@min.khant.thu117: အာဆင်နယ်ကို မဝယ်မိလို့ နောင်တရနေတဲ့ သူဌေးကြီး။ အာဖရိကတိုက်ရဲ့ အချမ်းသားဆုံး ဘီလျံနာသူဌေးလည်း ဖြစ်သလို ဒန်ဂိုတီ အုပ်စုရဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ အလီကို ဒန်ဂိုတီက အာဆင်နယ်ကို မဝယ်မိခဲ့တဲ့အတွက် နောင်တရနေပါတယ်။ ဒန်ဂိုတီဟာ သူ ဝယ်ယူနိုင်တဲ့အချိန်မှာ အာဆင်နယ်ကို မဝယ်ခဲ့မိတာက သူ့ဘဝရဲ့ နောင်တအရဆုံးနဲ့ အကြီးမားဆုံး စီးပွားရေး ဆုံးဖြတ်ချက်အမှားတွေထဲကတခုအဖြစ် မှတ်ယူနေပါတယ်။ အာဆင်နယ်ကို ဒန်ဂိုတီ ဝယ်ယူဖို့ စဉ်းစားနေတဲ့အချိန်မှာ တဖက်မှာလည်း သူ့အတွက် အရေးပါတဲ့ စီးပွားရေး ပရောဂျက်တခုကို လေးလေးနက်နက် အကောင်အထည် ဖော်နေချိန် ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်က အာဆင်နယ်ကလည်း မိုးထဲရေထဲ ရောက်နေတဲ့ ကာလဖြစ်နေတော့ ကာလပေါက်ဈေး ဒေါ်လာ ၄ ဘီလီယံကနေ ကျဆင်းသွားလိမ့်မယ်လို့ပဲ ဒန်ဂိုတီက မှတ်ယူခဲ့ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်ကို မဝယ်သေးဘဲ တဖက်က သူ့ရဲ့ ပရောဂျက်ကို အာရုံ အပြည့်အဝ စိုက်ခဲ့ပါတယ်။ " ဒီနေ့အချိန်အထိကို အာဆင်နယ်ကို မဝယ်မိခဲ့တဲ့အတွက် ကျွန်တော် နောင်တရနေတုန်းပါပဲ။ " လို့ ဒန်ဂိုတီက ပြောတယ်။ တကယ်လို့သာ အဲဒီအချိန်မှာ ခရွန်ကီတို့က ဒေါ်လာ (၂) ဘီလီယံလောက်နဲ့သာ ရောင်းမယ်ဆိုရင် ချက်ချင်း ဝယ်ခဲ့မိမှာလို့လည်း ဒန်ဂိုတီက ထပ်ပြောပါတယ်။ သူ့ရဲ့ အစီအစဉ်က အရေးပါတဲ့ ပရောဂျက်ကို အရင်ဆုံး အဆုံးသတ်ပြီးမှသာ အာဆင်နယ်ကို ဝယ်ယူဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒန်ဂိုတီ ဝယ်ယူတော့မဲ့အချိန်မှာ အသင်းက တိုးတက်လာခဲ့သလို ကာလပေါက်ကြေးဈေးကလည်း မြင့်မားသွားတဲ့အတွက် ခရွန်ကီတို့နဲ့ ညှိနှိုင်းလို့တောင် မရတော့တဲ့အဆင့်အထိ ဖြစ်သွားခဲ့ပါတယ်။ အခုတော့ ဒေါ်လာ (၅၁) ဘီလီယံလောက် ကြွယ်ဝချမ်းသာတဲ့ အာဖရိက ဘီလျံနာသူဌေးကြီးဟာ အဝေးကနေပဲ အာဆင်နယ် အမာခံပရိသတ် လုပ်နေပါတော့တယ်။
𓃰🇦 🇷 🇸 🇪 🇳 🇦 🇱 𓃰
Region: MM
Thursday 15 October 2026 13:12:54 GMT
Music
Download
Comments
kominthiha43 :
မ ရောင်းတာလည်း ထည့် ပြော လေကွယ် 😂😂😂😂
2026-10-15 16:39:15
0
💚လင်းလင်း♥️ :
🤪🤪🤪🤪
2026-10-15 16:35:22
0
ကြယ်ကြွေည :
😳😳😳
2026-10-15 14:17:20
1
ယုမော် :
👍👍👍
2026-10-15 14:12:07
1
To see more videos from user @min.khant.thu117, please go to the Tikwm
homepage.