကြကုန်လော့။ လောကသ္မိံ - လောကမှာ ဗုဒ္ဓုပ္ပါဒေါ - သဗ္ဗညုဘုရားထင်ရှားပွင့်ရာ သာသနာ့ရောင်ဝင်း ပြောင်ထွန်းပ ခေတ်ကာလဆိုတာ ဒုလ္လဘော - ကမ္ဘာများစွာ လွန်လေပါလည်း တစ်ခါတစ်ရံ တွေ့ကြိမ်ဖန်ဖို့ အမှန်မုချ ခဲယဥ်းလှပေ၏။ မနုသတ္တဘာဝေါ - တစ်ကြိမ်တစ်ခါ လူတို့ရွာတွင် မှီခါစင်စစ် လူ့အဖြစ် လူ့ဘဝဆိုတာ ဒုလ္လဘော - ကမ္ဘာများစွာ လွန်လေပါလည်း တစ်ခါတစ်ရံ တွေ့ကြိမ်ဖန်ဖို့ အမှန်မုချ ခဲယဥ်းလှပေ၏။ သဒ္ဓါသမ္ပတ္တိဘဝေါ - သာသနာကြည်ညို မှီခိုအားထား ယုံကြည်ချက် သဒ္ဓါတရားနဲ့ပြည့်စုံဖို့ဆိုတာ ဒုလ္လဘော - ကမ္ဘာများစွာ လွန်လေပါလည်း တစ်ခါတစ်ရံ တွေ့ကြိမ်ဖန်ဖို့ အမှန်မုချ ခဲယဥ်းလှပေ၏။ ပဗ္ဗဇိတဘာဝေါ - သာသနာ့ဘောင်တွင် ဖန်ဝါဆင်မြန်း ရှင်ရဟန်းအဖြစ်ဆိုတာ ဒုလ္လဘော - ကမ္ဘာများစွာ လွန်လေပါလည်း တစ်ခါတစ်ရံ တွေ့ကြိမ်ဖန်ဖို့ အမှန်မုချ ခဲယဥ်းလှပေ၏။ သဒ္ဓမ္မဿဝနံ - သစ္စာသိမြင် သူတော်စင်တို့ သွန်သင်ညွှန်ကြား သစ္စာလေးပါး မြတ်တရားကို ကြားနာမှတ်သားရခြင်း ကျင့်သုံးရခြင်းဆိုတာ အတိဒုလ္လဘံ - ကမ္ဘာများစွာ လွန်လေပါလည်း တစ်ခါတစ်ရံ တွေ့ကြိမ်ဖန်ဖို့ လွန်စွာမုချ ခဲယဥ်းလှပါပေတယ်လို့ သတ္တာ - နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဒိနေ ဒိနေ - နေ့စဥ်နေ့တိုင်း သြဝါဒတိ - ဂရုဏာရှေးရှု ဆုံးမတော်မူခဲ့ပါပေသတည်း။ #ဖိုးလမင်းဆရာတော်အရှင်စန္ဒောဘာသ #တရားတော်များနာယူနိုင်ပါစေ🙏 #ဓမ္မဒါနမျှဝေပူဇော်ပါသည်🙏🙏🙏 #သာသနာ့ရောင်ဝါထွန်းစေချင်🙏🙏🙏🙏🙏 #ဖိုးလမင်းဆရာတော်အရှင်စန္ဒောဘာသ
waiyan Phyo
Region: TH
Tuesday 13 October 2026 23:46:45 GMT
Music
Download
Comments
💟မလိခ💟 :
🙏🙏🙏
2026-10-14 04:41:03
1
Ko Htay :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-14 04:06:36
1
Myo Min Than :
🙏🙏🙏
2026-10-16 15:32:28
0
To see more videos from user @kem8346, please go to the Tikwm
homepage.