@palae.palae54: ပြသထားသော ဗြိတိသျှခေတ်ဟောင်း ဓာတ်ပုံထဲတွင် ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်၏ ကျောက်လုံးတော်ပေါ်ရှိ စေတီခြေရင်းတွင် တည်ရှိနေသော ခြင်္သေ့ရုပ်ငယ်နှစ်ခုမှာ စေတီတော်ကို စောင့်ရှောက်ရန် ထားရှိခဲ့သော အစောင့်ခြင်္သေ့ရုပ်တုများ ဖြစ်ကြသည်။ ယခုခေတ်တွင် ထိုခြင်္သေ့ရုပ်လေးများ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းများမှာ- ခေတ်အဆက်ဆက်တွင် ကျိုက်ထီးရိုးစေတီတော်ကို ဉာဏ်တော်မြှင့်ခြင်း၊ ရွှေသင်္ကန်းအထပ်ထပ် ကပ်လှူခြင်းနှင့် စေတီတော်၏ ခြေတော်ရင်း (ပလ္လင်တော်) အား ပိုမိုခိုင်ခံ့အောင် ပြန်လည်မွမ်းမံ တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ စေတီတော် ပတ်ပတ်လည် ပလ္လင်တော်အား ချဲ့ထွင်ပြုပြင်ချိန်တွင် မူလကရှိခဲ့သော ရုပ်တုဟောင်းများကို ဖယ်ရှားခဲ့ကြသည်။ အဆိုပါ ကျောက်လုံးတော်ပေါ်ရှိ ရုပ်တုငယ်များသည် ရေရှည်တွင် ရာသီဥတုဒဏ်နှင့် ပြုပြင်မွမ်းမံမှုများကြောင့် ပျက်စီးနိုင်သဖြင့် ဖယ်ရှားခဲ့ပြီး၊ ၎င်းတို့အစား ဘုရားဖူးများ လာရောက်ရာ ကျိုက်ထီးရိုး ရင်ပြင်တော် အဝင်ဝနှင့် တောင်တက်လမ်း တစ်လျှောက်တွင် ပိုမိုကြီးမား ထင်ရှားသော အစောင့်ခြင်္သေ့ရုပ်တုကြီးများ ကို ပြောင်းလဲတည်ဆောက် ပူဇော်ခဲ့ကြသည်။ ကျိုက်ထီးရိုးစေတီတော်ပေါ်မှ ဖယ်ရှားထားသော ထို အစောင့် ခြင်္သေ့ရုပ်ငယ်များမှာ လောကီပညာအတွက် အာနိသင်ရှိနိုင်သည်ဟု ယူဆသော လောကီဆရာတစ်ချို့ လာရောက်တောင်းယူခြင်း၊ ခိုးယူခြင်းများရန်ကြောင့် အစက ပစ္စည်းအဟောင်းများထားသည့် စတိုခန်းအတွင်းမှ ဘယ်နေရာသို့ ရွှေ့ပြောင်းသိမ်းဆည်းထားသည်ကို အဆိုပါအချိန်က ဘုရားဂေါပက လူကြီးများပင် မသိရှိကြဘဲ ကျိုက်ထီးရိုးဆရာတော်ကြီး၏ အစီအမံဖြင့်ပင် အခြားလုံခြုံရာသို့ ရွှေ့ထားသလား၊ ဌာပနာတိုက်အတွင်းသို့ မြုပ်နှံလှုဒါန်းလိုက်သလားဆိုသည်မှာလဲ ရှေးဟောင်းပစ္စည်းရှာဖွေသူများနှင့် လောကီဆရာများ၏ လက်ဆင့်ကမ်းလာသော စကားများအရ မှန်းဆကြည့်ယုံမျှသာ တတ်နိုင်ပါတော့တယ်။ နှစ်ပေါင်းများစွာ ကျိုက်ထီးရိုးစေတီကြီး၏ အပေါ်ဖက်တွင် အစောင့်ရုပ်တုအဖြစ် ထွင်းထုခဲ့သည့် အဆိုပါ ခြင်္သေ့ရုပ်လေးများသည် သာမန်အားဖြင့် အင်္ဂတေဖြင့် ထုလုပ်ထားသည့်အရုပ်ဆိုသော်လည်း လောကီပညာရပ်တစ်ချို့နှင့် ရှေးဟောင်းပစ္စည်းရှာဖွေသူများ လိုချင်တက်မက်ခဲ့ရသည့် ရှေးဟောင်း ဂမ္ဘီယရုပ်တုများစာရင်းတွင် ယနေ့အချိန်ထိ တန်ဖိုးရှိရှိစွာဖြင့် ပြောစမက်တွင်နေဆဲ ဖြစ်ပါသည်။ တစ်ချို့အရပ်စကားများအရ အင်္ဂတေရုပ်တုက ရှေးဟောင်းပစ္စည်းစာရင်းထဲ ဘယ်လိုပါတာလဲဟု မေးခွန်းရှိပါတယ်။ ထိုအရုပ်များစတင် ထုလုပ် လှူဒါန်းခဲ့စဉ်က လုံအောင်ထားသည့် ကြေးမည်းဖြင့် ခြင်္သေ့ရုပ်တုပုံထွင်းထားပီး အပေါ်မှ အင်္ဂတေဖုံးထားသည်ဟု ကောလဟာလများကြောင့်လည်း ပို၍ လူစိတ်ဝင်စားခဲ့ကြခြင်း ဖြစ်ပါသည်။ #တော်ဝင်ဘားမား #သမိုင်းအမှန်ဖော်ထုတ်သူ #မြန်မာ့သမိုင်း
Royal Burma
Region: MM
Wednesday 14 October 2026 11:05:53 GMT
Music
Download
Comments
မင်းသိုက်စိုး🇲🇲🇲🇲🇲🇲🇲🇲 :
🙏🙏🙏🙏🙏မှတ်သားအပ်။
2026-10-14 11:21:55
2
Sandar :
အခုဘယ်ရောက်သွားတာလဲမသိဘူးနော်
2026-10-14 14:19:46
0
Engeline :
🙏🙏🙏
2026-10-14 14:16:59
0
June Rain :
[Pray][Pray][Pray]
2026-10-14 13:21:03
0
ကိုကိုညိမ်း :
🥰🥰🥰
2026-10-14 14:28:44
0
To see more videos from user @palae.palae54, please go to the Tikwm
homepage.