@user5493986055402: NUG မန္တလေးတိုင်း ပကဖ တာဝန်ခံ ကိုဝဏ္ဏအောင် သေဒဏ် ချမှတ်ခံရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီးကို အာဏာသိမ်း စစ်ကအုပ်စုက သေဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကိုဏကြီးကို မန္တလေး အိုးဘိုအကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ အောက်တိုဘာ ၁၄ ရက်နေ့မှာ သေဒဏ် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ကိုဏကြီး မဖမ်းဆီးခံရခင် တစ်ရက်အလို ဇွန်လ ၂၃ ရက်နေ့တုန်းက ကျိုင်းတုံမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုမှာ သူ့ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ခြေရာခံ လိုက်လံမှုတွေကြောင့် မိုင်းလားမြို့မှာ ရောက်ရှိနေတဲ့ ကိုဝဏ္ဏအောင်ကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တပ်ဖွဲ့က ဖမ်းဆီးပြီး စစ်အုပ်စု တပ်လက်ထဲ လွှဲပြောင်းအပ်နှံခဲ့တာလို့ နီးစပ်သူအချို့နဲ့ သတင်းမီဒီယာအချို့ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ကိုဏကြီး သေဒဏ်ချမှတ်ခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိသားစုနဲ့ နီးစပ်သူတွေကို အတည်ပြုထားပေမဲ့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကတော့ သူတို့အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးကြောင်း ပြောပါတယ်။ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ကိုဏကြီးကို သေဒဏ်ချမှတ်လိုက်ပေမဲ့ သူ့ရဲ့ ဇနီးနဲ့ သမီးငယ်တို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အတည်ပြုလို့ရပါတယ်။ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။ #Myanmarfastnews #ကိုဏကြီး #သေဒဏ် #
မျှော်လင့်ခြင်း များစွာ
Region: TH
Thursday 15 October 2026 23:09:24 GMT
Music
Download
Comments
Thein Soe :
ညီလေး
အသက်သေသွားပေမဲ့သမိုင်းမသေပါဘူးကွာ
ကောင်းရာဘုံဘဝရောက်မှာပါ
2026-10-16 00:11:09
72
Thoom Lay :
သူတို့လက်ထက်မှာတန်ဖိုးရှိတဲ့သူတွေ့သေနေရတယ်မတန်ဘူး[Crying][Crying][Crying]
2026-10-16 00:51:51
17
မောင့်မိဖုရား :
ဘာနိုင်ငံလဲကွာ
2026-10-16 00:52:24
18
Zin mar win :
ရင်ထဲမှာအရမ်းခံစားရ
2026-10-16 00:30:50
14
Sakaur :
အာဏာရူးတွေမင်းတို့ရဲ့လုပ်ရပ်တွေကို ကမ္ဘာ မကျေဘူးနော်
2026-10-16 02:07:17
8
ခရေ ခရေ :
သူတို့ကပြည့်သူကိုသတ်ဘို့ဘဲ
တွတ်ထားကြဒါ
2026-10-16 03:46:40
5
AyeAye :
သြော် ရက်ဆက်လိုက်တဲ့ကြမာရယ်😥😥😥😥😥😥😥😥
2026-10-16 00:50:19
3
CFC :
နိုင်နေပီဆို. အမ်ယူဂျီ က လွတ်ငြိမ်းခွင့် ပေးလိုက်လေ
2026-10-16 01:45:20
13
myo :
သေဒဏ်တော့မပေးသင့်ပါဘူး နိုင်ငံတော်သမတကြီးရယ် ပြည်သူတစ်ယောက်အနေနဲ့သနားငဲ့ညာချော့ပေါ့စွာပြန်လည်စဉ်းစားပေးပါ
2026-10-16 02:05:34
4
Phyu phyu :
နိုင်ငံရေးကြီးပီးပါတော့မျိုးချစ်သူရဲကောင်းလေးတွေပေးဆပ်ရတာများနေပီ
2026-10-16 00:46:36
11
စကိုင်သားဂျိုကြာ :
လုပ်ရက်ကျတယ်၀မ်နဲ့ပါတယ်
2026-10-16 00:52:11
4
နန်း🌹🌹5/🌹🌹🌹 :
ပါအပစ်ရှိလို့သေဒဏ်ပေးရတာလဲ့လူယုတ်မာအုပ်ချုပ်တဲနိူင်ငံဖြစ်ချင်တိုင်းဖြစ်နေကြတာ🙏🙏🙏😭😭😭😭😭😭😭😭
2026-10-16 02:34:03
9
ThetThet :
ပေးဆပ်နေတဲ့သူတွေကနစ်နာနေရတယ်အခွင့်အရေးသမားတွေကကောင်းစားနေတယ်ဒီစနစ်ဆိုးခေတ်ဆိုးကြီးအမြန်ပြီးဆုံးချင်ပါပြီ😭😭😭😭😭
2026-10-16 04:25:44
4
💗Aye💗 :
မြန်မာနိုင်ငံမှာလူဖြစ်ရတဲ့ဘဝတွေကလဲရင်နာစရာကောင်းလိုက်တာ😭😭😭😭😭
2026-10-16 00:40:39
10
Oak Soe Paing :
အာဏာရူးတွေမင်းတို့ရဲ့လုပ်ရပ်တွေကို ကမ္ဘာ မကျေဘူးနော်
2026-10-16 00:52:18
5
Phwar Nyunt :
သူတိုကြောင်အပစ်မဲ့ပြည်သူတွေအများကြီးသေခဲရတယ်
2026-10-16 04:26:51
7
Dawkhinwin :
ခံစားရပါတယ်လေ
2026-10-16 00:33:54
7
A Lin :
သူ့အကြိုက် မလိုက်တော့ သေဒဏ်တဲ့ အံဘြတယ်
2026-10-16 05:22:09
0
Phyu Phyu :
မုဒီန်းမှုဆိုသေဒဏ်မကျဘူး
2026-10-16 03:07:51
4
Ko Ko :
ပြည်သူရဲ့အလိုကို အမှန်တရားကို ရက်စက်ကြတဲ့ တိုင်းပြည်
2026-10-16 01:59:57
4
Thoom Lay :
သူများသားသမီးတွေ့ကိုမုဒိန်းကျင့်ပီးသတ်တဲ့အကောင်တွေ့ကြတော့ထောင်ဒဏ်တဲ့
နိုင်ငံရေးမှာဆန္ဒပြတာတွေကိုကြတော့သေဒဏ်တဲ့တော်တော်တရားတဲ့ဥပဒေ
2026-10-16 03:18:03
2
Aung San Lin /အောင်ဆန်းလင်း/ :
စစ်အုပ်စု 😡
2026-10-16 01:43:27
0
💫ငယ်လေး👀 :
စိတ်မကောင်းပါဘူးအမေ့သားလေးရယ်
2026-10-16 01:40:12
4
linkhant8621 :
အသက်တချောင်းအမုန်းတရားနဲ့မချမှတ်သင့်ပါဘူး၊ကြည်လင်းကြီးနေထိုင်လို့ကောင်းပဗျာ
2026-10-16 02:08:31
4
စံပယ် :
အရမ်းဝမ်းနည်းရတယ်
ငါတို့ဘာမှမကူညီးနိုင်ခဲ့ဘူး
2026-10-16 02:34:31
2
To see more videos from user @user5493986055402, please go to the Tikwm
homepage.