@fayasheiee0: ကိုယ့်အပေါ် မကောင်းတဲ့သူ ၊ နာကျင်စေခဲ့သူ ၊ ဖောက်လွဲဖောက်ပြန်လုပ်ခဲ့သူ တစ်ဦးကို … သူနာကျင်မဲ့အချိန် ၊ ဝဋ်လည်မဲ့ အချိန်ကိုစောင့်ပြီး သူကိုယ့်လိုပြန်နာကျင်ရမှ ၊ အပြစ်ကို သိမှ ၊ ဝဋ်လည်မှကျေနပ်မယ်လို့ တွေးမထားနဲ့ ။ အဲဒီစိတ်ဟာ Healing လုပ်လို့မရဘူး ။ ကိုယ့်ကိုပဲ ပိုပင်ပန်းစေတာ ။ ကိုယ့်မပေါ် မကောင်းတဲ့အရာ ကျူးလွန်သူဟာ နဂိုတည်းကမှ ကိုယ့်အတွက်ဆို အရေးမပါလို့ ၊ နောင်တမရလို့ လုပ်ရက်သွားကြတာဖြစ်တယ်။ ကိုယ်နဲ့ဝေသွားရုံနဲ့ပဲ သူ့အမှားကို သိပြီး ၊ အပြစ်ရှိသလို ခံစားနေရလိမ့်မယ်လို့ မထင်ပါနဲ့ ။ သူဟာ သူ့ဗီဇအတိုင်း သူ့ဘဝမှာ စိတ်ကြိုက်ပြုမူနေမှာပါ ။ ကိုယ်ချင်းစာစိတ်သာရှိရင် ၊ မျှမျှတတတွေးတတ်ရင် ခုလို အရာမျိုးတွေ ကိုယ့်အပေါ် လုပ်ရက်ခဲ့မှာ မဟုတ်ဘူးလေ ။ ဒီလိုလူရှိက အပြစ်လိုခံစားရစိတ်ကို မစောင့်မျှော်ပါနဲ့ ။ ဒီစိတ်မျိုးဟာ လူကောင်းတွေဆီမှာပဲ ကိန်းအောင်းတာ ။ ကိုယ်လဲ ကိုယ့်ဘဝကိုသာ အာရုံစိုက်ပြီး ပိုကောင်းတဲ့အရာတွေဆီ ချဉ်းကပ်ပါ ။ ကိုယ့်အပေါ် အပြစ်ကျူးလွန်းသွားသည့်တိုင် ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ ။ ဒီမအရာကသာ ကိုယ့်ကိုကိုယ် ပြန်ကုစားနိုင်မှာ ဖြစ်တယ် ။ တကယ်လို့များ ကိုယ်ဟာ .. ကိုယ့်ဘဝကို အာရုံမစိုက်ပဲ … သူဝဋ်မဲ့အချိန်ကို တစိမ့်စိမ့်စောင့်ကြည့်နေရင် ဘာမှမဖြစ်သလို ဘဝကို ကောင်းကောင်းရှင်သန်ခွင့်ရနေတဲ့သူ့ကို ကြည့်ပြီး ကိုယ့်ဘဝကိုသာ စိတ်ပျက်လာနိုင်တယ် ။ အပြစ်ရှိစိတ်တောင် မခံစားရပဲ သူတော်ကောင်းလုပ်နေတဲ့သူကို အမြဲစောင့်ကြည့်ပြီး ပူလောင်နေလိမ့်မယ် ။ ဒါကြောင့် ဝေးပြီးတဲ့နောက် ကိုယ်ကသာ လိပ်ပြာလုံအောင်နေပြီး ဘဝကို ရှေ့ဆက်ရမှာပါ ။ ပိုအဖိုးတန်တဲ့သူဖြစ်လာရမှာ ။ အရာရာကို ခွင့်လွှတ်ခြင်း ၊ မမုန်းခြင်းနဲ့ ထားခဲ့ပြီး ဘဝကို လွတ်လွတ်လပ်လပ်သွားရမှာဖြစ်တယ် ။ ဒါမှသာ စိတ်ရောလူပါ ကြည်လင်ပြီး ပိုကောင်းတာတွေ ရွေးချယ်နိုင်လာလိမ့်မယ်။ လူတစ်ယောက် အကျပိုင်းရောက်ဖို့ ၊ နာကျင်ဖို့ စောင့်မျှော်နေတာဟာ မိမိကိုယ်ကို Negative energy တွေ မွေးမြူနေတာဖြစ်တယ် ။ ကိုယ်တိုင်လည်း အဲလိုလူနဲ့ အဆင့်တူဖြစ်အောင် နိမ့်ချမိနေတာနဲ့တူတယ် ။ ဒါကြောင့် ဝဋ်လည်လာမဲ့အချိန်ရောက်ဖို့ ဆုမတောင်းနဲ့ မေတ္တာပဲ ထားပါ ။ လောကမှာ အမြဲမှန်နေတာတစ်ခုက လူတစ်ယောက်ဟာ ဘယ်သူ့အပေါ်မှာ ကောင်းကောင်း ၊ လူတွေရှေ့ ဘာတွေပဲ ကောင်းတာလုပ်ပြပြ … တစ်ဦးတစ်ယောက်အပေါ် နာကျင်စေမိရင် ၊ ယုတ်မာမိရင် အဲဒီအကျိုးဆက်က သေချာပေါက် ပြန်ခံစားတာပါပဲ ။ ကိုယ်က ခွင့်လွှတ်လည်း ဝဋ်က သူ့အလုပ်သူ လုပ် နေမြဲဖြစ်တယ် ။ ဒါကြောင့် စိတ်မနာပါနဲ့ ။ သူ့အပြစ်ရဲ့ ပူလောင်ခြင်းတွေ ကိုယ့်ကိုမကူးစက်စေနဲ့ ။ သူ့ရဲ့ အမှားတွေနဲ့ ကိုယ့်ရဲ့ဖြူစင်တဲ့ စိတ်ဝိဉာာဉ်ကို မစွန်းထင်းစေနဲ့ ။ ကလဲ့စားချေဖို့ မလိုပါဘူး ။ သူ့အလုပ်သူ လုပ်မဲ့အရာတွေရှိတယ် ။ မကောင်းတဲ့စိတ်ရှိသူဟာ မကောင်းတဲ့ဘဝမှာသာ နေခွင့်ရတာ ။ ကိုယ့်ကိုကိုယ်သာ အမြဲသတိကပ်ပြီး စိတ်ကောင်းပဲ ထားနိုင်ဖို့ ကြိုးစားပါ ။ ဒီအရာတစ်ခုတည်းကပဲ ကိုယ့်ဘဝကို ကယ်တင်နိုင်တာ ဖြစ်တယ် ။ TharHtwe#fyp #xyzbca #moost?

yrnn
yrnn
Open In TikTok:
Region: MM
Wednesday 14 October 2026 15:12:33 GMT
21389
1895
5
149

Music

Download

Comments

baby.for.you8
Существование для :
ဘေးမဲ့ပေးလိုက်တာကိုယ့်အတွက်ပိုအဆင်ပြေတယ်
2026-10-15 02:23:43
3
kyawt101
Shwe Htet 🦔 :
စာသားလေးချပေးပါလားနော်
2026-10-15 09:33:44
0
aye.thant.zin60
Aye Thant Zin :
2026-10-15 03:55:06
0
thaw.zin.mgthaw
Thaw Zin (Official Acc)🏳️‍🌈 :
သူမသာကိုယ်ချင်းစာစိတ်သာရှိရင်မျှမျှတတတွေးတတ်ရင် ခုလို အရာမျိုးတွေ ကိုယ့်အပေါ် လုပ်ရက်ခဲ့မှာ မဟုတ်ဘူးလေ😞
2026-10-15 16:54:22
0
unyo85
U nyi taungoo :
😌😌😌
2026-10-14 23:13:03
0
To see more videos from user @fayasheiee0, please go to the Tikwm homepage.

Other Videos


About