@offica.acc4: 🔴| ၂၀၁၉ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဘာကြောင့် ထွက်ခွာခဲ့ရသလဲဆိုတာကို ဖွင့်ဟပြောပြလာခဲ့တဲ့ စပိန်နဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား ပရိတ်သတ်ချစ်တော် အန်ဒါ ဟာရဲရား 🗣 “ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကျွန်တော်ရခဲ့တဲ့အချိန်မှာ အသင်းဘက်က ကျွန်တော့်ဆီကို လာပြီး စာချုပ်ကိစ္စ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော့်အေးဂျင့်ကိုလည်း ‘သူတို့ဘက်က ဘယ်လောက်ပဲ ကမ်းလှမ်းလာပါစေ အဆင်ပြေတယ်။ ဒီမှာနေရတာ အရမ်းပျော်လို့ အသင်းနဲ့ စာချုပ်ချုပ်ချင်တယ်’ လို့ ပြောခဲ့ပါတယ်။ အားလပ်ရက်မှာ ရှိနေတုန်း အေးဂျင့်ကို ‘သူတို့ ဖုန်းဆက်လာပြီလား’ လို့ မေးတယ်။ သူက ‘မဆက်သေးဘူး’ လို့ ပြန်ဖြေတယ်။ နောက်တစ်ပတ်လောက်ကြာတော့ ထပ်မေးတယ်။ သူက ‘မဆက်သေးဘူး အန်ဒါ’ လို့ပဲ ပြန်ပြောခဲ့ပါတယ်။ ရာသီစတင်လာတယ်။ ကျွန်တော်လည်း ပွဲတွေ ဆက်ကစားနေတယ်။ ဒါပေမဲ့ အသင်းဘက်က ကျွန်တော့်ဆီကို ဖုန်းဆက်လာတာ မရှိခဲ့ပါဘူး။ ကျွန်တော့်ကို အနာကျင်ဆုံးဖြစ်စေခဲ့တာကတော့ အသင်းမှာ ပဉ္စမနှစ် ဆက်နေနိုင်မယ့် စာချုပ်သက်တမ်းတိုးခွင့်ကို အလိုအလျောက် အသုံးပြုလိုက်ပြီဆိုတဲ့ စာတစ်စောင် ပို့လာခဲ့တာပါပဲ။ ‘အန်ဒါ၊ ငါတို့ မင်းကို အသင်းမှာ ဆက်နေစေချင်တယ်’ လို့တောင် ဖုန်းဆက်ပြီး မပြောခဲ့ကြပါဘူး။ ကျွန်တော်က ဒီအသင်းမှာ နေရတာ အရမ်းပျော်ခဲ့တယ်။ အသင်းအတွက်လည်း အစွမ်းကုန် ပေးဆပ်ကစားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့နှလုံးသား ကြေကွဲခဲ့ရပါတယ်။” - RioMeets #unitednewssports #manchesterunited_team⚽💥👹

🐲Ko Phyo🌎(United boy fan)🐲
🐲Ko Phyo🌎(United boy fan)🐲
Open In TikTok:
Region: MM
Friday 16 October 2026 04:46:33 GMT
18764
827
4
0

Music

Download

Comments

tiktokuser529834t
Ko Paing Yè Htun :
hazard ကိုအိတ်ကပ်ထဲကောက်ထည့်ခဲ့တာသူပေါ့
2026-10-16 09:00:37
3
phyo.min.khant507
D . day :
ဖာနန်ဒက်နဲ့မတွေ့လိုက်တာတွေ့လိုက်ရင်ဖာနန်ဒက်ဝပ်ကျနေမှာ
2026-10-16 11:57:17
0
wai.phyo.aung3619
Wai Phyo Aung :
🥺🥺🥺
2026-10-16 11:21:49
0
minn.khant3300000
Minn Khant :
😢😢
2026-10-16 07:46:41
0
To see more videos from user @offica.acc4, please go to the Tikwm homepage.

Other Videos


About