@zawlayhtun7: #နီပေါနိုင်ငံဟိမဝန္တာတောင်တန်း‌ဒေသတွေမှာရှာပါဟ/ဘူတီယာ/ဂုရွန်/တမန်နှင့်ဌာကာလီကဲ့သို့တောင်ပေါ်တိုင်းရင်းသားလူမျိုးစုတွေစုပေါင်းပြီးနေထိုင်ကြတယ်ထိုလူမျိုးအများစုကတိဗက်-ဗမာလူမျိုးစုဝင်တွေဖြစ်ကြပြီးယဉ်ကျေးမှုဘာသာစကားနဲ့နေထိုင်မှုပုံစံတွေကတိဗက်ယဉ်ကျေးမှုအများဆုံးဖြစ်တယ်ဘာသာရေးအနေနဲ့တိဗက်ဗုဒ္ဓဘာသာ(Lamaism)ကိုအဓိက ကိုးကွယ်ကြတယ် နတ်ကိုးကွယ်သူတွေလည်းရှိကြတယ် ဟိမဝန္တာတောင်တန်းဒေသတွေမှာမြေမျက်နှာသွင်ပြင်ကြောင့်စပါးစိုက်ပျိုးဖို့ခက်ခဲတဲ့အတွက်ဘာလီ/မုယော/ပြောင်း/အာလူး/ဂျုံတို့ကိုသာအဓိကထားစိုက်ပျိုးကြတယ်ထင်ရှားတဲ့အစားအစာကဂျုံသို့မဟုတ်ဘာလီမှုန့်နဲ့လုပ်ထားတဲ့"ဆမ်ပါ"(Tsampa)မုန့်ဖြစ်တယ် တောင်ပေါ်ဒေသရဲ့အအေးဒဏ်ကိုခုခံဖို့အတွက်ထောပတ်ဆားနဲ့လဘ္ဘက်ခြောက်တို့ရောစပ်ထားတဲ့တိဗက်ထောပတ်လက်ဖက်ရည်ကိုတစ်နေ့တာမပါမဖြစ်သောက်သုံးကြတယ် တောင်ပေါ်ဒေသထွက်ကောက်နံများနဲ့ချက်လုပ်ထားတဲ့ဒေသန္တရအရက်များကိုလည်းသုံးဆောင်တတ်ကြတယ် တောင်တက်သမားများအတွက်လမ်းပြလုပ်ငန်း/ဝန်သယ်လုပ်ငန်းနဲ့တည်းခိုခန်းလုပ်ငန်းတွေက ထိုဒေသတွေရဲ့အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်တယ် ရှာပါဟလူမျိုးတွေကဧဝရတ်တောင်တက်သမားများရဲ့လမ်းပြနဲ့အဖေါ်အဖြစ်ကမ္ဘာကျော်တယ်တိရစ္္ဆာန်မွေးမြူရေးအနေနဲ့ယာ့က်(yak)လို့ခေါ်တဲ့တောင်ပေါ်ကျွဲရိုင်းကိုအဓိကထားမွေးမြူကြတယ်ယာ့က်နွားတွေကနေနွားနို့/ထောပတ်နဲ့ဒိန်ခဲများကိုထုတ်လုပ်ပြီးဝနစည်သယ်ဆောင်ရာမှာလည်းဝန်တင်သတ္တဝါအဖြစ်အသုံးပြုတယ် အအေးဒဏ်ကာကွယ်ဖို့သိုးမွေးထူထူများ/သိုးမွေးဂျာကင်တွေ/သိုးမွေးဦးထုပ်တွေအသုံးပြုတယ် တိဗက်ရိုးရာချူပါဝတ်စုံကိုပွဲလမ်းသဘင်နဲ့ပွဲတော်ရက်တွေမှာဝတ်ဆင်လေ့ရှိကြတယ်တောင်ပေါ်ဒေသရဲ့ကြမ်းတမ်းတဲ့ဘဝအခြေအနေကြောင့်မိသားစုဝင်များဆွေမျိုးအသိုင်းအဝန်းပတ်ဝန်းကျင်လူများအပြန်အလှန်မှီခိုအားထားမှုအလွန်ကောင်းတဲ့ဒေသတစ်ခုဖြစ်တယ် #ZawLayHtun#fly#for you# #ရောက်ချင်တဲ့နေရာရောက်

ZawLayHtun
ZawLayHtun
Open In TikTok:
Region: MM
Wednesday 14 October 2026 14:27:13 GMT
130388
9633
417
426

Music

Download

Comments

zawlayhtun7
ZawLayHtun :
နီပေါနိုင်ငံပက်သတ်တဲ့တစ်ခြားအကြောင်းအရာလေးတွေကျွန်တော့်profileထဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျ😍🥰 ခင်မင်သူမိတ်ဆွေသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်🫰😍👌🍁
2026-10-15 01:36:12
34
khinhtweyee81
Khinhtweyee :
ကျေးဇူးပါသားလေးမြင်ခွင့်ကြည့်ခွင့်ရလို့
2026-10-15 08:32:19
7
sannsann2256
ချစ်မေမေ ရွှေမန်းမြေ :
ကျေးဇူးပါရှင့်.. နီပေါနိုင်ငံဆိုတာ.မြတ်ဘုရားရှင်ရဲ့ မွေးဖွားရာနေရာဆိုတော့ အရမ်းကို စိတ်ဝင်စားပါတယ်ရှင့်
2026-10-15 09:22:18
15
a.queen.lay
🙏🙏🙏🙏🙏🙏🙏🙏🙏 :
တစ်ဦးနဲ့တစ်ဦး မနာလိုချင်းဝန်တိုချင်းကင်းရှင်းကြလို့ စိတ်ချမ်းသားပြီးအေးချမ်းလိုက်တာ
2026-10-15 12:57:04
2
nan.lin.ohnmar
A Lin :
လောဘနည်းတဲ့လူမျိုးတွေထင်တယ် မျက်နှာမှာ အေးချမ်းမူတွေရှိတယ်
2026-10-15 04:48:55
19
khin.mar.san.lwin
Khin Mar San lwin :
မမြင်ဘူးမသိတဲ့ဗဟုသုတလေးတွေတင်ပေးလို့ကျေးဇူပါ
2026-10-15 08:52:36
4
user795181355
Min Min :
အေးချမ်းတယ်ထင်ရပေမယ့်အနေအထိုင်အစားအသောက်အတော်ဆင်းရဲမယ့်ပုံပဲ အလုပ်အတော်ကြီးလုပ်မှစားရမယ့်သဘော
2026-10-15 11:08:27
4
laytun443
tuntunaye :
Oh h h h
2026-10-15 10:46:29
1
mamalinn73
မမလင်း :
တို့တိူင်းပြည်က တောင်ပေါ်တိုင်းရင်းသားတွေနဲ့. သိပ်မကွာဘူးနော်🍀🍀
2026-10-15 11:25:13
1
user8418111156985
ယောသား :
ရိုးရှင်းလှတဲ့တိုင်းရင်းသားတိုင်းရင်းသူလေးတေပါလား လူလိမ်လူညာပေါမျှားတဲ့မြန်မာပြည့်ထဲ့ အဲဒိလိုနေရာလေးတေက အေးချမ်းပီးရိုးရှင်းလှပါတယ် 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-15 11:56:57
1
soesoe7681
SoeSoe :
သူတို့လေးတွေမြင်ရတာအေးချမ်းတာမမြင်ဘူးတာတွေမြင်ရလို့ကျေးဇူးပါနောက်လည်းများများတင်ပေးပါအုံး
2026-10-15 13:55:33
1
thet.thet.win370
Thet Thet Win :
အေးချမ်းလို့အဲ့မှာသွားနေချင်တယ် ဒါပေမဲ့သူတို့စားသလိုစားနိုင်မယ်လို့တော့မသေချာဘူး
2026-10-15 09:26:37
1
user9653278210456
တိမ် ယံ ချီ🪂🪂🪂 :
❤️❤️❤️❤️❤️
2026-10-15 07:32:07
1
user9734970325
Moe Moe :
ရောက်ဖူးချင်တယ်
2026-10-15 09:16:44
1
thuzartv4
Thu Zar. Hand made♏ :
အေးချမ်းတယ်လို့တော့ပြောမရဘူးသူတို့တွေ အခုလိုပင်ပန်းကြီးစွားမနေချင်ဘူး အဆင်ပြေသလိုနေ ကြရတာ အလိုမျိုးနေဖူးသူတိုင်ကတော့သိတယ် 💞
2026-10-15 10:01:40
1
tulip08399
🌷🌷Tulip🌷🌷 :
မယောက်ဖူးဘေမဲ့ခုလိုတွေ့ရမြင်ရတာတင်ပေးတဲ့သူကို့အရမ်းကျေးဇူးတင်ပါတယ်
2026-10-15 07:52:35
2
myfami479
n~£Oo🧚‍♀️💃 :
မအေးဘူးလားလေအရမ်းတိုက်ရင်သူတို့တဲလေးဘယ်နဲ့လုပ်မလဲ😔😔🤔🤔
2026-10-15 04:28:13
1
carry7234
carry :
🥰
2026-10-15 07:33:52
1
daw.aye6517
Daw Aye :
သနားစရာကော်တဲ့လူဘဝ
2026-10-15 01:02:35
1
username33335000
မန်းမြို့သူညိုချေား😍😍 :
အတ္တမာန မရှိဘူးရိုးရိုးလေး နဲ့ရှင်းတယ်👍
2026-10-15 03:56:59
2
myathae62
Shin :
ရိုးရှင်းလိုက်တဲ့ဘဝတေအေးချမ်းလိုက်ထှာ
2026-10-15 08:03:46
2
shwepikepike
ပန်ထွာ :
you tubeမှာနေ့တိုင်းကြည့်ဖြစ်တယ် သူတို့နေထိုင်မူ့ပင်ပန်းတယ်
2026-10-15 12:18:35
2
aungnaing1377
Aung Naing :
2026-10-15 00:11:15
1
user8321469030435
thandar :
🌹🌹
2026-10-15 00:12:45
1
mya.mya.mon01
Mya Mya Mon :
🥰
2026-10-14 23:03:45
1
To see more videos from user @zawlayhtun7, please go to the Tikwm homepage.

Other Videos


About