@kbztainews: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် . ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ ဟိုက်ဒြိုကွင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မြို့လူထု စုပေါင်းထည့်ဝင်ငွေဖြင့် အုတ်တံတိုင်း ကာရံလျက် ရှိကြောင်း သိရသည်။ . အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်တွင် လမ်းနယ် နိမိတ်တိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖောင်ဒေးရှင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကာ အောက်တိုဘာ ၁၂ ရက်အထိ လုပ်ငန်း ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ . ကာရံနေသည့် အုတ်တံတိုင်းမှာ အရှည် ၄၅၆ ပေ၊ အမြင့် ၅ ပေခွဲ ရှိမည်ဖြစ်ပြီး သံတံခါးလုပ်ငန်း ၂ ချပ် ပါဝင်မည်ဖြစ်ကာ မြို့လူထု ထည့်ဝင်ငွေ ကျပ်သိန်း ၅၇၀ ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ . “ပြည်နယ်အစိုးရက ခွင့်ပြုမိန့်ပဲ ချပေးတာပါ။ မြို့လူထုငွေနဲ့ ကာရံတာပါ။ သံတံခါး ၂ ချပ်လည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။ . အဆိုပါ အောင်ပန်း ဟိုက်ဒြိုကွင်းကို ကုန်တင်ယာဉ်ကြီးများ နားနေကွင်းအဖြစ် အသုံးပြုနေခြင်းဖြစ်ပြီး ကွင်းအတွင်း အောင်ပန်းခန်းမလည်း တည်ရှိနေကြောင်း သိရသည်။ . https://shorturl.at/ozp0V . #KBZTai #Shan #AungBan .

KBZTai News
KBZTai News
Open In TikTok:
Region: MM
Wednesday 14 October 2026 11:25:36 GMT
31911
529
8
39

Music

Download

Comments

vip64392
ဂြိုလ်သား :
ြပီးရင် ကားကွင်းဘေးက ရွှေကံ့ကော် ရှေ့ကလမ်းလေးလဲ ြပင်စေချင်ပါတယ် မုန့်လင်မယား ဒယ်အိုးြဖစ်နေပြီ
2026-10-14 14:30:04
3
warpay601
KHUN A K :
why?
2026-10-14 12:31:22
2
than.zaw.hein04
Than Zaw Hein :
🥰👍
2026-10-14 15:59:16
0
user13859547501664
user13859547501664 :
သခိုးရန် က ကာကွယ်ပြီသားပေါ့
2026-10-14 12:35:10
0
arwailuart
ကိုအားဝေ :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-10-14 12:45:17
0
eiphyulwin678
Ei Phyu :
😳😳😳
2026-10-14 16:10:53
0
aungk522
Myanmar kokyaw :
❤️❤️❤️
2026-10-14 16:14:25
0
To see more videos from user @kbztainews, please go to the Tikwm homepage.

Other Videos


About