@arno17128: မူဆယ်မြို့လယ် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ် ​အောက်တိုဘာ-၁၄၊၂၀၂၆။ စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မြို့လယ်ခေါင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့၊ ဈေးရပ်ကွက်နဲ့တောင်ရပ်ကွက်ကြားက နာရီစင်အနီးမှာ ရပ်ထားတဲ့အိမ်စီးကားကို ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးက ဗုံးပစ်သွင်း ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ ၁၂ရက်နေ့ကဖြစ်ခဲ့ပြီး ကားထဲမှာ လူမရှိတဲ့အတွက် လူထိခိုက်မှုမရှိခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ကားကတော့မီးလောင်ပျက်စီးသွားပါတယ်။ " မြို့လယ်‌ ခေါင်မှာဖြစ်တာဗျ။ အဲဒီနေရာက ဈေးတန်းတွေလည်းရှိတယ်။ ဒုစရိုက်သမားအချင်းချင်းဖြစ်တဲ့ပြဿနာကို ပြည်သူလူထုကြားမှာလာရှင်းသွားတာ။ စစ်တပ်ကရော ပြည်သူ့စစ်တွေပါ ဘာမှမတတ်နိုင်ဘူး"လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်ကိုတော့ တိတိကျကျမသိရသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်အများစုကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီကတရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်မြို့ကို ထိန်းချုပ်ထားပါတယ်။ မူဆယ်မြို့ပေါ်မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်နေတဲ့ကျားဖြန့်လုပ်ငန်းတွေလည်းရှိနေပြီး ‌ ဒေသတွင်းမှာတရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူးလို့ မြို့ခံတွေကပြောပါတယ်။ မူဆယ်မြို့ကိုစစ်တပ်ကထိန်းချုပ်ထားပေမယ့် မြို့အနီးက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့နယ်စပ်စစ်ဆေးရေးဂိတ်တွေကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တ​အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ မူဆယ်မြို့နယ်ထဲက ပန်ဆိုင်းမြို့ကိုလည်း MNDAA က ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် မူဆယ်မြို့နဲ့နယ်‌ မြေချင်းဆက်စပ်နေတဲ့ နမ့်ခမ်းမြို့ကို TNLAက ထိန်းချုပ်ထားပြီး နမ့်ဖက်ကာမြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပါတယ်။ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မူဆယ်မြို့ပေါ်မှာတရားဥပဒေစိုးမိုးမှုမရှိကြောင်းမြို့ခံတွေကပြောပေမယ့် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ပန်ဆိုင်း၊ နမ့်ခမ်းနဲ့ နမ့်ဖက်ကာမြို့တွေမှာတော့ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ ဒေသခံ အချို့ကပြောပါတယ်။ #fypppppppppppppppppppppppppppppppppppppppppppppppppppppppppp #

ARNO
ARNO
Open In TikTok:
Region: FR
Wednesday 14 October 2026 12:17:17 GMT
5261
80
2
3

Music

Download

Comments

ku.la670
Ku La :
ထောက်လှမ်းရေးအခန်းကဏ်ဍ
2026-10-14 14:30:44
0
oohtwe556
oohtwe။ ရွှေနဂါး :
ပဲလှော်ကြားက ဆားဖြစ်နေတာပေါ့နော
2026-10-14 14:28:51
0
To see more videos from user @arno17128, please go to the Tikwm homepage.

Other Videos


About