@aungmyintoo13061971: #RightRightသာဓုသာဓုသာဓု ကျွန်တော့်ကို ဗုဒ္ဓဘာသာလား လို့မေးရင် ကျွန်တော်က ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့... ဗုဒ္ဓဘာသာ မဖြစ်နိုင်လို့ပါ။ ဘာလို့မဖြစ်နိုင်တာလဲဆိုတော့... လောကမှာ ဗုဒ္ဓဘာသာဆိုတာ တကယ်မရှိလို့ပါ။ တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ လူတွေဖန်တီးထားတာသပ်သပ်ဖြစ်ပြီး အမှန်စင်စစ် ဗုဒ္ဓကိုယ်တိုင်က ဘာသာတရားတစ်ခုကို မဖန်တီးခဲ့ပါဘူး။ သူက အမှန်တရားတွေကို ပြောခဲ့တယ်။ သဘာဝတရားတွေကိုပြောခဲ့တယ်။ အဲဒါကို မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားပြီးမှ လက်ခံကျင့်သုံးဖို့ တိုက်တွန်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ယုံကြည်ဖို့ အားကိုးဖို့ ဆုံးမခဲ့တယ် ။ သူပြောခဲ့တာတွေက ပညာတစ်ခုထဲကိုသာ ရိုးရှင်းစွာအခြေခံခဲ့တာပါ။ သူဟာ ဘာသာတရားတွေထဲက God ထာဝရဘုရားသခင်လို အကိုးကွယ်ခံ မဟုတ်သလို ဘယ်သူ့ကိုမှလည်း ကယ်တင်ပေးမှာမဟုတ်ပါဘူး။ သူ့ကို မကိုးကွယ်လို့လည်း ဘာအပြစ်မှမရှိပါဘူး။ အပြစ်ရှိခြင်း မရှိခြင်းက ကိုယ်နဲ့ပဲဆိုင်ပြီး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်လာပြီး မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဘယ်ဟာက ကောင်းတာ၊ ဘယ်ဟာက ဆိုးတာ ဘယ်လိုပိုင်းခြားလဲ၊ ဘယ်လိုတွေးခေါ်လဲ၊ ဘယ်လိုကျင့်သုံးရမလဲ ဆိုတာတွေ ပြောပြခဲ့ပါတယ်။ လက်ခံတာ/ မခံတာ၊ ကျင့်သုံးတာ/ မသုံးတာနဲ့ အကျိုးရလာဒ်တွေကတော့ ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်။ "ဗုဒ္ဓသည် ဗုဒ္ဓဝါဒကို မသင်ကြားခဲ့ပါ။ ဗုဒ္ဓသည် ဓမ္မကိုသာ သင်ကြားခဲ့ပါသည်" ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာကြီး ဦးဂိုအင်ကာ ဆရာကြီးရဲ့စကားဟာ အရမ်းကို လေးနက်ပြီး အနှစ်သာရရှိသော စကားပါ။ Sandar Htwe အကောင့်ကို Credit ပေးပါတယ်ခင်ဗျာ ကိုသီဟန် ခေတ္တ #မဲဆောက် 15 October 2026 Thursday 6 : 36 AM
AMOo
Region: MM
Thursday 15 October 2026 01:54:01 GMT
Music
Download
Comments
ဟိတဓရဆရာတော်(မဟာမြိုင်) :
ဗုဒ္ဓဘာသာ မရှိဘူး မဖြစ်နိုင်ဘူး ဆိုရင်။ ဗုဒ္ဓဘုရားရှင်၏ ဓမ္မလမ်းစဉ်ကို လိုက်နာကျင့်သုံး နေသူကို ဘယ်လိုနာမည် နဲ့ ခေါ်ရမှာလဲ။ ခေါ်ဝေါ်သုံးစွဲလို့နာမည်လေးတော့ ရှိရမှာပေါ့။ ဗုဒ္ဓ ဘုရားရှင်ရဲ့ ဓမ္မလမ်းစဉ်အတိုင်းကျင့်သုံးနေကြတဲ့ သူတွေကို ဗုဒ္ဓဘာသာတွေပါ ဗုဒ္ဓဘာသာဝင်တွေပါ ပြောတာ ဘယ်လို အပြစ်များ ရှိပါသလဲ။ ရှင်းပြပေးစေချင်ပါတယ်။
2026-10-15 08:54:42
18
Than Myint :
Very Right.
2026-10-15 10:29:05
1
Riko :
ဆရာကြီးပြောတာအမှန်ပါဗုဒ္ဓမှယဘာသာဆိုတာမရှိဘူးသာသနာဆိုတယ့်အဆုံးအမပည်းရှိတယ်ဗုဒ္ဓအဆုံးအမအတိုင်းလိုက်နာနေထိုင်သူမှန်သမျှဗုဒ္ဓဘာသာမဟုတ်ရင်တောင်ဗုဒ္ဓဘာသာပါပည်းဗု္ဓဘာသာဖြဖ်ဖို့မလိုဘူးဗုဒ္ဓအဆုံးအမတိုင်းနေရင်ရပြီ🥰😘😘😘😘😘😘😘
2026-10-15 13:33:14
4
Myu Khoe :
ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓလမ်းစဉ်ကိုကျင့်သုံးနေသူကိုခေါ်တာပါ
2026-10-15 08:03:51
4
waihlyan8388 :
Teachings of Buddha is wisdom.
2026-10-15 14:28:38
0
ဇော်ဇော် :
အရာအားလုံးကိုသိတာ..ဘုရား.ပါ..ဘာသာဆိုတာစကား.ပါ...ဘုရားရှင်ရဲ.စကားတော်ပါ..ဘာဖြစ်လို.ဘာသာတစ်ခုမဟုတ်ဘူးလို.ပြောရတာလဲ....သာသနာပြုတဲ.လူကြီးရယ်..ရှင်းပြပေးပါဉီး
2026-10-15 12:09:48
6
JK :
Great man
2026-10-15 07:52:09
1
Daw Tin Tin Naing :
အတိုက်အခံတွေပြောနေမဲ့အစားအညင်းမပွားဘဲတခုသိထားရမှာကအကုန်သေမျိုးစိုတာမမေ့ကြပါနဲ့မသေခင်မေတ္တာထားကြပါရှင့်😁
2026-10-15 11:31:22
6
U Lay :
မှန်တယ်လိုက်မမှိလို့ကျေးဇူးအထူးတင်ပါကြောင်း
2026-10-15 13:07:49
2
Than Naing Oo :
🥰မန့်တွေ လိုက်ဖတ်ကြည့်တာ ရိုင်းတဲ့သူ မပါဘူးဗျ သာဓု သာဓု သာဓု🥰🥰
2026-10-15 12:41:11
3
Pa Pa :
ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်နာကျင့်သုံးတဲ့သူမှန်သမျှ ဗုဒ္ဓဘာသာဝင်ပါ
2026-10-15 13:15:58
3
OoLay1954 :
ဗုဒ္ဓရဲ့ ဓမ္မတွေကို လိုက်နာကျင့်နေသူတွေကို ဘယ်လိုခေါ်ရမလဲ။
2026-10-15 13:29:59
4
ukaw29 :
အေးအဲလိုဆိုဆုံးမတာကိုကဘာသာတခုဘဲလေအဲတာကိုတို့ကလိုက်နာပြီးဆုံးမမှုတွေကိုရိုသေလေးစားပြီးကိုးကွယ်ထိုက်တဲ့အရာမို့ကိုးကွယ်တယ်ဘာဖြစ်လို့လဲ
2026-10-15 10:07:59
3
T T T :
🥰Good
2026-10-15 08:22:41
2
ရတနာ :
ပညတ်နဲ့ပရမတ်
သမုတိသစ္စာနဲ့
ပရမတ္တသစ္စာ
သူ့နေရာနဲ့သူသုံးရပေမည်
အပြောပညတ်
သဘောပရမတ်
ချမ်းသာကြပါစေ
2026-10-15 13:19:52
2
JOKERကွမ်းစားထုံး :
အမှန်ပါပဲဗျာ။[Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-15 07:48:05
4
Moe star 8869 :
နားလည်နိုက်ဘို့ပညာတ်သဘောသဘာဝအတိုင်းအခေါ်တော့ရှိရမယ်ပေါ့ဗျာ။ပရမတ်သဘောအတိုင်းကကိုယိတိုင်သိရုံစကားလုံးမရှိတာမို့အမှန်ကိုလူတိုင်းသိဘို့အခေါ်သတ်မှတ်ချက်ကမရှိလို့မှမရတာ။
2026-10-15 12:31:50
0
မြိုင်မဟာစိုင်း :
ဒါမျိုးစာပေတွေကိုဘာလို့များရှဲရမှာကြောက်နေတာလည်း
2026-10-15 09:10:05
2
အမုန်းခံ ဧည့်သည် :
လေးစားထိုက်တဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ပါပဲ
2026-10-15 11:03:10
1
ဓမ္မိက :
အမှန်တရားကိုချပြသွားတာပါဘဲ
2026-10-15 06:59:57
3
naing thitsar :
လေးစားတယ်ဗျာ....
2026-10-15 05:39:06
3
U Myint Thein :
ဟုတ်တယ်လေဗုဒ္ဓဟောတာဘေယကြလက်ခံပြီပစ္စုတ်ပန်သံသရာလောကီလောကုတ်အကျိုးရှိအောင်သင်ကြားပေးခဲ့တဲ့ကျေးဇူးရှင်ကြီးကိုပူဇော်ကန်တော့တယ်သူသင်ပြတဲ့အတိုင်းလိုက်နာကြတယ်လေအဲဒါဘာဖြစ်လို့လဲ
2026-10-15 10:58:06
3
ပုံချိုလေး :
မှန်လိုက်တာ
2026-10-15 07:10:16
2
ဦးမှန်ကြီး@2468012 :
သာဓု သာဓု သာဓု[Pray][Pray][Pray][Pray][Pray]
2026-10-15 09:28:32
1
Thaung Tun :
အလင်းရစေပါသည်
2026-10-15 09:20:27
1
To see more videos from user @aungmyintoo13061971, please go to the Tikwm
homepage.