@naychil52: တိုင်းနှင့်ပြည်နယ်များတွင် အပူချိန်လွန်ကဲစွာ မြင့်တက်ပြီး လေပြင်း၊ မိုးကြိုးနှင့် မိုးသီး ကြွေနိုင်ဟု မိုးဇလ အထူးသတိပေး အယ်လ်နီညို (El Nino) ဖြစ်စဥ်၏ သက်ရောက်မှုကြောင့် အောက်တိုဘာလ (၁၄) ရက်မှ (၂၀) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းနှင့် မန္တလေးအပါအဝင် ဒေသအချို့တွင် နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်သည့် အပြင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဥ်များ ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က သတိပေးထုတ် ပြန်လိုက်ပါတယ်။ 📌 သတိပြုရမည့် အပူချိန်မြင့်မားမည့် ဒေသများနှင့် ဖြစ်စဥ်များ🌡အပူချိန် ပိုမိုမြင့် တက်လာမည့် ဒေသများ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေ့အပူချိန်များ ပုံမှန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုမိုမြင့်တက် လာနိုင်ပါတယ်။ (ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က မကွေးတိုင်း၊ ခြောက်မြို့တွင် ၃၈ ဒသမ ၈ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး ဖြစ်ပါတယ်။) 🌧 မိုးတိမ်တောင် ဖြစ်ထွန်းနိုင်သည့် ဒေသများ - နေပြည်တော်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ တနသာ်ရီ၊ ရခိုင်ပြည်နယ်နှင့် (တောင်ပိုင်း) တို့တွင် အပူချိန် မြင့်တက်မှုနှင့်အတူ မိုးတိမ်တောင်များ စတင်ဖြစ်ထွန်းလာနိုင်ပါတယ်။ ⚡ သတိပြုရန် အန္တရာယ်များ - အဆိုပါ မိုးတိမ်တောင်များကြောင့် နေရာကွက်ကျား မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလက နှိုးဆော်ထားပါတယ်။
🎗လူ🎗
Region: MM
Thursday 15 October 2026 15:40:27 GMT
Music
Download
Comments
k :
👍
2026-10-15 19:28:52
0
Thanzawko :
😳😳😳😳😳
2026-10-15 17:26:51
1
သံမဏီအသဲ🦚🦚🦚🦚🦚🦚🚩🚩 :
♥️♥️♥️
2026-10-15 16:23:39
0
Tin Nwe :
😳😳😳
2026-10-15 15:54:00
1
🪷U kywe🌹🎵💞😍😘🥰💞🎶🔥5 :
[Pray]🌼[Pray]🪷[Pray]
2026-10-15 17:05:15
2
To see more videos from user @naychil52, please go to the Tikwm
homepage.