@yarmanya.times: သထုံမြို့နယ်တွင် တစ်ပတ်ကျော်အတွင်း ကလေးငယ် ၆ ဦးအပါအဝင် ၈ ဦး ခွေးကိုက်ခံရ သထုံ၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တစ်ပတ်ကျော်အတွင်း ကလေးငယ် ၆ ဦးအပါအဝင် ခွေးကိုက်ခံရသူ ၈ ဦး ရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာက အသက် ၃ နှစ်ခွဲအရွယ် မစနေမ၊ အသက် ၅ နှစ်အရွယ် မောင်ကျော်ထူး၊ အသက် ၆ နှစ်အရွယ် မောင်ဝေဖြိုးအောင်နှင့် အသက် ၇ နှစ်အရွယ် နော်ဖောဂေးတို့ ခွေးကိုက်ခံခဲ့ရသည်။ ခွေးကိုက်ခံခဲ့ရသည့် ကလေးငယ် ၄ ဦးကို ဒေသခံ ကယ်ဆယ်ရေးအဖွဲ့မှ သထုံမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုပေးခဲ့ရသည်။ အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် အသက် ၄ နှစ်အရွယ် ကလေး တစ်ဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ‌ခွေးကိုက်ခံခဲ့ရသည်။ ထို့နောက် ခွေးသည် ထွက်ပြေးရင်း အခြားအသက် ၃ နှစ်ခွဲအရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးတို့ကို ထပ်မံကိုက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ခွေးကိုက်ခံရသူ လေးဦးအနက် အသက် ၃ နှစ်အရွယ် ကလေးငယ်မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် သထုံပြည်သူ့ဆေးရုံကြီး၌ ဆေးကုမှုခံယူလျက်ရှိသည်။ သထုံမြို့နယ်အတွင်း လမ်းဘေးခွေးများ ပိုမိုများပြားလာနေပြီး ကလေးငယ်များ ခွေးကိုက်ခံရမှုများလာနေကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် သက်ဆိုင်ရာစည်ပင်သာယာအဖွဲ့မှ ရှင်းလင်းလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားကြသည်။ ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ Yarmanya Times

Yarmanya Times
Yarmanya Times
Open In TikTok:
Region: MM
Wednesday 14 October 2026 03:22:30 GMT
12658
285
2
22

Music

Download

Comments

nann.kyawt071
Nan Kyawt Khing :
အထကကြာပန်ကျောင်းထဲမှာဆိုခွေးတွေအများရီးဘဲ
2026-10-14 05:03:56
1
user663793321
Moe Moe :
တို့သိမ်ဆိပ်မှာလည်းအများကြီး
2026-10-14 06:16:38
0
To see more videos from user @yarmanya.times, please go to the Tikwm homepage.

Other Videos


About