@fayasheiee0: ဘဝမှာ ယောကျ်ားတစ်ယောက်ကြောင့် မိန်းမနှစ်ယောက် ပတ်သတ်ရမှာ ဆွေးနွေးရမှာ ရန်ဖြစ်ရမှာ ဖြေရှင်းရမှာကို အရှက်ဆုံးပဲ ကိုယ့်အချစ်ရေးမှာ တတိယလူပေါ်လာတဲ့ ကိစ္စမျိုးတွေမှာဆိုရင်လည်း အဲ့မိန်းမကို အပစ်တင်တာ တိုက်ခိုက်တာ မုန်းတီးတာမျိုးတွေထက် ကိုယ်ယုံကြည်လို့ ရွေးချယ်ထားတဲ့သူမှာပဲ တာဝန်အပြည့်အဝရှိတယ်လို့ ခံယူထားတယ် ရုတ်တရက် သိလိုက်ရတဲ့အချိန် စိတ်မထိန်းနိုင်လို့ ကိုယ့်အပိုင်မှန်းသိအောင် ခဏလောက် မဏ္ဍပ်တိုင်တက်ပြရတာမျိုးတွေ လုပ်ခဲ့မိရင်တောင် ပြန်တွေးမိရင် တနုံ့နုံ့နဲ့ ရှက်တယ် ကိုယ်က အမှားလုပ်မထားပါဘဲနဲ့ ကိုယ့်ချစ်သူကို ပိုင်ရှင်ရှိမှန်း လာပတ်သတ်တဲ့ မိန်းမတွေ ဘယ်သူမှမသိပါဘူးလေဆိုပြီး ကွယ်ရာမှာ ကိုယ်ကျင့်တရား သုညဖြစ်နေတဲ့ မိန်းမတွေကို ဘာလို့ပြန်ရှက်နေရမှာလဲလို့မေးရင် ကိုယ့်ခံယူချက်ကိုက အဲ့လိုစိတ်ဓာတ်နဲ့ မိန်းမမျိုးတွေကို အလိုလို တဆင့်နိမ့်ပြီးသား ဖြစ်တယ်လို့ သတ်မှတ်ထားလို့ပါ ဒါကြောင့် ဘဝမှာ ဒီလိုကိစ္စမျိုးတွေ ကြုံလာခဲ့ရင် တိုက်ခိုက်တာ ကိုယ့်ဘက်ပါအောင် ပြန်ဆွဲတာတွေ တခါမှမလုပ်ခဲ့သလို အဲ့အမျိုးသမီးတွေရဲ့ နာမည်တွေလည်း ဦးနှောက်ထဲမှာ ခပ်ရေးရေးတောင် မမှတ်မိနေခဲ့ဘူး ကိုယ့်စိတ်နှလုံးသားထဲမှာ တမြေ့မြေ့ တောက်လောင်နေမယ့် မီးစကို ဘယ်တော့မှ အစာမကျွေးခဲ့ဘူး တခြားသူ မြှူဆွယ်လို့ ပါသွားတာပါဆိုတဲ့ ဆင်ခြေတွေနဲ့ ကိုယ့်ဦးနှောက်ကို အမွှန်မခံဘူး ဘယ်သူ့ကို ပိုချစ်လဲတွေ ဘယ်သူ့ကို ပြတ်နိုင်လဲတွေ မသိချင်ဘူး အခြေအနေအရ ရေရှည်တွေးပြီး ကိုယ့်သဘောထားအတိုင်း ဆုံးဖြတ်ခဲ့တာပဲ ဘဝနဲ့ချီပြီး တည်ဆောက်ထားခဲ့တဲ့ ဆက်ဆံရေးတွေမှာရော သံယောဇဉ် ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားခဲ့တဲ့ ဆက်ဆံရေးတွေမှာရော တတိယလူတွေ ကြုံခဲ့ဖူးပါတယ် ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေတွေမှာတောင် ပိုင်ရှင်ရှိတာသိလားဆိုတဲ့ မေးခွန်းမျိုးကလွဲပြီး ဘာပြဿနာမှ နောက်ဆက်တွဲ မရှိခဲ့ မလုပ်ခဲ့ဖူးဘူး အမှန်အတိုင်းပြောရင် ကိုယ့်ခံယူချက်နဲ့ ကိုယ့်ရပ်တည်မှုအရ အဲ့လိုအမျိုးသမီးတွေနဲ့ တန်းဆင်းပြီး စကားပြောရတာ တိုက်ရိုက်ဆက်ဆံခဲ့ရတာကို ပြန်တွေးတိုင်း ရှက်တယ် သူ့ဘာသာ အများအမြင်မှာ ဘယ်လိုချေမိုးနေတဲ့ မိန်းမဖြစ်ဖြစ် လူအထင်ကြီးစရာ ဘယ်လိုအနေအထားမျိုးပဲရှိရှိ ပိုင်ရှင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့ ပုန်းလျှိုးကွယ်လျှိုး ပတ်သတ်နေရပြီဆိုကတည်းက ပါးစပ်ထဲထည့်ပြောစရာ လက်ရည်တပြင်တည်း ညှိနှိုင်းနေစရာ အဆင့်အတန်း မတူတော့ဘူးလို့ သတ်မှတ်ထားလို့ပါပဲ sakura 🌸#fyp #xyzbca #moost?

yrnn
yrnn
Open In TikTok:
Region: MM
Wednesday 14 October 2026 05:22:04 GMT
169889
27699
62
2442

Music

Download

Comments

arrluukyaw201
A is 𝘈𝘳𝘳 𝘓𝘶𝘶 𝘒𝘺𝘢𝘸! :
ယောင်္ကျားတစ်ယောက်ကြောင့်မမြင်ဘူးတဲ့မိန်းမတစ်ယောက်ကိုမုန်းရမယ်လို့မထင်ခဲ့ဘူး
2026-10-14 05:28:51
120
nyeinsandimoe6
Mee🥑 :
ငါချစ်တဲ့သူကချစ်တဲ့မိန်းကလေးပဲဆိုပြီး နစ်နာသွားအောင်စကားတစ်ခွန်းမထွက်ရက်ခဲ့ဘူး ညီမလေးသူ့ကိုချစ်လားလို့ပဲမေးနိုင်ခဲ့တယ် သူ့ကိုလဲတခြားလူတွေအမြင်မှာအထင်သေးခံရမာစိုးလို့ ကိုယ်တိုင်တောင်အပြစ်မပြောရက်ခဲ့ဘူး ပိုင်ရှင်ရှိတာမသိခဲ့လို့ဆိုရင် အခုပိုင်ရှင်ရှိတာသိသွားပြီလေ ဘာလို့ဆက်ပြီးပတ်သတ်ကြတာလဲ နောက်မှတွေ့ခဲ့တဲ့ညီမလေးကတောင်ဒီလောက်ထိမစွန့်လွှတ်နိုင်ရင် အဆိုးဆုံးအချိန်တွေကိုအတူရင်ဆိုင်ခဲ့ရတဲ့အမကို ကိုယ်ချင်းစာစေချင်ပါတယ်
2026-10-14 08:09:45
24
tinzarmoe22
T :
ရှက်လို့ဘယ်သူ့မှမပြောဘူး အငိုပဲသန်လို့ငိုပဲငိုခဲ့တယ်
2026-10-14 06:48:46
15
nannini1
Sapphire 🩵 :
ရှက်လွန်းလို့ ဘာမှမပြောနိုင်တော့ဘူး💔
2026-10-14 10:03:36
9
.kate1368
𝑺𝒉𝒘𝒆 𝒀𝒊 :
စာသားလေးပေးပါလားရှင့်😘
2026-10-14 09:25:47
2
noor365556
🪽نور :
စကားသွားပြောခဲ့ပေမယ့် နစ်"နာ"ရယ်လို့ မပြောခဲ့ပါဘူး ညီမလေးရေ မှားမှန်းသိ"နောက်ဆုတ်ပေးလို့လဲ ကျေးဇူးပါ မစွန့်လွှတ်နိုင်လို့ ခွင့်လွှတ်ပီး အနားမှာပဲ ရှိနေခဲ့တာ နာကျင်ရတာတော့ ရင်နှင့်အမျှပါပဲ ကိုယ်ရှိရက် တခြားအမျိုးသမီးကိုဝင်ခွင့်ပြုလိုက်တာကို အလွန်နာကျည်းပေမယ့် မစွန့်လွှတ်နိုင်သေးသ၍ ...
2026-10-14 09:05:38
3
shwe.677
Pon Nyo :
စာသားလေးချပေးပါ🥰
2026-10-14 14:45:58
1
yra77994au8
နောက်လည်းမလာနက်လာလည်းမနောက်နက် :
gpပါကြမလားရှင့်
2026-10-14 13:38:30
0
k.mon08
🐾🐣ဒေါ်ပိုးကီ"🙎🐾 :
ခုဖြစ်နေတာရှင့် လက်လည်းမလွှတ်နိုင် မနာလည်းလိုပါတယ်အားလည်းကျပါတယ် သူ့အိမ်ကသဘောတူထားတဲ့အမျိုးသမီးကို မလွဲသာလို့ပါတဲ့လေ နှစ်ယောက်တွဲနေရသလိုဖြစ်နေရင်နားလည်ပေးပါတဲ့ ကိုယ်ကမှဆုံးရှူံးရမှာကြောက်တာကို နားလည်ပေးရမှာပေါ့"💔😌
2026-10-14 13:50:50
1
thaethaenaing43
TN🦥 :
ဖစ်ဖူးပါတယ် ကိုထင်တာက ကိုကပထမလူပေါ့ ပီးမှသိလိုက်ရတာက ကိုသိထားတဲ့သူ့အမဆိုတာကသူနဲ့2yearရှိပြီတွဲနေတဲ့သူတဲ့ အ့အမကိုယ်တိုင်ကလဲကိုနဲ့တွဲတာကိုသိတယ်တဲ့ကိုနဲ့ပြောတဲ့စာကအစအ့အမကအကုန်ပြန်ဖတ်ရတယ်တဲ့ အ့အမကသူ့ဒီတိုင်းဘဲသဘောကျတာစိတ်ပြေလက်ပျောက်ဖြစ်အောင်တွဲပါတယ်စေဆိုပြီးတစ်လပြည့်ရင်ဖြတ်ရမယ်ဆိုပြီးပြောခဲ့တာတဲ့
2026-10-14 10:27:49
1
yee.mon096
Y :
စာလေးပေးပါ့လား🥹
2026-10-14 09:19:51
1
pokipoki956
K - ခင် 🗯 :
တစ်ချို့အရာတေကရှက်နေလို့ပီးမသွားဘူး
2026-10-14 19:15:38
0
ppp112026
Babe♐ :
အချစ်တစ်ခုမှာ လုယူသွားတယ်ဆ်ိုတာမရှိပါဘူး လိုက်သွားတယ်ပဲရှိတယ် သက်မဲ့ပစ္စည်းမှမဟုတ်တာ ဆန္ဒမပါပဲမရွေ့နိုင်ပါဘူးးး🥀❤️‍🩹
2026-10-14 17:34:21
0
kohaha04
kiki :
ကိုယ်ဆိုရေတွက်လို့မရဘူး မာနကြီးတဲ့မိန်းမတစ်ယောက်က တခြားမိန်းမတွေကို တောင်းပန်ငိုယိုပြီးမပက်သက်ဖို့သွားပြောရတာတွေ အခုတော့လက်လွှတ်လိုက်ပီ တော်တော်လေးလဲပူလောင်ရပါတယ်
2026-10-14 17:01:19
0
kly830
Yuki :
စာသာ Copy ယူချင်လို့ပေးပါလား
2026-10-14 17:44:15
0
mee.mm169
Zing🫟 :
စာလေးပေးပါလား🤍
2026-10-14 11:10:44
0
nant.chit2003
🌸💦Nant 🐼 Chit🌧️🌼♓️ :
ကိုကတော့ရှင်းတယ် သူ့ရည်းစားဟောင်းအပေါ်လည်းကပ်တွယ်ပြီးသဝန်မတိုခဲ့ဘူး ကို့ထက်ပိုချစ်ပေးခဲ့လည်းရတယ် နောက်ကောင်မလေးအပေါ်ကိုလည်းမနာလိုဝန်တိုစိတ်ထားမှာမဟုတ်ဘူး ကို့ထက်ပိုချစ်ပေးလည်းဖြစ်တယ် မိန်းကလေးတစ်ယောက်ကိုဘယ်လိုချစ်ပေးဖို့တန်ဖိုးထားပေးဖို့ ကိုကဘဲအမြဲပြောပြနေခဲ့တာ အဓိကကအမျိုးသားတစ်ယောက်ဆီကအချစ်ကို အမျိုးသမီးတစ်ယောက်ကလက်ခံရရှိတယ်ဆိုရင်ကိုအဲ့အမျိုးသမီးလေးအစားပျော်ရပါတယ်☺️
2026-10-14 15:38:23
0
theint.theint.aun213
Theint Theint Aung :
ကိုယ်အဆင်မပြေတဲ့အချိန်မှာ သူတတ်နိုင်တာလေးနဲ့ ကိုယ့်ကိုအဆင်ပြေစေခဲ့တယ် တစ်ဖန်ကိုယ်အဆင်ပြေလာတဲ့အချိန်မှာ သူ့ကိုသုံးဖို့ပေးတဲ့ပိုက်ဆံနဲ့ တစ်ဖက်မိန်းကလေးကိုsurpriseတွေတိုက်နေလေ ရဲ့ ကိုယ်သွားမပြောခဲ့ပါဘူး တစ်ဖက်မိန်းကလေးပျော်နေတာပျက်သွားမှာစိုးလို့ ကိုယ်ကတော့ရင်နာရတာပေါ့💔
2026-10-14 16:35:37
0
hlainghlaing2343
Hlaing hlaing :
သူ့ကိုသိစေချင်တာကပွင့်လင်းပြတ်သားတ့ဲစကားကိုပြောပါလို့ပဲ
2026-10-14 16:23:37
0
amayar130
😎💞Amayar💞😎 :
cbလေပေးပါပြန်တင်ချင်လို့ရှင့်
2026-10-14 15:01:33
0
user1940019651615
Ya Min :
ဘဝမာအဲ့လိုကြုံလာရင် ဘာလို့ဆို ပြိုင်လည်းမပြောချင်သလို ပြိုင်လည်းမငြင်းချင်ဘူး လက်လွတ်ပေးလိုက်ရတာအကောင်ဆုံးလို့ထင်တယ် ကို ကိုယ်တိုင်လည်းကြုံဖူးတယ်လေ အဲ့လိုခံစားချက်မျိုး ကိုယ့်တစ်ယောက်နဲ့ပြည့်စုံရင်နောက်လူဆိုတာရှိလာမှာမဘူးလေနော် သူ့ဘဝလေးအေးချမ်းပါစေပေါ့
2026-10-14 14:58:07
0
min.ko.ko832
Min ko ko :
ငါကြပြောင်းပြန်ကြီး2နှစ်ပြည့်တော့မယ်2လဘဲလိုတော့တယ် အလူးအလဲဘဲ ကိုယ့်ဘက်ကသာ ပြတ်သားတဲ့စကားလေးတွေကြားချင်မိတာ ကို့တွက်ကြ နုတ်နဲ့တောင်လုံခြုံမူမပေးနိင်ပါဘူး ဒီလို့နဲ့ဘဲ တစ်ချိန်ချိန်မှာ ဝေးရတော့မှာဆိုတဲစိတ်တွေ့နဲ့ ရှင်သန်ရတာမောလိုက်တာ
2026-10-14 14:56:13
1
ma.ngwe517
Yu-ယု🍭 :
အကြောက်ဆုံးအရာတွေဖစ်ခဲ့ပီးပီမို့ အကောင်းဆုံးတွေပဲဖစ်လာဖို့မျှော်လင့်မိပါတယ်
2026-10-14 14:51:15
0
mell.gyi7
kant kaw moe :
ရှက်တာထက်ဝမ်းနည်းတယ်[Teary eyed][Teary eyed][Teary eyed][Teary eyed][Teary eyed]
2026-10-14 11:27:16
0
To see more videos from user @fayasheiee0, please go to the Tikwm homepage.

Other Videos


About