@ayamakkrdce: ⚠️ ဧရာဝတီ၊ မြန်အောင်မြို့နယ်ရှိ "မမြရေလှောင်တမံ" ပြိုကျလုနီးနီး အခြေအနေဆိုးရွားနေ၊ ဒေသခံ ၃,၀၀၀ ဝန်းကျင် အရေးပေါ် ရွှေ့ပြောင်းနေရ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ အိကျသွားသည့် တာဘောင်မှာ ပြိုကျလုနီးနီး အခြေအနေသို့ ရောက်ရှိနေပြီး တိုင်းအစိုးရ၏ အရေးပေါ် ပြုပြင်မှုလုပ်ငန်းများမှာ ထိရောက်မှုမရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက DVB သတင်းဌာနသို့ ပြောဆိုထားပါတယ်။ 📌 လက်ရှိ တာတမံ အခြေအနေနှင့် ထိခိုက်မှုများ ပြိုကျလုဆဲဆဲ အခြေအနေ - အောက်တိုဘာ ၁၀ ရက် မနေ့ကညပိုင်းကတည်းက တာဘောင်၏ အရှည်ပေ (၂၀၀) လောက်မှာ မြေသားအိကျသွားခဲ့ပြီး ဒီကနေ့ မနက်ပိုင်းတွင် တာဘောင်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာကာ ရေပြင်နှင့် (၄) ပေခန့်သာ လိုတော့သည့်အတွက် တအိအိနှင့် ဆက်လက်ပြိုကျနေကာ ဆည်ကျိုးရန် ရာနှုန်းပြည့်နီးပါး ဖြစ်နေပြီဖြစ်ပါတယ်။ ရွှေ့ပြောင်းရသူ ၃,၀၀၀ ဝန်းကျင် - ဆည်ကျိုးနိုင်သည့် အန္တရာယ်ကြောင့် ဆည်အောက်ဘက်ရှိ ကျေးရွာ (၂၀) ကျော်မှ လူဦးရေ (၃,၀၀၀) ဝန်းကျင်မှာ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေကြရပါတယ်။ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးမှု - ရွှေ့ပြောင်းလာသူ ထောင်နှင့်ချီအား ရေနံချက်ဖို၊ ရွာသစ်ကုန်း၊ ဥယျာဉ်ကွင်းနှင့် ဆီခြံ စသည့် ကုန်းမြင့်ပိုင်း ကျေးရွာများတွင် ကယ်ဆယ်ရေးစခန်း (၄) ခု ဖွင့်လှစ်၍ နေရာချထားပေးကြောင်း သိရပါတယ်။ ထပ်မံ ရွှေ့ပြောင်းခိုင်းထားသည့် ရွာများ - ဒီကနေ့ မနက်ပိုင်းတွင်လည်း မြန်အောင်မြို့နယ်ထဲက မရွေးကုန်းနှင့် လက်ပံကွင်း ကျေးရွာအုပ်စုများပါဝင်သည့် ကျေးရွာ (၁၃) ရွာမှ ဒေသခံများကို ထပ်မံပြောင်းရွှေ့ခိုင်းထားကြောင်း သိရှိရပါတယ်။ 🏗️ မမြရေလှောင်တမံ၏ နောက်ခံအချက်အလက် မမြရေလှောင်တမံသည် ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ မျှဉ်ဝါးတောင်ကျေးရွာအနီးတွင် တည်ရှိပြီး (၂၀၀၁-၂၀၀၂) ခုနှစ်တွင် စတင်တည်ဆောက်ကာ (၂၀၀၇) ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့သော ရေလှောင်တမံတစ်ခု ဖြစ်ပါတယ်။ လက်ရှိတွင် တာဘောင် RD (9900 & 10000) ကြားရှိ ယခင်က မြေသားနိမ့်ကျခဲ့ဖူးသည့်နေရာတွင် ထပ်မံမြေသားအိကျကာ ယခုကဲ့သို့ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ် #crd #myanmartiktok🇲🇲🇲🇲 #foryou #fyp #fyl
မေမြတ်နိုး
Region: MM
Thursday 15 October 2026 14:38:47 GMT
Music
Download
Comments
ရင်ရင် :
ဘေးကင်းကြပါစေရှင့်
2026-10-15 15:20:04
0
To see more videos from user @ayamakkrdce, please go to the Tikwm
homepage.