@skpp17: ဒီလောက်တန်လေးရိုက်ပြီး ပွဲထရှာနေတာလား လာမပြောပါနဲ့ သူတို့ဝတ်ပြထားတာတွေ ပြထားတဲ့ပုံတွေက ဆိုင်မှာမရှိပါ တချို့postတွေဆို AIနဲ့ပုံတွေလုပ်ပြီး Background ကအစ အပြင်အဆင်ကအစ AI 😄အဲ့မှာက Happy Birthday ဆိုတဲ့စာတန်းပါတဲ့နေရာရယ် ထိုင်ခုံ ကိတ်တု ပန်းစည်း ဒါဘဲရှိမယ် ဖိနပ်ဆို 36လောက်ကနေ 40ကျော်ထားလိုက် အနည်းဆုံး2,3ရံစီ ခုက ကိုယ့်ဆိုဒ်တောင်မရှိလို့ အကြီးကြီးစွပ်ခဲ့ရ ဒါတောင် ကွာနေတာတွေ စုတ်ပြတ်သတ်နေရော စသွားကထဲက 30kတန်ဘဲရိုက်မလို့သွားတာပါ ပိုက်ဆံအဆင်မပြေလို့ Budget ဖြစ်မလားသွားမိပါတယ် 30000တန်တွေကစုတ်ပြတ်နေလို့ Makeup လဲ ကွာတယ်ဘာညာဆိုတော့ ရွေးရင်း 8သောင်းတန်ထိရောက်သွားတယ် အင်္ကျီတွေက အကုန်အစုတ်တွေ တချို့ဟာတွေဆိုမိတ်ကပ်တွေနဲ့ပေပွနေတာ တချို့ဆို မဲသဲလို့ဘာတွေပေနေမှန်းမသိပါဘူး Onlineမှာပြထားတဲ့ဝတ်စုံတွေနဲ့ တစ်စက်မှမတူတဲ့အပြင် တခြားစီပါ ကလေးတောင်မဝတ်တဲ့ပုံစံမျိုးတွေ သွားလက်စနဲ့မို့ရိုက်ခဲ့ရတာ အဲ့အဝတ်တွေဝတ်ပြီးစိတ်မသန့်ဘူး မီရွေးဝတ်ခဲ့ရတာလဲနောက်ကဇစ်ကပျက်နေလို့တဲ့ ညပ်တွေနဲ့ ဟိုကညပ်ဒီကညပ်နဲ့ lgbtဝန်ထမ်းတွေက လုပ်ပေးပါတယ် တအားရုပ်ပျက်တာ ဇစ်ကအောက်ထိမို့ ဒီကဖင်ပေါ်တော့မယ် ဝန်ထမ်းကလဲlgbtတွေဘဲရှိတယ် ခြောက်လဲကျားဘဲမို့ မခိုင်းချင်ပေမဲ့ စိတ်လျော့ပြီးမြင်လဲကြည့်လိုက်ဟာဆိုပြီး ခိုင်းလိုက်တယ် ပြီးတော့makeupလိမ်းတာကိုယ့်ဟာကိုယ်လိမ်းရင်တောင်လှဦးမယ် စိတ်မပါဘဲ ခဏဘဲလိမ်းတယ် အချင်းချင်း သောက်တင်းတုတ်ရင်းလိမ်းတာတံထွေးပါစင်မတတ် ကိုယ်ကအေးဆေးအာရုံလေးစိုက်ပြီးလိမ်းစေချင်တာ အဲ့ကmakeup Artistက ဘေးလူနဲ့ လင်အကြောင်းပြောနေတာ လက်ကမျက်နှာမှာ အကြည့်က ဘေးလူဆီမှာ ပြီးတော့ကိုယ်ကမျက်စိတဖက်နည်းနည်းစောင်းတဲ့သူမို့ မျက်ကပ်မှန်ပါမှ ကြည့်လို့အဆင်ပြေတာပါ ရွေးထားတဲ့packageထဲ မပါဘူးဆိုလို့ ရတယ်ပိုက်ဆံပိုပေးမယ်ဆိုတော့ရွေးစရာမရှိဘူးတစုံဘဲကျန်တာအရောင်ကလဲရွေးကျန်မို့ အမနဲ့လိုက်မှာမဟုတ်ဘူးတဲ့ အဲ့ဆိုထားလိုက်ပါေတာ့ဆိုပြီး မျက်တောင်တုတပ်ဦးမလားမေးပြန်ရော ဟင် makeupထဲ မျက်တောင်တုပါမပါပြန်ဘူးလားဆိုတော့ အမတပ်ချင်ရင်တပ်ပေးမယ်တဲ့ makeup lookက မျက်ကပ်မှန် နဲ့မျက်တောင်တုပါမှကြည့်ကောင်းတာမဟုတ်ဘူးလားရှင်..80kကဒီလိုဆိုတော့30kတန်က ဘယ်လိုlookလဲလို့မေးချင်မိတယ် ပြီးတော့ရှေ့ဆံမိတ်ချတဲ့သူမို့ ဆံမိတ်ကိုပုံသွင်းခိုင်းတာ ကွဲနေအောင်လုပ်ပေးခဲ့ပါတယ် ဆံမိတ်လေးတောင်ပုံသေချာမသွင်းတတ်တဲ့ကောင်မတွေကဘယ်လိုmakeup artistနေရာယူထားလဲမသိ အဆင်မပြေဘူး ကွဲနေလို့လုပ်ပေးပါဦးပြောတာကို အမကလှနေပြီ လှပါတယ်ဘဲ ဇွတ်ပြောပါတယ် ဆံမိတ်ချတဲ့သူတော်တော်များများက ကိုယ့်ဟာကိုယ်တောင် သေချာလေးပုံသွင်းပြီး မကွဲအောင်လုပ်တတ်ပါတယ် ကွဲသွားတယ်ပြောရအောင်လဲ ပြေးနေတာလဲမဟုတ် ဆိုင်ကယ်စီးလိုက်တာလဲမဟုတ် ဒီနားလိမ်းပြီး ဒီနားရိုက်တာကိုတောင် အဲ့လို အဲ့ကထဲကစိတ်ပျက်နေပြီ အောက်ဆင်းပြီးပုံရိုက်တော့ ဓာတ်ပုံဆရာကအချိုးမပြေ ပုံတွေကို ပုတိုအောင်ရိုက်သေးတာအပြင် သွားခေါတဲ့သူမို့ ရီရတာမကြိုက်ဘူး ပြုံးရုံဘဲရိုက်မယ်ပြောတာကို အတင်းရီခိုင်းလို့ ရီတဲ့ပုံတွေဘဲထွက်လာပါတယ် မရီချင်ဘူး ငြင်းတာ 3ခါတိတိ အမရယ် အမထင်လို့ပါ ရီကြည့်ပါ အားရပါးရရယ်ဆိုပြီး ခိုင်းလို့ရီလိုက်တယ် သူရိုက်တာပြန်ကြည့်ပြီး ရီတဲ့ပုံမှလှတာကဆိုသေးတာ ကန်းနေတာလား သောက်လုံးက ကိုယ်ယူမှာက8ပုံ သူရိုက်ထားတဲ့ထဲက ဘယ်လိုမှရွေးစရာရှိမနေဘူး 10ရက်ကြာမယ်ဆိုလို့ အမြန်3ပုံတောင် မရမကရွေးခဲ့သေးတယ် ပိုက်ဆံပိုပေးပြီး ပြီးတော့ပို့ပေးလာပါတယ် အော် တန်းပို့လာတာမဟုတ်ဘူးနော် Bdကရောက်နေပြီမို့ အတင်းတောင်းရတယ် မသိရင်အလကားတောင်းနေသလိုဘဲ ပို့လာတဲ့ပုံတွေကြည့်ပြီး ရှက်လွန်းလို့ တင်တောင်မတင်ရဲပါဘူးရှင် ကျန်တဲ့ 5ပုံလဲ ကြာချိန်10ရက်ဆိုပြီး 15ရက်လောက်ထိ မပို့ပါဘူး ကိုယ်ဒေါပွပြီးခဏခဏပြောဆိုမှ ပို့လာပါတယ် အဲ့ပုံတွေက ပိုဆိုး မွေးနေ့မှာပုံရိုက်ချင်တယ် ပိုက်ဆံလဲမတတ်နိုင်ဘူးဆို ကိုယ့်ဟာကိုယ် coffeeဆိုင်မှာဖြစ်ဖြစ်သွားရိုက်ကြပါ ကိုယ့်သူငယ်ချင်းရိုက်ပေးတဲ့ပုံက အဲ့studioက photographerထက် အဆမတန်ပိုလှပါလိမ့်မယ် မကျေနပ်လို့ comments သွားမန့်တော့ ဖျက်ပစ်ပါတယ် ကိုယ်သွားရိုက်တာက 9လပိုင်းထဲကပါ ရစကမတင်ပါနဲ့ အေးဆေးဘဲနေပါဆိုလို့ ဒီတိုင်းထားလိုက်တာ တွေးမိတိုင်းစိတ်တို ပိုက်ဆံမရှိလို့ 30kတန်ရိုက်မလို့သွားတာ 1သိန်းလောက်ကုန်ခဲ့ပြီး အဲ့ပုံတွေမတင်ရဲဘူး... Celeတွေ reviewပေးတိုင်းမသွားပါနဲ့ကိုယ့်လိုခံရမှာစိုးလို့ပါ ငွေကြေးတတ်နိုင်ရင် 2သိန်းလောက်သုံးပြီး သွားရိုက်ရင် Mdyမှာ ကောင်းတဲ့ဆိုင်လေးတွေရှိပါတယ် ပေးရတာနဲ့ တန်တဲ့ဆိုင်မှာဘဲ သွားရိုက်ကြပါ..Budget ကိုဘဲရွေးမရှာပါနဲ့ အပေါ်မှာပြောသလို Coffee ဆိုင်လေးတွေမှာ ပုံရိုက်တတ်တဲ့သူငယ်ချင်းလေးနဲ့ဘဲ ရိုက်လိုက်ပါ အများကြီးစိတ်ချမ်းသာစေရမယ် #photostudio #badreviews
𝐀𝐲𝐥𝐢𝐨.𝐋𝐏
Region: MM
Thursday 15 October 2026 20:58:57 GMT
Music
Download
Comments
Poe Ei Ei :
ဟုတ်တယ်ဂျင်းကြီး ကိုယ်လဲသွားခဲ့တယ် cancelပဲလုပ်ခဲ့လိုက်တယ်
2026-10-16 04:24:31
108
Khin🦦 :
ကျွန်မလဲ ရိုက်ဖို့သွားမေးတာ သူတို့ရဲ့ Customer Service တဲ့ အံ့ဩပြီး ပြန်ထွက်လာရတယ်
2026-10-16 15:53:22
27
Chit Nge 🪡 :
ပြောချင်နေတာ ကြာပြီ အဲ့ဆိုင် တကယ်အဆင်မပြေဘူး အဝတ်စားတွေကလဲ ညစ်ပတ်နေတာပဲ လျှော်လဲမလျှော်ထားဘူးကိုယ်လဲ 3သောင်းတန် ပက်ကေ့သွားရိုက်တာ ဟိုရောက်တော့ အဲ့ပက်ကေ့က အဝတ်တွေက စုတ်ပြတ် ညစ်ပတ်နေတာပဲ အဲတာနဲ့ရောက်လက်စနဲ့မထူးပါဘူးဆိုပြီး 8သောင်းတန် ပက်ကေ့နဲ့ရိုက်တာ မိတ်ကပ်ကလဲ 3သောင်းတန်နဲ့ကွာတယ်ဆိုပြီး 8သောင်းတန်နဲပဲပြင်တာ ဘာမှလဲမထူးခြားဘူး ကိုယ်အိမ်မှာလိမ်းသလောက်ပဲ ပုံရိုက်တဲ့နေရာကလဲ ညစ်ပတ် ဖုန်တွေတက် သန့်ရှင်းမှုမရှိဘူး အဲ့စတူဒီယိုကို သန့်ရှင်းရေးရော လုပ်ကြလားမေးပေးဦး တစ်ခါစားညဏ်နဲ့ မသိတဲ့သူတွေလောက်သာ တစ်ခါ သွားရင်သွားမယ် သူတို့ဆိုင် နောက်တစ်ခေါက်သွားတဲ့သူမရှိလောက်ဘူး ပြီးတော့သူတို့ပြထားတဲ့ပုံတွေကလဲ သူတို့ရိုက်ထားတာလဲမဟုတ်ဘူး မသွားခင် ကိုယ်ရိုက်ချင်တဲ့ပုံပြတယ် ဘာလိုအပ်သေးလဲ ဘာယူလာခဲ့ရမလဲဆို မလိုဘူးတဲ့ လူပဲလာခဲ့တဲ့ ဟိုလဲရောက်ရော အဲ့ပစ္စည်းတွေကမရှိဘူးတဲ့ ရိုက်တဲ့သူကယူလာတာပါ အဲ့ပုံက တဲ့ ဒါဆိုပြောလေ ဘာယူလာရမလဲမေးကတည်းက ဟိုရောက်မှမရှိဘူးဆိုတော့ တခြားဟာပြောင်းရိုက်ရတာပေါ့ ပြီးတော့ပုံကလဲ Pinterest ကပုံကို သူတို့ရိုက်ထားတာဆိုပြီး ပြောသေးတာ တစ်ခါစားညဏ်နဲ့ လုပ်စားနေကြတာ ရိုက်ဖူးတဲ့သူတွေကတော့ တစ်ခါပဲ နောက်နောင် ဆောရီး
2026-10-16 04:51:26
234
💠Ei Pyae Sone💠 :
မနှစ်ကမွေးနေ့မှာ ကိုယ်လဲခံခဲ့ရပြီးပြီ ပုံတွေတစ်ပုံမှမလှဘူး ရှက်လွန်းလို့တစ်ပုံမှလဲမတင်ဘူး အာ့ကတည်းက budget ဆိုင်တွေဆို ဝေးဝေးကရှောင်တယ် 😁😁😁
2026-10-16 02:58:10
40
N & P Nail 💅🏻 (C H A N )🍑 :
ပိုက်ဆံလေး တစ်သိန်းနဲ့မို့မပြောတော့ဒါ စပြတုန်းကတစ်မျိူး တစ်ကယ်အဆင်မပြေသောပဲ ရောက်လက်စနဲ့ဒါရိုက်ခဲ့ရဒါ ပုံထွက်လာတော့လဲ ရုပ်ထွက်က ကိုယ့်ဖုန်းနဲ့ရိုက်သလောက်ပဲထွက် 🤣
2026-10-16 07:46:28
7
MMS𖹭 :
ကိုယ်တွေသူငယ်ချင်းနှစ်ယောက် bd ကိုယ်စီအတွက် ရိုက်ဖို့ အရင်အပတ်က သွားခဲ့တာ Viber booking တင်တုန်းက 30000တန် package အကြောင်းပဲ ရှင်းပြတာ အစုံပါပြီးသားပါပေါ့ မျက်ကပ်မှန်နဲ့ လက်သည်းတုတပ်ချင်ရင်သာ ထပ်ပေးရမယ်ပေါ့ ဟိုလည်းရောက်ရော 30000, 60000, 80000, 100000 ဆိုပြီး အစားစားရှိတယ်တဲ့ 80000 က ပိုတန်တယ်တဲ့ ရှင်းပြတာ အာ့ဆို 30000 ကရော အဆင်မပြေတာလားဆိုတော့ အဝတ်စားရွေးစရာ နည်းနည်းပဲ ရှိမှာတဲ့ မိတ်ကပ်ကလည်း foundation လိမ်းပြီး အရောင်တင်ပေးမှာ တွေးကြည့်ပါဦး သူ့မိတ်ကပ်lookကို ငယ်ငယ်က ကထိန်လှည့်ရင် ထိုးခံရသလို လိမ်းထားတဲ့ ပါးနီနဲ့look ကတောင် ပိုလှဦးမယ် အဝတ်ရွေးတော့လေ 10ထည် ကျော်လောက်ပဲရှိတာ 30000တန်က တစ်ထည်မှ မလှ ကလေးsizeလား အောက်မေ့ရတယ် ပိစိလေးတွေ ကိုယ်က 30000 ဆိုလို့ သွားရိုက်တာလေ ထားပါ အဲ့ဒါနဲ့ နှစ်ဆပေးမယ်ဆိုပြီး 60000 ပြောင်းရိုက်မယ်ပေါ့ ဒီခါက အထည်20လောက်ပေးထားတာ တစ်ထည်မှ မလှ မဲတူးနေတာပဲ dress အရှည်လည်း မပါ 80000ထိ ထပ်တိုးရင်တောင် မျက်ကပ်မှန် လက်သည်းဖိုးထပ်ပေးရင် ဘယ်လိုမှ မတန်တော့ပါ 100000 ကျော်တော့မှာ acc ပိုင်ရှင်ပြောသလိုပဲ သူငယ်ချင်း နှစ်ယောက် cafe မှာ dress အသစ်ဝယ်ပြီး သွားရိုက်ရင်တောင် နှစ်ယောက်ပေါင်း 200000 သုံးရင် လုံလောက်တယ် လို့ တွေးပြီး အားမနာတမ်းပဲ မရိုက်ဖြစ်သေးဘူးဆိုပြီး လှည့်ပြန်ခဲ့လိုက်တယ်🥹
2026-10-16 04:58:24
18
Oceania🌊🌊 :
ကိုယ်ခံခဲ့ရတဲ့ပုံနဲ့ တပုံစံတည်းပဲ Bad Review မတက်လို့ ကိုယ်တစ်ယောက်ဘဲ အဆင်မပြေဘူးလို့ထင်ခဲ့တာ ညမလေးဖြစ်တာနဲ့တပုံစံတည်းပဲ အစက ၃သောင်းဆိုပြီး ကိုယ်တွေက plus size မို့ ၃သောင်းတန်အဆင်မပြေဘူး ၆သောင်း ၆သောင်းကလဲ အဆင်မပြေနိုင်ဘူး အင်္ကျီရွေးစရာမရှိဘူး ၈သောင်းတန်ဆိုပြီး ၂စုံထုတ်ပြတယ် အဆင်မှမပြေတာကြီး ဘိုတင်ကလဲ cancelမရဘူး ရက်ပဲပြောင်းယူသွားဘာညာနဲ့ ကိုယ်က အနက်ဝတ်ချင်တာ အနက်ဆို ၁သိန်းကျော်မှရမှာ detail မိတ်ကပ်ဆိုပီး ကိုယ်လိမ်းခဲ့တဲ့ အောက်ခံ မိတ်ကပ်ပါမဖြတ်ပေးတာ ပြီးတော့ accessories တွေ သူများဝတ်ပြီးသား ခုကိုယ်ရှေ့တင်ဖြုတ်ပေးတာ အခုဘဲ ကိုယ့်ကိုကောက်တတ်ပေးတယ် aircon မပြောနဲ့ ပန်ကာလေးတောင်မရှိ ဖိနပ်ဆို စုတ်ပြတ် ကိုယ်က ခြေထောက်ကြီးတော့ ရွေးစရာကိုမရှိတာ အဝေးက ကြည့်ရင် ဖိနပ်တွေက လှတယ် အနီးကပ်ကြည့်မှ စုတ်ပြတ်သတ် ကောင်းတာရှားတယ် ပိုဆိုးတာက ဓာတ်ပုံရိုက်ပေးတာ ကလေးလားတော့မသိပေမဲ့ ဘုရားမှာပုံရိုက်တဲ့ကလေးတောင် အဲ့ဆိုင်ထက်ကောင်းကောင်းရိုက်တက်တယ် ရင်ဖက် နှစ်ခုပေါ်နေတာတောင် အင်္ကျီအပေါ်ဆွဲလိုက်လို့တခွန်းမပြောဘူး ငါဆို မွေးနေ့ပုံရိုက် တချို့ပုံတွေက ၅နှစ်သမီးပုံလိုလို တချို့ပုံကျ ဗိုက်ကြီးသည် အမှတ်တရပုံလိုလိုနဲ့ background ကလဲ ဘာမှမရှိဘူး အဝတ်အစားကလဲ ရွေးစရာမရှိဘူး plus size တွက်အဆင်မပြေရင် မပြေနိုင်ဘူးမပြောဘူး ၈သောင်း ၈ပုံ ရွေးတဲ့ ကိုယ်ဖြင့် ရွေးထုတ်စရာလှတဲ့ပုံကိုမရှိလို့ အဆင်ပြေရာရွေးခဲ့လိုက်တယ် ကိုယ်က plus size မို့အဆင်မပြေဘူး ထင်ခဲ့တာ အခုမှ ဖွင့်ဟခွင့်ရတော့တယ်[Embarrassed]
2026-10-16 04:56:49
44
🌻❄️ 潘努文 ❄️🌻 (Mogoke Thu) :
အမလေး ငါသွားမယ်ပေါ့တွေးနေတာ
2026-10-16 05:29:16
6
👑HŶ👑 :
ဘွဲ့အတွက်စရံကြိုပေးပြီးမှ သိလိုက်ရသောအခါ🥺🥺🥺
2026-10-16 11:01:22
6
Kaia :
အဲ့ဆိုင်ကအရင်ထဲက bad reviewတွေအရမ်းများနေတယ် ပိုက်ဆံလေးစုပြီးတခြားဆိုင်တွေကိုသာသွားရိုက်ပါပိုကောင်းတယ်
2026-10-16 01:24:51
12
Jue Jue San :
ကိုယ်တွေလည်း budget saveဖြစ်အောင် မေမြို့ကနေဆင်းပီး bookingသေချာပေး စရန်ကြိုချေပီးသွားရိုက်ခဲ့တာ…။ ဆိုင်ရောက်တော့ ကိုယ့်ဆိုင်ကယ်ကို ကိုယ့်လက်နဲ့ ကိုယ့်ဘာသာချိန်းသော့ခတ်တာကို ပျောက်ရင်လျော်ပေးမယ်တဲ့ အဲ့ဒါ staffတစ်ယောက်ပြောရမဲ့စကားလားနော်😆 သေချာကြည့်ပေးမယ်ဆိုတဲ့စကား မပြောရင်တောင် အဲ့လိုစကားကိုstaffတစ်ယောက်အနေနဲ့ ချေမိုးနေအောင်ပြောသင့်လားနော်။dressရွေးတော့လည်း ကောင်လေးလေးတစ်ယောက်က ဖော်ရွေပါတယ် မျက်နှာထားလေးလည်းကောင်းရှာတယ် Makeup ဆရာမလေးလည်း အဆင်ပြေပါတယ်။ အားလုံးပြင်ဆင်ပီး ပုံရိုက်ဖို့ဆင်းတော့ ကင်မရာမန်းရဲ့ အခြေနေကတော့ သူတို့ဆိုင်အလကားလာရိုက်သလိုပါပဲ 🥹postဘယ်လိုပေးဘာညာက သူတို့နဲနဲပြောပေးရမဲ့အလုပ်မဟုတ်ဘူးလားနော်.ကဲ ပုံရွေးဖို့ပြောတော့ မွေးနေ့အချိန်အမှီမရဘူးမို့လို့ ပုံအကုန်အမြန်ကြေးပေးပီးလုပ်ခဲ့တာ ၃ရက်လောက်နေမှရတယ် ဒါတောင်စာပို့တာစာကလည်းမပြန် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမြန်ကြေးနဲ့ရိုက်ထားပီး တောင်းတောင်းပန်ပန် နဲ့ဖုန်းတွေဆက်မှပြင်ပို့ပေးတယ်🥹🥹ဖုန်းကိုလည်း founder ကိုမှားဆက်မိလို့ customer ဖက်ကရပ်တည်ပေးဖို့နေနေသာသာ ကိုယ့်တောင်ပေးမပြောဘူး သူ ကြီးပိတ်ပြောသွားပါတယ်😆ကျန်သေးပေမဲ့ ဒီလောက်နဲ့ပဲတော်လိုက်ပါမယ်။
2026-10-16 10:48:46
5
snowy :
ကိုယ့်ညမသွားရိုက်တုန်းကလည်း ရှယ်ပြဿနာတက်ခဲ့တာ စုတ်ပြတ်နေရော သူပုံမရသေးလို့ ငြိမ်နေတာ ပုံရပြီဆိုတာနဲ့ review ပေးဖို့လုပ်ထားတာ ခု ဒီပို့စ်တက်လာတော့ ကိုယ်တွေလိုလူတွေများပါလားပေါ့ အမယ် ကိုယ်တွေတုန်းကဆို သူတို့ကမှားပြီး ရပ်ကွက်လူကြီးတွေပါသွားခေါ်တာနော် 😅နောက်မှ စာသေချာတင်ပြီးရေးအုန်းမယ်
2026-10-16 07:39:08
6
aWin :
အရင်ကတဲက bad review တွေတက်တာကို
ဟို မင်္ဂလာဆောင်တဲ့အမကြီးတင်ထားတာ တွေ့ကတဲက အဲ့ဆိုင်ဆို ကြောက်တယ်
2026-10-16 04:54:31
5
May Thet Nwe :
အရင်နှစ်မွေးနေ့တုန်းကမိလိုက်တဲ့ဂျင်းအကြီးကြီးပေါ့ 30kနဲ့ရိုက်တာပါ အဲ့မိတ်ကပ်lookတော့မပြတော့ပါဘူးရှက်လို့ဘာမှမပါသလိုပါပဲအိမ်မှာပြင်တာတောင်အဲ့ထပ် detailကျသေးတယ်ဆံပင်ပုံသွင်းပေးတာလဲရှေ့မှာချမယ့် ဆံပင်နှစ်ချောင်းကိုပဲလိပ်ပေးတာနောက်ကဒီအတိုင်းအဖြောင့်ကြီးထားတာခူလိုပဲအဝတ်အစားလဲရွေးစရာမရှိဘူးဖိနပ်လဲမပြပါဘူးမွေးနေ့အမှီလဲပုံမရလို့မနည်းပြောပြီးပုံကြမ်းတွေတောင်းပြီးကွကိုeditရတယ်စုတ်ပြတ်နေတာပုံတွေကBackgroundကအစပြန်editရပါတယ်
2026-10-16 08:59:44
10
Nyein Akari Kyaw :
2သိန်းတန်ရိုက်လဲ ၃သောင်းတန် မိတ်ကပ်ပြင်ပေးပြီး အခုထိ ပုံ ၂ပုံ လိုတာကို မသိချင်ယောင်ဆောင်ပြီး ပုံဖြူဖြူကြီး ရိုက်ပေးတဲ့ဆိုင်🤣
2026-10-16 06:30:21
20
Bunny 🐰 :
ကိုယ်တွေလည်း သူတို့စဖွင့်တုန်းကသွားရိုက်တာ ၃၀၀၀၀ဆိုလို့ မဆိုးဘူးပေါ့ budget saveတယ်ဆိုပီသွားတာ ၃၀၀၀၀တန်က အဝတ်စားကရွေးစရာမရှိ၂/၃စုံပဲရှိတယ်အစုတ်တွေ အဲ့ဒါနဲ့ရောက်လက်စမို့ အားနာလို့ ၆၀၀၀၀တန်ပြောင်းရိုက်ခဲ့ရတယ် ဆွဲကြိုးကလည်း ကျောက်တွေပြုတ် အကျင်္ီနဲ့ဖိနပ်ကကြီး ရိုက်ပေးတဲ့သူက တစက်မှစိတ်မရှည် ပုံတွေရလာတော့လည်း သူတို့စားပွဲခင်းကပေနေတဲ့ဟာတောင်မဖျောက်ပေးဘူး အင်္ကျီကြီးနေလို့ ညှပ်နဲ့တွယ်ထားတာလေ မဖျောက်သေးဘူး နောင်တကိုအကြီးကျယ်ရသော တခါဆက်ဆံဆယ်ခါလန်သော studio
2026-10-16 06:46:36
8
Khin Thazin Kyaw :
ကိုယ်တွေလည်း မွေးနေ့အတွက် budget save တယ်ဆိုလို့သွားရိုက်မလို့စဉ်းစားနေတာ ဒီပို့စ်တွေ့တာကွက်တိပဲ မရိုက်တော့ဘူး 😁
2026-10-16 15:01:23
7
Su :
ဝန်ထမ်းတွေက အစ အချိုးမပြေတာနော် စောင့်နေရတဲ့သူတွေကိုမှ အားမနာ ဟိုသွားလိုက် ဒီသွားလိုက် ဝေ့နေတာ ကိုယ်ဆို 10:30 လောက်က ရောက်တာ 2 နာရီမှရိုက်ရတာ ကိုယ်လဲ အစက 3 သောင်း ဟာ ရိုက်မယ်ပေါ့ ဟိုရောက်တော့ 80000 တန် ရွေးရရော ကျန်တာအဆင်မပြေလို့ ဝတ်ထားတာ ပန်းရောင်အရင့် ပုံထွက်လာတော့ ပန်းရောင်အနု 7 ရက်လောက်မှ ရမယ်ဆိုတော့ စောင့်ပေးရ ပြီးရင် ပုံပို့ဖို့ တောင်းရင်ကြ 9 နာရီမှတောင်းလို့ရတယ်တဲ့ ငါတို့က ထိုင်စောင့်နေရ ပို့ပြန်တော့လဲ ပုံလေး ဆယ်ပုံကို သုံးရက်ခွဲပြီး ပို့တယ် စိတ်တိုလိုက်တာကိုတအားပဲ အဆင်မပြေတာ ကိုယ်တစ်ယောက်ထဲထင်လို့ ဘာမှမပြောခဲ့တာ တော်တော်ကိုအဆင်မပြေတာ
2026-10-16 06:38:04
5
🫧နံနံပင်hater🍃 :
သူတို့တင်ထားတဲ့ ရှယ်လှနေတဲ့ဟာတွေကကျ ဘယ်လောက်တန်လဲမသိဘူး☹️
2026-10-16 06:12:42
5
🦋🦋🦋 :
ကိူယ်လဲဒီမှာပဲခံရပီးပီ အဲ့ကလူတေစွာတယ်နော် ရန်ကပြန်လုပ်သေးတာ 😌
2026-10-16 07:57:40
26
𝒫ℴ𝓃𝓉''🫧 :
Budget ကသူတို့ save တာ ကိုယ်တေမsaveဘူးမျက်တောင်တုကလစ်အမဲကစအကုန်ပြန်တောင်းပီး အမြန်ကြေးတေနဲ့ မsave တော့ဘူး သူတို့အချင်းချင်းစကားများလို့ထိုင်ကစောင့်ရသေး
2026-10-16 04:41:49
17
𝓢𝓾𝓾❣ :
စိတ်အပျက်ဆုံးဆိုင်ပဲ😑
2026-10-16 11:53:35
12
Thandar♏👰 :
ကိုယ်တွေတုန်းက သူငယ်ချင်း သုံးယောက်
လိမ်းမယ် သွားတာ ကြည့်ရတာ ဘာတစ်ခုမှ အဆင်မပြေမလို့ ပြသာနာဖြစ်ရမှာလဲ ကြောက်လို့
ပိုက်ဆံ တစ်ယောက် တစ်သောင်း ပေးပြီး ပြန်ခဲ့တာ
2026-10-16 14:44:12
6
🐷 Čäõ-mêę🐷 :
ငါကောဘဲ ဂျင်းမိ 30k စိုပြီး နောက်တော့ 100k ကျော်တယ်🤣
2026-10-16 04:45:23
5
Helem :
လောလောလတ်လတ်ရိုက်ထားတာပါ 30kဆိုတော့ တကယ်budgetဆိုပြီး သွားလိုက်တာပါ သေချာမေးပါတယ်ကိုယ်ဝတ်ချင်တာကကော30kလားတော်လောက်လားမေးတာရပါတယ်လို့ပြောတာပည တကယ်သွားတော့ 30kတန်တွေက စုတ်ပြတ်ပြီး တော်တော်ပုံမလာတာပါ ရောက်လက်စနဲ့ ကိုယ်ကရိုက်ချင်တော့ကြိုက်တာရွေးပြီး တစ်သိန်းတန်ရိုက်လိုက်ပါတယ် မိပ်ကပ်ပြင်တာလဲအဆင်မပြေပါဘူး တကယ်ဆိုးပါတယ် အောက်သွားရိုက်တော့လဲဖိနပ်တွေစုတ်ပြတ် ရိုက်ပေးတဲ့နေရာကလဲဒီတိုင်းနေရာသေးသေးလေးပဲ ကိတ်လဲနှလုံးလောက်နဲ့ပန်းစည်းလေးငါးခုပဲတွေ့တာရိုက်ပေးတဲ့သူကလဲ ပုံစံက နှာဘူးထသလိုလိုကြိးပိူစ့်ပေးဖို့လဲသေချာမပြောပါဘူး ပုံထွက်လာတော့လဲမလှပါဘူး အောင့်သက်သက်နဲ့ရွေးခဲ့ရတာ တပတ်ဆိုလို့ ေမွးနေ့အလို တပတ်ရိုက်တာ မရပါဘူးအမြန်ရချင်တပုံငါးထောင်တဲ့ မယူဘူးရတယ်ဆိုပြီး13 ရက်ည ကိူးနာရီလို့ပြောပြ ီးအခုထိမရဘူး
2026-10-16 04:41:15
7
To see more videos from user @skpp17, please go to the Tikwm
homepage.