@zayartbz7.1: နောင်ချိုမြို့နယ်တရားရုံးက နိုင်ငံရေးအကျဉ်းသား ၅၀ ဦးဝန်းကျင်ကို တစ်နေ့တည်း ပြစ်ဒဏ်အမိန့်များ ချမှတ်ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင် ရန်ကုန်၊ အောက်တိုဘာ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောက်ချိုမြို့နယ်တရားရုံးက နိုင်ငံရေးအကျဉ်းသား ၅၀ ဝန်းကျင်ကို တစ်နေ့တည်း အမိန့် ချပြီး မန္တလေး၊ အိုးဘိုထောင်သို့ ပို့ဆောင်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက် (JNPP) တာဝန်ခံ ယုမိစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယခုနှစ်စက်တင်ဘာလ ၂၁ ရက်နေ့ နောင်ချိုမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) စသည့် ပုဒ်မများဖြင့် အမှုခံထားရသော နိုင်ငံရေးအကျဉ်းသား ပြည်သူ ၅၀ ဦးဝန်းကျင်ကို တစ်နေ့တည်းအမိန့်ချပြီး မန္တလေး၊ အိုးဘိုအကျဉ်းထောင်သို့ တန်းပို့လိုက်ကြောင်း ၊ မတရား အမိန့်ချမှတ်ခံရပြီး အိုးဘိုအကျဉ်ထောင်သို့ ပို့ဆောင်ခံရသူများမှာ နောင်ချိုမြို့မှ TNLA တပ်ဖွဲ့ ကဆုတ်ခွာသွားပြီးနောက် TNLA တပ်ဖွဲ့နှင့် အဆက် အသွယ်ရှိသည် ဟု ဆိုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော ပြည်သူများ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများ ပိုင်ဆိုင်သော နေအိမ်များကိုလည်း ချိတ်ပိတ်သိမ်းယူထားကြောင်း သိရှိရသည်။ “TNLA တွေ နောင်ချိုကနေဆုတ်ခွာသွားပြီးတဲ့အချိန်မှာ သူတို့မသင်္ကာတဲ့သူတွေကို အကြမ်းဖက်တွေနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ဖမ်းတယ်။ နေအိမ်တွေကိုချိတ်ပိတ်တယ်။ ဒီပုဒ်မတွေအကုန်လုံးကို ဖြေ လျော့တယ်ဆိုပြီး စစ်ခေါင်းဆောင်က လွတ်ငြိမ်းခွင့်ပေးတယ်။ ဒါပေမယ့် သူတို့က လုံးဝ ဖြေလျော့ပေး တာ မလုပ်ပဲနဲ့ ဆက် လက် တရားရင်ဆိုင်နေတဲ့ သူတွေကို ဒီအတိုင်းပဲ ပုဒ်မတပ်ပြီးတော့ ဆက်လက် ဖမ်းဆီးထားတယ်။ ဖမ်းဆီးထားပြီးတော့ အမိန့်ဆက်ချတာဖြစ်ပါတယ်။ ဒါက ဆိတ်ခေါင်းပြပြီးတော့ ခွေးသားရောင်းနေတာနဲ့အတူတူပဲ။” ဟု နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက် (JNPP) တာဝန်ခံ ယုမိစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ လက်ရှိ စစ်တပ်လက်အောက်သို့ ပြန်လည်ရောက်ရှိသွားသော နောင်ချိုမြို့နယ်တွင် ဒေသ ပြည်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှာ လုံခြုံရေးအရ စိုးရိမ် ပူပန်မှုများစွာဖြင့် ကျပ်တည်း စွာနေထိုင်နေကြရကြောင်း သိရသည်။ ထိုအပြင် နောင်ချိုမြို့တွင် နိုင်ငံရေး နောက်ခံရှိသော ပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီး၍ ငွေညှစ်မှုများလည်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက် (JNPP) အနေဖြင့် နောင်ချိုမြို့ရှိ စစ်ကောင်စီနှင့် ရဲ စခန်း ၏ စခန်းမှူး မျိုးညွန့်အောင်တို့၏ ဥပဒေမဲ့ ငွေညှစ်ဖမ်းဆီးမှုများ၊ တရားမျှတမှုကင်းမဲ့စွာဖြင့် အစု လိုက်အပြုံလိုက် ပြစ် ဒဏ်ပေးနေမှုများကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချလိုက်ပြီး မတရားဖမ်းဆီးခံရ သူများ၊ နိုင်ငံရေးအကျဉ်း သားများနှင့် ၎င်းတို၏ မိသားစုဝင်များဘက်မှ တရားမျှတမှု အပြည့်အဝရရှိ ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့်အတူ ထိရောက်စွာ ဆက်လက်ရပ်တည် သွားမည်ဖြစ် ကြောင်း ကြေညာထားသည်။@Zayar TBZ 5 @ZayarTBZ 7 News #ပြည်သူများဘေးကင်းကြပါစေ #zayartbz #မြန်မာသတင်းများ #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး
ZayarTBZ 7.1News🍉
Region: TH
Wednesday 14 October 2026 02:46:42 GMT
Music
Download
Comments
Aunty Saw :
မစြ်နိုင်ပါဘူးမယုံပါဘူးဖမ်းကိုမဖမ်းတာပါ
2026-10-14 04:07:19
1
Sis :
ငါးယောက်ထဲပါဟ
2026-10-15 09:38:26
0
ရိုးရိုး :
အမှန်တရားပေါါပေါက်ပါစေ
2026-10-14 03:48:33
3
Ma Cho :
အိမ်ဘဲပိတ်တာပါလူကိုမပိတ်ဘူးအပိတ်ခံရတဲ့အိမ်ကမိသားစုတွေအိမ်ငှားနေပီးသွားလာနေကြတာ
2026-10-15 00:47:23
1
မေဉီး :
ြဖစ်နိုင်တယ်တသက်တကျွန်းချပါ
2026-10-14 04:04:13
1
တတ်တတ်လူ :
ဟုတ်မယ်နောင်ဩရွားကလည်းပါကြတယ်တဲ့
2026-10-14 09:50:07
0
夜叉 虢国南道东龙灵龙地灵龙 :
我家武帝家
2026-10-15 18:41:31
0
user8217277659093 :
ဟုတ်ပါတယ်ရွာကလဲပါတယ်
2026-10-14 06:09:35
0
dawdaw6162 :
ဘာသံမမကြားအေးဆေး
2026-10-14 05:52:14
0
သာသားနဲ့ သမီးလေးတို့ရဲ့ မေမေ :
လုပ်ကိုင်စားရတာအစစအရာရာပိုကျပ်တည်းသွားပါတယ်
2026-10-14 14:18:20
0
Xenn :
2026-10-14 15:08:42
0
အချစ်ကန်ဆိုးသူ🥺🥺 :
မဟုတာမပြောပါနဲအမရေကျန်တော်လဲနောင်ချိုသားဘဲဘာမဖစ်ဘူး😏😏
2026-10-14 08:50:11
1
👦 Asher 👦🏳️🌈🇸🇬 :
နောင်ချိုမာဆေးသမားတွေ ကြိဘဲ ဖမ်းလဲမဖမ်းပေးကြဘူး ငါလခွမ်းဘဲ ခုဆို သူခိုးတွေကြိဘဲ ကို့အိမ်ကိုနေတာတောင်မလုံခြုံဘူး
2026-10-14 12:52:18
3
shweyamonephoo562 :
ရှောက်ပြောနေပြန်ပြီ နောင်ချိုမှာဘာမှမကြားမိပါဘူး
2026-10-14 12:14:12
1
ရှမ်းပဲပုတ်&ထူဝ်ႇၼဝ်ႈတႆး😘 :
နောင်ချို✔✔✔✔✔😳😳
နောက်ချို✖✖✖✖✖✖
2026-10-15 00:17:13
0
အိုက်ကွန်း :
😳😳😳
2026-10-14 04:19:19
0
ဖြိုးမင်းပိုင် :
😳😳😳
2026-10-14 15:12:16
0
က်ုကျော်ငြိမ်း :
🥰🥰🥰
2026-10-14 04:22:25
0
Shine :
😳😳😳
2026-10-14 06:39:36
0
UKyawSoe :
😳😳😳
2026-10-14 11:33:49
0
nyinyimyat :
🤣🤣
2026-10-14 05:08:39
0
myamyasoe :
👍👍👍
2026-10-14 13:31:19
0
Naung Cho Oo :
👍
2026-10-15 13:11:44
0
Tik Toker :
🥰🥰🥰
2026-10-16 12:22:31
0
To see more videos from user @zayartbz7.1, please go to the Tikwm
homepage.