@zayartbz7news: KNU၊ CNF နှင့် ABSDF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်များ ငြိမ်းချမ်းရေးဆွေးနွေးရန်၊ PDF များ အလင်းဝင်ရန် မင်းအောင်လှိုင်ပြောပြန် 🟥 ပြည်နယ်တစ်ခုကို လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ လူမျိုးစုအားလုံးပိုင်ဆိုင်ဟုဆို ရန်ကုန်၊ အောက်တိုဘာ ၁၅ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မင်းအောင်လှိုင်က လွန်ခဲ့သည့် ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့သည့် KNU၊ CNF နှင့် ABSDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ထပ်မံဖိတ်ခေါ်ခဲ့ပြီး PDF များကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် တိုက်တွန်းပြောဆိုသည်။ ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသည့် NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း ပြောဆိုသည်။ အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့သည့် KNU၊ CNF နှင့် ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း၊ PDF အမည်ခံအဖွဲ့များအနေဖြင့်လည်း နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ဒီမိုကရေစီကို လိုလားပါက စည်းကမ်းရှိသည့် ဒီမိုကရေစီနှင့် အကြမ်းမဖက်သည့် လမ်းစဉ်အတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့လိုလားချက်များကို တောင်းဆိုနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည့်အရာများနှင့် ဖြစ်နိုင်သည့်အရာများကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ အဆိုပါအခမ်းအနားတွင် မင်းအောင်လှိုင်က ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ထိုဒေသအတွင်း နေထိုင်ကြသည့် လူမျိုးစုအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောနှောနေထိုင်ကြကြောင်း၊ ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်တွင်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် ပြည်နယ်တစ်ခုကို လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်သည်ဟု သတ်မှတ်ခြင်းမပြုဘဲ သက်ဆိုင်ရာဒေသများတွင် နေထိုင်ကြသည့် လူမျိုးစုအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဆိုသည့် သဘောထားကို အလေးထားရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မည့် ပြည်နယ်အမည် သတ်မှတ်ရေးနှင့်ပတ်သက်၍လည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး အားလုံးဝိုင်းဝန်းစဉ်းစား အဖြေရှာကြရန် ၎င်းက တိုက်တွန်းခဲ့သည်။ မင်းအောင်လှိုင်က NCA သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုတည်းသာမက လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ချမှတ်ထားသည့် မူဘောင်တစ်ခုဖြစ်ကြောင်း ပြောဆိုသည်။ NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU၊ DKBA၊ KNU/KNLA-PC၊ CNF၊ PNLO၊ ABSDF၊ ALP နှင့် RCSS တို့က စတင်လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် NDF နှင့် MNSP တို့ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသဖြင့် စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ပြောသည်။ ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန် တွေ့ဆုံဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအထိ ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်-NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် စတင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၁၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။@ZayarTBZ 7.1News🍉 @Zayar TBZ 5 #ပြည်တွင်းသတင်း ##မြန်မာသတင်း #zayartbz #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး
ZayarTBZ 7 News
Region: TH
Friday 16 October 2026 02:12:20 GMT
Music
Download
Comments
လူ ချော လေး :
2026-10-16 02:15:28
0
ငွေ မြတ် ငြိမ်း :
❤️❤️❤️
2026-10-16 03:57:00
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.