@mandalayfreepress: မဲဇာကနေ ဝန်းသိုကို ဦးတည်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်အုပ်စုက ဆင်ကုန်းကျေးရွာကို စီးနင်းမီးရှို့ဖျက်ဆီး ခါးခါး/MFP၊ အောက်တိုဘာ-၁၅ ကချင်နဲ့စစ်ကိုင်းအစပ်၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာကနေ ဝန်းသိုမြို့ကို ဦးတည်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ အောက်တိုဘာ ၆ရက်မှာ အင်းတော်မြို့ကတဆင့် မဲဇာကျေးရွာဘက် ထိုးစစ်ဆင်လာခဲ့ပြီး တစ်ပတ်ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်တာတွေ လုပ်ပြီးနောက် အောက်တိုဘာ ၉ရက်မှာတော့ မဲဇာရွာထဲ ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီး မဲဇာကျေးရွာကတဆင့် ဝန်းသိုမြို့ကို ဆက်လက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ ဒီလိုစစ်ကြောင်းထိုးချိန်မှာ စစ်အုပ်စုတပ်တွေက ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို စစ်ကြောင်းတစ်ကြောင်းစီ တပ်ဖြန့်လာနေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ စစ်အုပ်စုတပ်တွေဟာ ပိန်းအင်းကျေးရွာနဲ့ ဆင်ကုန်းကျေးရွာအနီးကို ရောက်ရှိနေပြီး အောက်တိုဘာ (၁၅)ရက် ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ "စစ်ကြောင်းက နှစ်ကြောင်းဖြန့်ထိုးတာ ၊ဝန်းသိုဘက်တစ်ကြောင်း ၊ထီးချိုင့်ဘက်တစ်ကြောင်း ။တစ်ကြောင်းက ပိန်းအင်းရွာရောက်နေပြီ၊မနေ့က ရောက်တဲ့ ဆင်ကုန်းရွာရောက်နေတဲ့ စစ်တပ်ကတော့ အဲ့ဒီရွာထဲမှာပဲ ရှိသေးတယ်။ တိုက်ပွဲလည်း ဆက်ဖြစ်နေတယ်" ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်အုပ်စုတပ်တွေက အိမ်ခြေ (၅၀)ခန့်ရှိတဲ့ ဆင်ကုန်းကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေသလို ၊တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း ဒရုန်းနဲ့ထောက်လှမ်းကာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ "ဆင်းကုန်းကတော့ မီးရှို့သွားပြီ။အိမ်ဘယ်လောက်လောင်တယ် မသိရသေးဘူး။အိမ်ကတော့ (၄၉)အိမ်ရှိတယ်၊လူဦးရေက (၂၆၇)ဦးရှိတယ်။ပိန်းအင်းကတော့ အိမ်ခြေ (၁၁၂)အိမ်ရှိတယ်။လူဦးရေက (၅၆၇)ဦးရှိတယ်။နှစ်ရွာလုံး အကုန်ပြေးကြပြီ"လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် ကားလမ်းတလျှောက်မှာရှိတဲ့ အင်းတော်၊ဝန်းသို၊ထီးချိုင့်မြို့ကြားမှာရှိတဲ့ ပါအော့ ၊တပ်လွင် ကျောက်တော ၊ထန်းတစ်ပင်၊နမ်းခမ်း ၊ဂျိုးတောင် ၊ဆင်ကုန်း ၊ညောင်ကိုင်း ၊သက္ကာယ်ကျင်း၊ ပိန်းအင်း ၊စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို စတဲ့ ကျေးရွာပေါင်း (၂၀)ကျော်က ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုစစ်ဘေးရှောင် ထွက်ပြေးနေကြရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ နားမကျန်းသူတွေလည်း ပါဝင်ပြီး ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက MFP ကို ပြောပါတယ်။ " ပါအော့ ၊တပ်လွင် ကျောက်တော ၊ထန်းတစ်ပင်၊နမ်းခမ်းထပ်ရှောင်ကြရတာ ။ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်းရွာတွေက ရှောင်ကြတာကြာပြီ။ အစားအသောက်ကတော့ လိုတာပ ။အချင်းချင်း မျှစားနေရကြတာ ၊အကူအညီပေးတဲ့သူကလဲမရှိပါဘူး " မဲဇာရွာဘက်ကို ထိုးခဲ့တဲ့စစ်အုပ်စု စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေး၊ မတ္တရာမြို့ကနေတဆင့် အင်းတော်နယ် ပို့လိုက်တဲ့အဖွဲ့ ဖြစ်ပြီး အဲ့ဒီစစ်အုပ်စုဟာ အင်းတော်မြို့နယ်ဘက် ဝင်လိုက်၊ ကသာမြို့နယ်ထဲ စစ်ကူသွားလိုက်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ အဲ့ဒီ စစ်အုပ်စုကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထီးချိုင့်နဲ့ ကသာမြို့နယ်အစပ်မှာ တော်လှန်ရေးတပ်တွေက သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့ စစ်အုပ်စုဝင် အနည်းဆုံး ၁၀ ယောက်ကျော်သေပြီး ဒဏ်ရာရသူ အများအပြားရှိသလို တော်လှန်ရေး တပ်တွေဘက်ကလည်း ရဲဘော်နှစ်ဦး ကျဆုံးကာ ဒဏ်ရာရသူ ငါးဦးကျော် ရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်၊ ကသာနဲ့ အင်းတော်နယ်တွေကိုတော့ စစ်အုပ်စုတပ်တွေက မန္တလေးနဲ့ မတ္တရာမြို့တွေကတဆင့် မန္တလေး - သပိတ်ကျင်း - ထီးချိုင့် ကားလမ်းအတိုင်း စစ်ကူတွေ ပို့ဆောင်နေပြီးတော့ အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ "ထီးချိုင့်က စစ်ကြောင်းက ကသာကနေ ဖြတ်ပြီး ကသာကနေ အင်းတော်၊ အင်းတော်ကနေ မဲဇာ ဘက်ကို ပြန်ခေါက်တာ၊ စစ်တပ်က မန္တလေး - မတ္တရာ ဘက်က စစ်သင်တန်းသားတွေကိုရော နည်းနည်းချင်း နည်းနည်းချင်း တက်လာတာ ရှိတယ်။ ထီးချိုင့်ကို ဝင်ထားတာတွေ ရှိတယ်" လို့ စစ်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၅ နဲ့ ယခုနှစ်ဆန်းပိုင်းမှာ တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ တန်ပြန် ထိုးစစ်ဆင်ကာ မတ္တရာ၊ စဉ့်ကူးနဲ့ သ
mandalayfreepress
Region: TH
Friday 16 October 2026 08:03:44 GMT
Music
Download
Comments
Kj Bird :
ငါတို့လဲ ကာတာဘဲ ကာလို့ပမရတာ ဝန်းသိုရောက်သွားတာဘဲ
2026-10-16 13:08:06
3
kyaw :
ဘယ်သူကပြေးခိုင်းလို့လဲအရပ်သားကပြေးစရာမလိုပါဘူး
2026-10-16 12:09:40
10
Kaung Khant :
တခြားမပြောဘူး
ရွှေကူ ကျောက်ကြီးကရွာသားတွေနှစ်လရှိပြီ ရွာထဲပြန်ဝင်မနေရသေးဘူး
KIAတွေ မောင်းထုတ်ထားတာ
2026-10-17 03:55:23
6
U Myo :
စစ်အုပ်စုတပ်မဟုတ်ဘူး မြန်မာ့တပ်မတော်လို့ နိုင်ငံတကာက သိတယ်
2026-10-17 06:53:46
3
နန်းရတီချို :
ဝန်းသိုမြို့အခြေနေလေးသီချင်တာ
2026-10-16 14:59:31
0
Min Khant :
ညောင်ကိုင်းရောက်နေပိဟ
2026-10-17 11:21:09
0
Myo koko :
ပြည်သူတွေဘေးကင်းပါစေ
2026-10-17 10:44:03
0
jack :
2026-10-16 16:37:53
1
Kyaw San Lin :
တင်းနေတာပဲကွာ
2026-10-16 15:12:52
1
Phoe Thar :
မပြေးဘူးဗုံးမကြဲခံဘူးတဲ့သူတွေကဘယ်သိမာလဲ မခံရဘူးသေးလို့ပါသူတို့မသိ
2026-10-16 13:23:35
1
Sapal Phwaye(ဝန်းသိုသူ) :
အက်ဟာကြီးကိုတကယ်ပဲတားလို့မရတော့ဘူးလား😖
2026-10-16 14:31:07
1
威|•𝐊𝐀𝐊𝐔 𝐆𝐘𝐈✰✔︎ :
အမေတို့ကိုစိတ်ပူတယ်ဗျာ🥺🥺🥺
2026-10-16 15:35:09
0
Kyaw Kyawလွမ်းရသူမောင် :
ပြည်သူတွေအားလုံးဘေးကင်းကြပါစေ။
2026-10-16 12:26:51
0
Zan Ye Nyein :
အ ေ၀းကြိဟ
2026-10-16 12:17:20
0
Zaw :
2026-10-17 00:41:30
0
myint htet :
🥰🥰🥰🥰🥰
2026-10-16 10:24:22
0
Zaw :
2026-10-17 00:41:17
0
jack :
2026-10-16 16:37:22
0
user1485975634352 :
ok
2026-10-16 11:15:26
0
000762 :
🌹🌹🌹
2026-10-17 12:33:09
0
Hnin Yu Wai :
😳😳
2026-10-16 11:44:33
0
Hnin Yu Htay :
🥹🥹🥹🥹🥹🥹🥹🥹🥹🥹
2026-10-16 12:14:05
0
🎀🍀 Mã 🍀🎀 :
ပြေးရတော့မယ်အထုတ်ပြင်ထားရဘီ😩
2026-10-16 11:29:28
0
Daw zar chi tun(Kdo) :
ပြည်သူတွေ ဘေးကင်းပါစေစိတ်ပူသောကတွေလဲရောက်လှပါပီ
2026-10-16 10:41:22
0
🇲🇲Khant Eric🇯🇵(offical)♐ :
မီးရှို့တာက pdfတွေကို လက်ခံထားတဲ့ရွာတွေကိုရှို့တာပါဗျ ကျွန်က အဲ့ဘက်က ဒေသခံတစ်ဦးပါ အမှန်တိုင်ပဲပြောတာပါ ဘက်မလိုက်ပါဘူး
2026-10-16 23:46:45
1
To see more videos from user @mandalayfreepress, please go to the Tikwm
homepage.