@mandalayfreepress: အင်းတော် မဲဇာကနေ ဝန်းသိုမြို့ဘက် စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးလို့ တိုက်ပွဲ ဖြစ်နေ၊ ခါးခါး/MFP၊ အောက်တိုဘာ - ၁၃ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေး အာဏာသိမ်း စစ်အုပ်စုက လေကြောင်းပစ်ကူသုံး ထိုးစစ်ဆင်ပြီးနောက် မဲဇာရွာကနေ ဝန်းသိုမြို့ဘက် ဆက်လက် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ အောက်တိုဘာ ၆ရက်မှာ အင်းတော်မြို့ကတဆင့် မဲဇာကျေးရွာဘက် စစ်အုပ်စု အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်ဆင်သလို လေကြောင်းပစ်ကူသုံး တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၉ရက်မှာ မဲဇာရွာထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ မဲဇာရွာကတဆင့် ဝန်းသိုမြို့ဘက် ဆက်လက် စစ်ကြောင်းထိုးနေပြီး မဲဇာနဲ့ ဝန်းသို ကြား ကားလမ်းတလျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ "အခုလည်း မဲဇာမှာတော့ တစ်ဖွဲ့တော့ ချန်ထားတယ်လို့ ပြောတယ်။ ဝန်းသိုဘက်သွားတဲ့ အဖွဲ့က သွားတယ်၊ မဲဇာမှာ ထိုင်နေတဲ့ အဖွဲ့က ထိုင်နေတယ်" စစ်အုပ်စုဟာ မဲဇာနဲ့ ဝန်းသိုကြားကို လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲနေပြီး အောက်တို ဘာ ၁၂ရက် မနေ့က ညနေပိုင်းမှာပဲ ပိန်းအင်းကျေးရွာအနီး သရက်ခြံကို ဗုံးကြဲတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ဗုံးပတ်ကြဲ၊ ရန်ပြုနေလို့ မဲဇာနဲ့ ဝန်းသိုမြို့ကြား ကားလမ်းတလျှောက်မှာရှိတဲ့ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဘေးရှောင် ထွက်ပြေးနေကြရသူတွေထဲ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်နဲ့ နားမကျန်းသူတွေ ပါဝင်ပြီး ဆေးဝါးနဲ့အစားအသောက်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက MFP ကို ပြောပါတယ်။ "ထမင်းကိုချက်လို့ မရတာ၊ ဗုံးက ကြဲနေတာဆိုတော့ အကုန် ဆက်ပြေးရတာပ' စစ်အုပ်စုက မဲဇာရွာကို ပြန်ရရေး စတင် စစ်ကြောင်းထိုးတဲ့ အောက်တိုဘာ ၆ရက်ကစလို့ တပတ်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှု ရှိသလို စစ်အုပ်စုဘက်က လေကြောင်း ကနေ ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။ မဲဇာစံပြကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ တိုက်နယ်အဆင့် ရွာကြီးဖြစ်ပြီး မန္တလေး - ရွှေဘို - မြစ်ကြီးနား ရထားလမ်းဘူတာ လမ်းဆုံဖြစ်ကာ တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ မဲဇာနယ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ စစ်ကြောင်း မထိုးခင် စက်တင်ဘာ ၂၁ရက်ကနေ ၃၀ရက်အထိ အင်းတော်၊ ကသာ၊ ထီးချိုင့်နဲ့ ဟုမ္မလင်းမြို့နယ်တွင်းရှိ ကျေးရွာတွေနဲ့ ကုန်သွယ်ရေး လမ်းတွေကို ဗုံးကြဲရာ လမ်းပေါ် သွားလာနေတဲ့ ယာဉ်မောင်းနဲ့ ကုန်သည်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလကစလို့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ကသာနဲ့ အင်းတော်နယ်တွေ ပြန်ရရေး၊ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းကို စိုးမိုး ထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်နိုင်ရေး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ စစ်အုပ်စု အနေနဲ့ ထီးချိုင့်၊ ကသာနဲ့ အင်းတော်မြို့ပေါ် ရပ်ကွက်တွေကို ထိန်းချုပ် ထားနိုင်ပေမယ့် လမ်းပိုင်းကိုတော့ အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး စစ်ကိုင်း - မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ - ယာကြီး - ကလေးဝ - ကလေး - တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #အင်းတော် #ဝန်းသိုမဲဇာ
mandalayfreepress
Region: TH
Wednesday 14 October 2026 09:07:11 GMT
Music
Download
Comments
Daw Zar Chi :
စိတ်ညစ်နေပါပီ အရှုံးပေးလိုက်ပါတော့ အေးဆေးမနေရမယ့်အတူ🤧🤧🤧🤧
2026-10-14 10:49:49
4
🇲🇲စစ်ငြိမ်းချမ်း(ဝန်းသိုမြေ) :
အေးပါကွာ ဘေးကင်း ကြပါစေ မတတ်နိူင်ဘူး😳😳
2026-10-14 10:28:38
2
Kaung kaung :
မရှိတော့ပါဘူးနောက်မှပြန်လာမှာဘာသိတယ်
2026-10-14 12:55:24
0
ST Saw Htun :
မအူကုန်းရောလွတ်ရဲ့လာဗျာ
2026-10-14 12:21:31
0
Noe Noe Oo :
ဥသျှစ်ကုန်းရော အဆင်ပြေကြလားရှင်
2026-10-14 11:37:56
0
ဇူးဇူး(သစ်ပုံလွင်သူ)💐💐💐 :
အဲ့အသံကြားရတော့ဝမ်းနည်းမိတို့ရွာလေးလဲပြေးနေကြရတာပအမေတို့စိတ်ပူမိ
2026-10-14 11:31:36
0
Rain Brow :
သက်ကြီးရွယ်အိုကလေးအမေတွေသနားပါတယ်ဘေးကင်းကြပါစေ🙏
2026-10-14 10:59:28
0
huyrfghhjn :
ပြည်သူကာကွယ်ရေးရှိတယ်ဆို
2026-10-14 11:55:04
0
Ko Al Nyi :
အိမ်ပြန်ပြီး မိဘနဲ့ သီးကျွတ်မီးထွန်းပွဲကျင်းပကြပါတေ့ာကွ မင်းတို့သေနတ်ကိုကြောက်လို့ပြည်သူတွေ တည့်မပြောရဲတာ မင်းတို့ကိုတကယ်မကြိုတ်တေ့ာတာ အေးဆေးနေပေးကြပါတေ့ာကွ
2026-10-14 10:54:30
4
min min kyaw :
ဘယ်ပြေးနေကျတာလဲနက်နက်မရှိတဲ့ပြည်သူပဲအနိုင်ကျင့်နေတာလား
2026-10-14 11:16:02
1
ကိုနေရဲ :
finish
2026-10-14 10:17:10
1
uzind985 :
Good
2026-10-14 10:23:14
1
Kyaw Myint :
2026-10-14 13:24:37
0
🇲🇲🇲🇲🇲🇲 :
ဂျိုး တောင်ရွာပါ ဝင် ပေးပါ
2026-10-14 12:34:30
0
kyaw naing :
အဲ့ဒီဒေသမှာပဒတ်နေတွတကယ်မရှိဘူးပေါ့
2026-10-14 11:50:07
0
Arr Ti :
သူပုန်ရှိရင်ဖြစ်မှာဘဲလေ
2026-10-14 13:05:12
0
စကိုင်တိုင်းကောလင်းဝန်သိုသူ :
😳😳😳
2026-10-14 10:06:31
1
kyan zin :
😳😳😳
2026-10-14 11:50:29
0
kyaw thuta :
❤️❤️❤️
2026-10-14 13:30:13
0
ဘစ်တစ်ထည်နဲ့ချစ်တယ်🙊🫨👀 :
😭😭😭
2026-10-14 10:21:55
0
Kyaw Kyaw :
🥰🥰🥰
2026-10-14 09:51:25
0
အခါးကြိုက်တဲ့ ပျားမိုက် 2025 :
😥😥😥
2026-10-14 10:21:10
0
user3306332437382 :
🥰🥰🥰
2026-10-14 10:49:14
0
🧑🦰အမေသားလူဆိူး☠️💀 :
[Innocent][Innocent][Innocent][Innocent]
2026-10-14 13:26:01
0
Myo Gyi :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-10-14 09:18:32
0
To see more videos from user @mandalayfreepress, please go to the Tikwm
homepage.