@readbywaigyi: ကျွန်တော်တို့တွေအားလုံး “လွတ်မြောက်ခြင်း” အတွက် “ထွက်ပေါက်” ရှိရှာ ခရီးအရှည်ကြီးကို သွားကြရပါတယ်…။ ကျွန်တော်သည်လည်း အဲ့ဒီ စိတ်ဒဏ်ရာတစ်ခု အဲ့ဒီစိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ဖို့ရာလမ်းကို မနေ့ကရော ဒီနေ့ရော စိတ်ဝိညာဉ်က သတိရတစ်ချက် မရတစ်ချက်။ အချိန်က သူ့အလုပ်သူလုပ်သွားလိမ့်မယ်ဆိုတဲ့ စကားကိုလည်း ယုံတစ်ချက် မယုံတစ်ချက် ပါပဲ…။ “အချို့နေ့တွေက အထီးကျန်ဆန်လွန်းတယ် မနက်ခင်းတိုင်းကလည်း ငြီးငွေ့ခြင်းတွေနဲ့ ပျော်ရွှင်ခြင်းရဲ့ အတိမ်အနက်ကိုလည်း မခွဲခြားတတ်တော့ဘူး တကယ်တော့ စိတ်ဝိညာဉ်က အကျဉ်းကျနေခဲ့တာ ကြာပါပြီ…။” ဘဝဆိုတာ တစ်ချိန်ချိန်မှာ ရောက်လာမယ့် ရရှိခြင်းတွေအပြင် အဲဒီရရှိခြင်းတွေစီ သွားနေတဲ့ လမ်းတစ်လျှောက်မှာ တွေ့ကြုံခံစားရသမျှ အရာအားလုံးလည်း ဖြစ်တယ်…။ “လည်ပတ်နေတဲ့ ကမ္ဘာကြီး မရပ်သေးသရွေ့တော့ မမောတမ်း ဆက်လျှောက်နေရဦးမှာပဲ” လွတ်မြောက်ခြင်းဆိုတာ အရာအားလုံးကို စွန့်လွှတ်ပစ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးစေခဲ့တဲ့ အရာတွေကို တဖြည်းဖြည်း လက်လွှတ်တတ်လာခြင်းပါပဲ။ ကမ္ဘာကြီးက ကိုယ့်ကို ကြင်နာပေးဖို့မေ့နေရင်တောင် ကိုယ့်ကိုယ်ကိုတော့ ကြင်နာပေးဖို့မမေ့ပါနဲ့….။ မနိုင်ဝန်ကို သယ်ထားရတဲ့ပုခုံးတွေအတွက် ကိုယ့်စိတ်ဝိဉာဉ်ကို ပြန်လှည့်ကြည့်ဖို့လည်းမမေ့ပါနဲ့ …။ (သီချင်း ထွက်ကတည်းက ကြိုက်ခဲ့ပါတယ် ခု MV နဲ့ တွဲပြီး နားထောင်တော့ မမမေ လိုမျိူး စိတ်ဝိညာဉ်က “လွတ်မြောက်ခြင်း” ရှိရာ”ထွက်ပေါက်”ကို ရောက်မသွားသေးပေမယ့် အဲ့ဒီ “ထွက်ပေါက်” ရှိရာကို သွားဖို့ အားတွေအများကြီးရလိုက်ပါတယ်…။ “လွတ်မြောက်ခြင်း”သီချင်းအတွက် ချစ်ခြင်းမေတ္တာအားဖြင့်လည်း မမမေကို @MAY ကျေးဇူးတင်ပါတယ်…။ ♥️) “ကမ္ဘာကြီးလည်းအေးချမ်းစေချင်ပြီ၊ ငါ့ကိုငါလည်း အေးချမ်းစေချင်ပြီ။”🍀 ကက်ဆက် - Cassette | မောင်ဝေကြီး #စာတို #လွတ်မြောက်ခြင်း

ကက်ဆက် By WAi GYi
ကက်ဆက် By WAi GYi
Open In TikTok:
Region: TH
Wednesday 14 October 2026 12:04:00 GMT
7102
589
1
46

Music

Download

Comments

thazinphuewai
Phoo :
လငကင
2026-10-14 15:38:00
0
To see more videos from user @readbywaigyi, please go to the Tikwm homepage.

Other Videos


About