@sh314789: ‎ဟင်္သာတမြို့၊ ကမ်းနားကြီးပွဲရုံတန်းရှိ ဆန်စပါးပွဲရုံတွင်မီးလောင်မှုဖြစ်ပွား ‎ ‎ဟင်္သာတ၊ အောက်တိုဘာ ၁၄ ‎ ‎ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်၊ ကမ်းနားကြီးပွဲရုံတန်းရှိ ပြည့်စုံဖြိုးဆန်စပါးပွဲရုံတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ‎ဖြစ်စဉ်မှာ ယနေ့နံနက် ၃ နာရီ ၅၃ မိနစ်ခန့်တွင် အဆိုပါဆန်စပါးပွဲရုံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် အမြန်ဆုံးထွက်ခွာ၍ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ ‎မီးလောင်ရာသို့သွားရောက်ငြှိမ်းသတ်ရာတွင် ဟင်္သာတခရိုင်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး ‎ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပန်းပဲတန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး​၊ ဘုရားကြီးနယ်မြေမီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥယျာဉ်မြောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းကြိုးပမ်း ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။ ‎ ‎#သတင်းလိုက်မုဆိုး ‎ ‎🟥 ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း သတင်းဦး သတင်းထူးများ ဖတ်ရှုနိုင်ရန် SH MEDIA Group ကို Follow လုပ်ထားပေးပါ ‎ ‎🔹 Website – https://shmediagroupmm.blogspot.com ‎ ‎🔹 Telegram – https://t.me/shnews07 ‎ ‎🔹 Facebook (SH အထူးဟစ်တိုင်သတင်း) – https://www.facebook.com/SHMedia2026 ‎ ‎🔹 Facebook (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်) – https://www.facebook.com/SHNews07 ‎ ‎🔹 Facebook (အမှန်တရား သတင်းဂျာနယ်) – https://www.facebook.com/SHNewsZaw7 ‎ ‎🔹 TikTok – https://www.tiktok.com/@sh314789 ‎ ‎🔹 YouTube – https://youtube.com/channel/UCLqnKVthBqtyxX0nMRf8-eQ ‎ ‎🔹 Viber Channel – https://invite.viber.com/?g2=AQBmevNkgyhVplZ9lkTwkTaNPLgUEOwOLCAvKZjqEbKHZH35DVNiImXT6yAlDom7 ‎ ‎🔔 အချိန်နှင့်တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများနှင့် Video များကို ကြည့်ရှုနိုင်ရန် Follow လုပ်ထားပေးပါ။

SH အထူးဟစ်တိုင်သတင်းဌာန
SH အထူးဟစ်တိုင်သတင်းဌာန
Open In TikTok:
Region: MM
Wednesday 14 October 2026 02:45:36 GMT
20984
561
3
15

Music

Download

Comments

aye.thein2930
Aye Thein :
စပါးအခြောက်ခံစက်တွေကစလောင်တာလားဗျ
2026-10-14 03:26:11
1
mingalarpar781
mingalar par :
🥰🥰🥰
2026-10-14 05:43:45
0
To see more videos from user @sh314789, please go to the Tikwm homepage.

Other Videos


About