@netthetkyoe3: စိတ်ဒုက္ခတွေ အများကြီး မခံပါနဲ့ ကံပါသလောက်ပဲ ဆုံကြရမှာပါ " ............................................. မတော်တဲ့ဖိနပ်တွေကို စီးပြီး ရောက်ဖို့လည်းမသေချာတဲ့လမ်းတွေကို နောက်တစ်ကြိမ် ထပ်မလျှောက်ပါနဲ့တော့ အရိပ်ရမယ်အထင်နဲ့ အပင်တွေစိုက်ခဲ့ကြ အပွင့် ပွင့်လိမ့်မယ်အထင်နဲ့ ရေတွေလောင်းခဲ့ကြ သက်ရောက်မှုတိုင်းက တန့်ပြန်သက်ရောက်ခြင်းမရှိတဲ့ကမ္ဘာမှာ ဘယ်လူသားကမှ ပေးတိုင်းပြန်မရခဲ့ကြပါဘူး ဒုက္ခတွေအားလုံးထဲမှာ စိတ်ဒုက္ခဟာ အကြီးဆုံးဖြစ်ပြီး ဒဏ်ရာတွေအားလုံးထဲမှာ စိတ်ဒဏ်ရာဟာ ပျောက်ဖို့ အခက်ဆုံးပါ အချိန်ဟာ အားလုံးကို ကုစားပေးမှာပါ တဲ့ အချိန်တစ်ခုရောက်ရင် နေသားကျသွားမှာပါ တဲ့ ဟုတ်ပါတယ် ဒီစကား တကယ်မှန်ပါတယ် ဒါပေမယ့် တစ်ချို့တွေမှာတော့ နေသားကျမယ့် အချိန်ကို ရောက်ဖို့ စောင့်ရတာဟာ သေမလိုလိုပါပဲ ဒီတော့ အချိန်တွေယူ ကုစားပြီးသွားလို့ ကိုယ့်စိတ်လေး အေးချမ်းနေပြီဆိုရင် ဘာကြောင့်နဲ့မှ ပြန်မပျက်စီးပါစေနဲ့တော့ ဘယ်သူလာဖျတ်စီးတာကိုမှလည်း မခံပါနဲ့တော့ တကယ်တော့ ဘဝမှာ ကိုယ့်ရဲ့ အတွင်းစိတ်လေး အေးချမ်းငြိမ်သက်ပြီး ကြည်လင်နေဖို့က ကျန်တဲ့အရာတွေထက် ပိုပြီး အရေးကြီးတယ် အဲ့ဒီအတွက် အတွယ်အတာတွေကို လျော့ချဖို့ လိုသလို အရာရာဟာ ကံပါသလောက်ပဲဆိုတာကိုလည်း မှန်ကန်စွာနှလုံးသွင်းနိုင်ပြီး နားလည်ဖို့ လိုပါတယ် ပေးဆပ်ဖို့ ကျန်နေသေးရင် ပေးရဦးမှာပါပဲ ကိုယ်က တစ်ချိန်က ယူခဲ့လို့ပဲနေမှာပေါ့ ပေးသင့်တာတွေကို ဘဝတွေ မျက်ရည်တွေ နှလုံးသားတွေနဲ့ ကျေအောင် ပေးဆပ်ပြီးသွားပြီဆိုရင်တော့ ပျက်သွားတဲ့ ကံတွေကို အပင်ပန်းခံပြီး အတင်းကြိုးစား၍ လိုက်ဆက်မနေပါနဲ့တော့ စိတ်ဒုက္ခတွေ အများကြီး မခံပါနဲ့ ကံပါသလောက်ပဲ ဆုံကြရမှာပါ အရာရာဟာ ဧည့်သည်တွေပါ အများဆုံး အတူဆုံရလည်း ဒီတစ်ဘဝပေါ့ အချိန်တန်တော့ ကိုယ့်လမ်းကိုယ် သွားကြရမှာ အဆုံးမှာတော့ ခဏတာအလည်လာတဲ့ ဧည့်သည်တွေကို နှလုံးသားနဲ့ရင်းပြီး ဧည့်ဝတ်ကျေချင်တဲ့သူတွေသာ အငိုတွေနဲ့ ကျန်ခဲ့ရစမြဲပါ ။ #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲 #crd

𝕹𝖊𝖙 𝕿𝖍𝖊𝖙 𝕶𝖞𝖔𝖊
𝕹𝖊𝖙 𝕿𝖍𝖊𝖙 𝕶𝖞𝖔𝖊
Open In TikTok:
Region: MM
Wednesday 14 October 2026 06:15:00 GMT
63570
4840
196
495

Music

Download

Comments

susuhlaing557
သီချင်းချစ်သူ :
[Red heart][Red heart]
2026-10-16 15:47:19
0
kokyitharthar
ko kyi thar thar :
မှန်တာပေါ့။ ကိုယ်ပိုင်တာ ကတခဏ တဘဝ သာပါ။ ငယ် ကချစ် အနှစ်တစ်ရာ ဆိုတာ သစ်စာ ရှိ သူတို့ရဲ္မှတ်ကျောက်ပါ မျက်လုံထဲကမထွက်အောင်ချစ်ခဲ့ရသော်လည်း ကံ ကခွဲလိုက်တော့ ရင်ကွဲ ဘဝ ပျက်မတတ် အလူးလဲခံရတာ ပုထုဇဉ်တြို့ဖစ်ရိုးဖြစ်စဉ်တွေပါ သို့သော်ငြားလည်း ေြဖမ ေြပတာကို တရားနဲ့ သံဝေဂ ယူခဲ့လို ဖြေလျော့ခွေရင်းကုန်း ထခဲ့ရ အော် လူ့ဘဝ ပါ
2026-10-15 16:56:37
2
ma.khaing.ma.khai29
@သံယောဇဥ်🎶🎶 :
ပြန်ပြီးကူးယူခွင့်ပြုပါ ရှင့်
2026-10-15 10:56:27
2
ayethandar2240
ayethandar :
စိတ်ခွန်အားတွေရ ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်
2026-10-15 14:50:31
3
moethida096
MoeThida :
copy ယူပါစေရှင့်
2026-10-15 12:15:03
1
dawyeymyint
ဒေါ်ရီရီမြင့် :
တကယ်ကောင်းတဲ့စာသားလေးပါမကုံသေးရင်ပြန်ဆတ်ရပါတယ်[Crying][Crying][Crying][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-15 12:11:48
2
zin.hnin.thet43
ရန်ကုန်အထည်ဆိုင်(ဖြူးမြို့) :
မှန်တာပေါ့ရှင့်ကျမလေဖတ်နေရင်မျက်ရည်တွေကျလာရပါတယ်ရှင့်
2026-10-15 07:00:13
2
lamin9538
LA MIN :
ကူးယူခွင့်ပြုပါ
2026-10-15 10:40:19
1
khinmarkyi356
ရွှေညာသူ :
ကံပါသလောက်ဆုံရတယ်ဆိုတာလဲသိပါတယ် သားကြီးစောထွက်သွားတော့ကျန်ခဲ့မိဘ၂ပါးက အရူးတပိုင်းကြီးပေါ့ရှင်😭
2026-10-16 06:42:43
1
user3282512858061
ယိင်းယိင်း :
ပြန်တင်ခွင့်ပြုပါရှင့်🥰🥰🥰🥰
2026-10-15 03:26:17
1
aye.kying23
Aye Kying :
တရါးကြသွါးပြီးလါးဘယ်သူကိုရည်ရွယ်ဒါလဲသိခွင့်မရဘူးလါး
2026-10-15 11:01:13
2
soemoe6923
ထက်အောင် :
တန်ဘိုးရှိတဲ့စာသားတွေဗျာအမှန်တရားတွေ
2026-10-15 06:09:55
2
user5185819828158
.မေတ္တားတန် :
သာဓုပါ
2026-10-15 09:02:10
1
thanthan7823
thanthan7823 :
ဟုတ်ပါတယ်နော်
2026-10-14 09:56:41
1
dw.win.win.shwe.ha
D@w Win Win Shwe hair & makeup :
2026-10-15 05:52:30
1
khin.win.maung81
အညာသား :
ကောင်းလိုက်တဲ့ဆိုဆုံမစကားပါဗျာ
2026-10-15 06:41:16
1
user5800184348423
user5800184348423 :
ကျေးဇူးပါ
2026-10-14 14:47:07
1
daw.san.san.aye70
Daw San San Aye :
မမှန်ပါတယ်🥰🥰
2026-10-14 15:40:26
1
uba.soe
@maw 68912 :
🩵🤍🩷💚🕊
2026-10-14 13:17:47
1
nno_1124
N :
ပြန်တင်ခွင့်ပြုပါ
2026-10-14 13:55:04
1
poe.eain232
Poe Eain :
အရမ်းကောင်းပါတယ် ဒီဆောင်ပုဒ်ကို ပီးအောင်ဖတ်ပါတယ် ခံစားရတယ် မျက်ရည်လည်း ကျမိတယ် ပြန်တင်ခွင့်ပေးပါနော် ခွင့်တောင်းတာပါ
2026-10-15 10:04:58
1
ma.cho7130
Anty Khaing :
မှန်လိုက်တာ
2026-10-14 06:30:54
2
nwe.lay3793
😘သဒ္ဒါလေး မေမေ😘 :
ကူးယူခွင့်ပြုပါရှင်
2026-10-14 08:28:56
1
user5103997557094
ဦးလေးကြီး :
သူမဟုတ်လိုဝေးရတယ်လေကို့ဆီမှာနေုတုံးကအကပ်မခံတာလေအဲ့တုံးကစကားပြောဖူးထားရင်လွယ်ပါခုပိုဝေးသွားကုန်ကြပြီနီးဖိုမလွယ်တော့ဖူးထင်တယ်စကားပြောခွင့်မရရင်မလွယ်လောက်ဖူးထင်တယ်ကိုကလဲလက်မလွတ်နိုင်ဘူးကို့ကိုထားခဲ့မှာအရမ်းကြောက်တယ်
2026-10-14 12:20:31
2
ma.cho.khaing2
Ma Cho Khaing :
👍👍👍👍👍👍အမှန်းကိုမြင်နိုင်သိနိုင်ပါစေ
2026-10-14 15:08:08
1
To see more videos from user @netthetkyoe3, please go to the Tikwm homepage.

Other Videos


About