@nld052: မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့ကတောင် လိုက်မေးပြီး အလျော်ပေးခဲ့ရတဲ့အထိ ကြိတ်ကြိတ်တိုးခဲ့တဲ့ အမေစုရဲ့ ဘုရားဖူးခရီးစဉ်လေ။ ၂၀၁၈ ဩဂုတ် ၁၂ ရက်နေ့တုန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သွားရောက်ဖူးမြှော် ကြည်ညိုခဲ့ပါတယ်။ အမေစု လာဖူးမယ်ဆိုတဲ့ သတင်း ပျံ့သွားတဲ့နောက်မှာတော့ မဟာမုနိရင်ပြင်တခုလုံး လူပင်လယ်ဖွေးဖွေးလှုပ်သွားပါတော့တယ်။ အလုအယက် လာရောက် နှုတ်ဆက်ကြတဲ့ ပြည်သူတွေ သိပ်များတော့ အချင်းချင်းတိုးဝှေ့မိကြပြီး အရှေ့ဘက်စောင်းတန်းက နိဗ္ဗာန်ကုန်အရောင်းဆိုင်နှစ်ဆိုင်မှာ တင်ထားတဲ့ ကုန်ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အထိပါပဲ။ ဆိုင်ခန်းနှစ်ခန်းရှေ့မှာ ခင်းကျင်းထားတဲ့ နိဗ္ဗာန်ကုန်ပစ္စည်းတချို့နဲ့ မှန်ချပ်နှစ်ချပ် ကျကွဲတဲ့အသံကို အမေ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြားတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ရင် သူ့အနေနဲ့ ပြန်လျော်ပေးပါ့မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ အမေစု၊ ဆရာဇော်နဲ့ အဖွဲ့တွေ နေ့လည်ပိုင်း မန္တလေးတက္ကသိုလ်ထဲက စကားဝိုင်းအပြီး မန္တလေးမြို့ထဲက လက်ဖက်ရည်ဆိုင်မှာ နေ့လည်စာစားကြတော့ အမေစုက သူ့ကြောင့် အခုလိုမျိုး နစ်နာပျက်စီးတဲ့အပေါ် ဆိုင်ရှင်တွေ အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဆရာဇော်က ပြောပေးပါလို့ မှာခဲ့ပါတယ်။ အမေစု ခရီးစဉ်အပြီး နောက်ရက်မှာတော့ ဆရာဇော်က ဂေါပကအဖွဲ့ကို ချိတ်ဆက်အကြောင်းကြားခဲ့ပြီး ဂေါပကအဖွဲ့က အရှေ့ဘက်စောင်းတန်းက ဆိုင်ခန်းရှင်တွေ ပျက်စီးမှုများရှိ၊ မရှိ တစ်ဆိုင်ချင်း လိုက်လံမေးမြန်းခဲ့ပါတယ်။ မှန်နှစ်ချပ်၊ သပိတ်အသေးနှစ်လုံးနဲ့ ဥာဏ်တော်နှစ်လက်မခွဲရှိ ဆင်းတုတော်သုံးဆူတို့အတွက် ကာလတန်ဖိုးအတိုင်း ပေးလျော်ခဲ့ပါတယ်။ ဆိုင်ရှင်တွေက အမေလာတာကိုပဲ အတိုင်းမသိအောင် ဝမ်းသာပျော်ရွှင်ကြောင်းနဲ့ လျော်ကြေးငွေ လက်မခံလိုကြောင်း တောင်းဆိုခဲ့ကြပါတယ်။ " လူတွေက အမေ့ကို ချစ်ခင်နှုတ်ဆက် ချင်ကြလို့ တိုးကြတာဆိုတော့ ဖြစ်သွားတဲ့အပေါ်မှာ နားလည်ပေးနိုင်ပါတယ်။ ဂေါပကအဖွဲ့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသွားတဲ့အတိုင်း မဖြစ်မနေလုပ်ပေးရမယ်ဆိုလို့သာ ပစ္စည်းလျော်ကြေးငွေကို လက်ခံလိုက်ရတာပါ" တဲ့။ အမေစု ကျန်းမာပါစေ ❤️❤️❤️ ပြည်သူတွေကို နွေးထွေးစေတဲ့ ခေါင်းဆောင်၊ မျက်နှာ မငယ်ရစေတဲ့ ခေါင်းဆောင် အမေစု ကျန်းမာပါစေ။ ပြည်သူတွေလည်း နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ ဘေးဒုက္ခပေါင်းစုံကနေ အမြန်ကင်းလွတ်ကြရပါစေ။ crd

ပျဉ်းမနားလူငယ်
ပျဉ်းမနားလူငယ်
Open In TikTok:
Region: TH
Wednesday 14 October 2026 05:12:54 GMT
649559
34188
445
602

Music

Download

Comments

oolin974
ERTH :
မင်းအောင်လှိုင်အဲ့လိုလာကြည့်ပါ့လား မီတာ ၅၀၀ ပက်လည်အစောင့်တွေချ လမ်းတွေပိတ်ပြီးဘယ်သူမှအကပ်ခံမှာမဟုတ်ဘူး
2026-10-14 07:09:27
299
just.friend486
just friend :
သူ့ချစ်တာမဟုတ်ဘူးဟ သူရဲကောင်းမျော်ဝါဒကြောင့်ဖြစ်တာ။
2026-10-14 06:20:52
37
kyawkyawhtook3
U Kyaw Kyaw Htoo :
အမေစု ပုံရိပ်လေး အမေစု video လေး မြင်မိတာနဲ့ကို အလိုလို မျက်ရည်က ဆို့လာတယ်
2026-10-14 06:30:02
257
user5051604949081
WaiMoe Khine :
အမှန်တစ်ကယ်လွတ်လာတာလာဘယ်နေ့ကလည်း
2026-10-14 07:02:24
9
ashinnyanissara6
🎄🍁Ashin Ñāņika🌿🍀 :
နိုင်ငံခေါင်းဆောင်ဆိုတာပြည့်သူလူထုကအဲ့ကြိုဆိုတာကွာပ😂😂
2026-10-14 06:38:59
89
ko.linn9787
Ko Linn :
ပြည်သူချစ်တာလည်းမပြောနဲ့လေ အမေ့ကသူအတွက်နဲ့ပြည်သူ့အပေါ် မြူတစ်မုံစာတောင် အနစ်နာမခံဘူး ပြည်သူကိုချစ်တာ
2026-10-14 06:14:33
29
rebalforcemm
Fact lens Myanmar :
ဒီလိုလူ တစ် ယောက်ပဲရှိမယ်။ ရှင်းတယ်။
2026-10-14 06:16:00
79
hein.min.soe4687
blue :
အမေရယ် မျက်ရည်ကမထိမ်းနိုင်ပါဘူး အမေကျန်းမာပီ မတရားအချုပ်အနှောင်မှအမြန်လွက်ပါစေ🥰🥰🥰
2026-10-14 05:58:59
131
mk85737
Mk :
တို့အမေကိုချစ်လိုက်ပုံများ
2026-10-14 06:18:35
17
mistake1937
💫Min Nyo⚡ :
တို့အမေများ ချစ်ဖို့ကောင်းလိုက်တာဗျာ🥰
2026-10-14 06:08:15
16
thamadi26
Thamadi :
အမေစုအကြောင်းကြားရရင် အမေစုကိုချစ်တဲ့သူတွေနဲ့ဒီလိုမြင်ကွင်းမျိုးတွေကိုမြင်ရရင်ဝမ်းသာကြည်နူးမိတယ် ပြည်သူချစ်တဲ့ပြည်သူ့မိခင်ကြီးကျမ္မပါစေ🥰🥰🥰🥰🥰
2026-10-14 07:10:13
5
dawchocho1966
@Yuricho :
အမေစုအမြန်ဆုံး ပြန်လည်ဖူးမျှော်နိုင်ရပါစေ
2026-10-14 06:34:47
9
0panda...............0
Y" :
တကယ့်အဖြစ်အပျက်ကြီးကွာ
2026-10-14 06:20:55
10
user6141119229881
ဦးသိန်းမိုး( ဦးစိုးကြည်) :
ပုံဟောင်းကြီးပါ
2026-10-14 11:32:25
0
jeeptoomalay
Daw KMA Kham Leng :
ပြည်သူတွေချစ်တဲ့ဒို့အမေ အမေကျန်းမာပါစေ အမြန်ဆုံးလွတ်မြှောက်ပါစေ 🙏🙏🙏
2026-10-14 06:28:22
7
user719943258032
မင်းအိပ်မက် :
အမေကျမ်းမာဘေးကင်းပြီးအမြန်ဆုံး လွတ်မြောက်ပါစေ
2026-10-14 06:37:18
9
sanpapa9984
Dလှခင်း :
အမေစုကျမ်းမာပါစေဗျာ
2026-10-14 06:15:28
13
mimiaye51
Mi Mi :
အမေ အမေ တို့အမေ🥰🥰🥰🥰🥰🥰🥰🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-14 06:27:37
7
tom083568
Ko Cho Gyi :
မျက်စိနောက်တယ် ဘာသာရေးကိုနိုင်ငံရေးအတွက်အသုံးချတာ ဘယ်တုံးကမဘာသာရေးကိုမကြည်ညိုခဲ့ဘူး
2026-10-14 09:44:21
7
soe.lwin.htun01
ko Gyi ♑🍀🍀🍀 :
ဗမာတွေရဲ့ အသဲနှလုံးပါ
2026-10-14 06:26:50
5
heainthu.kha
Heainthu Kha :
အဘကိုလဲ အာ့လိုပြည်သူကြားမှာ မြင်ချင်မိတယ်
2026-10-14 07:15:34
3
ko11lay
ko ko :
သေချာတာ တော့အဲ့လူအုပ်ကဘုရားကို ကျော်ပြီး အ မေဆုလာ တွေ့တာ ဘုရားကို တောင်အားနားမိပါတယ်🙏🙏
2026-10-14 08:13:19
4
makalayar88
Ma Kalayar :
မသိလို့မေးပါရစေတကယ်ပဲလာရှင်မယုံရဲလိုပါမြင်ရတဲ့မြင်ကွင်းကိုကျိပီမျက်ရည်ပါကျမိပါတယ်၀မ်းသာလွန်းလို့ပါ
2026-10-14 09:04:20
1
susuhlaing8430
Su Su HIaing :
ပုံဟောင်းကြီးပါ
2026-10-14 12:04:00
2
htarthakhin8582
MaEieikhaing8582 :
ဘယ်နေ့ကလဲ
2026-10-14 07:38:14
0
To see more videos from user @nld052, please go to the Tikwm homepage.

Other Videos


About