@aunglay.1984: ချစ်နေသေးပေမယ့် အရင်လို နားလည်ပေးနိုင်ခြင်းမရှိတော့တဲ့အခါ၊ အတူရှိနေပေမယ့် ပျော်ရွှင်မှုထက် နာကျင်မှုတွေက ပိုများလာတဲ့အခါ တစ်ခါတလေ လက်လွှတ်ပေးဖို့ လိုလာတတ်ပါတယ်။ တကယ်တော့ လမ်းခွဲတယ်ဆိုတာ မချစ်တော့လို့ပဲ မဟုတ်ပါဘူး။ ချစ်နေရင်းနဲ့လည်း လမ်းခွဲရတတ်တယ်။ မေ့နိုင်လို့ ထွက်သွားတာမဟုတ်ဘဲ ဆက်နေရင် နှစ်ယောက်လုံး ပိုနာကျင်လာမယ်ဆိုတာ နားလည်လာလို့ ထွက်သွားရတာမျိုးပါ။ အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေ၊ ပေးခဲ့ဖူးတဲ့ ကတိတွေ၊ မျှော်လင့်ခဲ့ဖူးတဲ့ အနာဂတ်တွေကို တစ်ရက်တည်းနဲ့ မေ့ပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်တို့နှစ်ယောက်လုံး မပျော်ရွှင်နိုင်တော့တဲ့ ဆက်ဆံရေးတစ်ခုကို လက်ခံရဲလာတာပါ။ တကယ်လို့ ဆက်သွားလို့ မရတော့ဘူးဆိုရင် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ရင်း မုန်းတီးသွားကြမယ့်အစား တစ်ချိန်က ချစ်ခဲ့ဖူးကြတာကို တန်ဖိုးထားရင်း ပြတ်သားစွာ လမ်းခွဲတတ်ဖို့ လိုပါတယ်။ နောက်ဆုံးမှာတော့ ချစ်ခဲ့ဖူးတာကို နောင်တမရပါနဲ့။ ဆက်မသွားနိုင်တော့တာကိုလည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ တချို့လူတွေကို အချစ်နဲ့ စတင်ခဲ့ကြပေမယ့် အမှတ်တရတွေနဲ့ပဲ နှုတ်ဆက်ခဲ့ရတတ်ပါတယ်။
♡︎ စပ်စုစိန် ♡︎ _ ♡︎ စာတို ♡︎
Region: MM
Thursday 15 October 2026 08:22:14 GMT
Music
Download
Comments
MOE GYI 🎧✝️✡️✅ :
copyလေး
2026-10-18 05:13:37
1
Su Wai Phyo... :
အထပ်ထပ်အခါခါ လမ်းခွဲဖို့ပြတ်သားဖို့ ပြောခဲ့တာကိုယ်ပါ ဒါပေမယ့် မပြတ်သားနိုင်တာကလဲကိုယ်ပဲဖြစ်နေပြန်တယ် ကိုယ်တိုင်လွှတ်လိုက်ရင် ပြတ်မယ်ဆိုတာသိပေမယ့် ငါ့လိုများသူနာကျင်ခံစားနေရမလားဆိုတဲ့ကိုယ်ချင်းစာစိတ်နဲ့မပြတ်မသားဖြစ်နေမိတယ်🥺🥺🥺
2026-10-16 17:22:21
2
🤍NANDAR KYAW 🤍 :
🥺🥺copyယူပါရစေ
2026-10-15 15:05:37
1
ပိုးက ရင်မလေး :
ပြန်တင်ပြစေ
2026-10-16 14:50:50
1
MayLay :
ပြန်တင်ခွင့်ပြုပါ
2026-10-18 06:59:04
1
Black Lotus :
သူဖုန်းဆက်တဲ့နေ့က ပျော်ပေးမယ့် ပြန်ပြောခဲ့တာက ငါနင်ကိုမချစ်တော့ဘူးဆိုပြီ
2026-10-15 17:11:46
1
蜜 Bêê..🐝 :
မပြတ်သား ပေးခဲ့တဲ့ သူ့ကိုမုန်းတယ်🥹
2026-10-16 09:49:11
1
အိမ့်မှုးသခင်🇯🇵 :
ပြန်တင်ပါရစေ🥰
2026-10-16 05:46:07
1
Jones :
အတိတ်တွေက မှုန်ဝါးပေမယ့်
2026-10-15 15:08:02
1
LIFE IS TOO SHORT🌻🌻🌻 :
🥰🥰🥰
2026-10-15 14:05:58
1
။ :
ရပ်နေပေါ့
2026-10-16 05:08:58
1
✨Thu🍀 :
🥺🥺😭
2026-10-15 17:26:38
1
wuttyi4985 :
🥰🥰🥰
2026-10-15 08:48:06
1
💕SuNadi💕 :
🥺🥺🥺
2026-10-15 13:38:24
1
Seng Mai Maran :
🥺🥺🥺
2026-10-15 13:11:59
1
💫H💫 :
[Crying]
2026-10-15 14:46:59
1
Moe Satt :
😮💨
2026-10-15 14:57:25
1
T🎀 :
🥺💔
2026-10-18 13:07:00
0
To see more videos from user @aunglay.1984, please go to the Tikwm
homepage.