@zayartbz7.1: ကော့သောင်း အထက(၂)မှာ စစ်ဗိုလ်က ကျောင်းသားတွေဆံပင် ကပ်ကြေးနဲ့လိုက်ညှပ် အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က တပ်နယ်အထက်တန်းကျောင်းမှာ စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ဦးက ကျောင်းသားတွေကို တန်းစီခိုင်းပြီး ဆံပင်တွေကပ်ကြေးနဲ့ လိုက်ညှပ်ခဲ့တဲ့ ရုပ်သံတစ်ခုထွက်ပေါ်နေပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ကော့သောင်းမြို့၊ အမှတ်(၂) တပ်နယ်အထက်တန်းကျောင်း ကျောင်းဝင်းမှာ စစ်ဗိုလ်တစ်ဦးက အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို တန်းစီခိုင်းပြီး လက်သန့်ရှင်းမှုရှိမရှိနဲ့ ဆံပင်တွေရှည်မရှည် စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဆံပင်တွေရှည်နေတယ်လို့ ၎င်းယူဆတဲ့ ကျောင်းသားအချို့ကို ဆံသားကိုကိုင်ပြီး ကပ်ကြေးနဲ့ ညှပ်နေတာကို ရုပ်သံမှာ ရိုက်ကူးထားတာ တွေ့ရပါတယ်။ အဲဒီစစ်ဗိုလ်ဟာ အ.ထ.က(၂)တပ်နယ်ရဲ့ ကျောင်းအုပ်ဖြစ်ပြီး ၎င်းကျောင်းမှာ ယခင်ကတည်းက ယခုမြင်တွေ့ရသလို အုပ်ချုပ်နေတာဖြစ်ကြောင်း ဒေသခံအချို့က ဆိုပါတယ်။ သို့သော် စစ်ဗိုလ်က ကျောင်းသားတွေကို အဓမ္မဆံပင်ညှပ်ပေးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ "ဘယ်ကဖွင့်ဖွင့် သူ့တို့မှာဆရာ ဆရာမရှိတယ်။ သူနဲ့ဘာဆိုင်လဲညှပ်ပေးချင်ရတာလဲ။ ဆံသ ဆရာခေါ်လာခဲ့ပေါ့။ ခုကရုပ်ပေါက်လွန်းတယ်။ အာဏာရှင်ပြောတော့လက်မခံကြဘူး"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ပါတယ်။ တန်းစီတဲ့အထဲမှာ ကျောင်းသူတွေလည်း ပါဝင်ပြီး ကျောင်းသူတွေကိုတော့ ဆံပင်ညှပ်ပေးတာကို ရိုက်ကူးထားတာ မတွေ့ရပါဘူး။ အဲဒီ အ.ထ.က (၂)မှာ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းကိုလည်း တွဲဖက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ယခုလဆန်းပိုင်းကလည်း စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်ဆေကိန္ဒက ၎င်းကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာက ဓမ္မဒူတလူငယ်ကျောင်းမှာ ငါးတန်းနဲ့ ခြောက်တန်းကလေးတွေကို စစ်ရေးပြလေ့ကျင့်သင်ကြားပေးနေကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ကျောင်းရဲ့ TikTok အကောင့်ကနေ ထုတ်ပြခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးရဲ့ကျောင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်ရေးပြသင်ကြားပေးနေတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ @ZayarTBZ 7 News @Zayar TBZ 5 #ပြည်သူများဘေးကင်းကြပါစေ #zayartbz #မြန်မာသတင်းများ #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး
ZayarTBZ 7.1News🍉
Region: TH
Friday 16 October 2026 08:24:24 GMT
Music
Download
Comments
tayzarwin309 :
စည်းကမ်းဆိုတဲ့ဝေါဟာရကိုနားလည်လားငါ့တို့တုန်းကနေတိုင်းကျောင်းအုပ်ဆရာမကြီးကကပ်ကြေးတလက်ကိုင်ပြီးအထက်တန်းကိုလာလာကြည့်တာကွ ဆံပင်ရှည်ရင်ညှပ်သွားတာလူငယ်တွေဟာငယ်ရွယ်တုန်းကစပြီးစည်းကမ်းဆိုတာရှိမှကြီးလာတဲ့အခါစည်းကမ်းတကျနေထိုင်တက်မှာဒါကိုစစ်တပ်ကဆိုပြီးဝါဒမှိုင်းတွေမတိုက်ပါနဲ့
2026-10-17 04:58:42
10
မဟာသွေး :
စစ်ကျွန်ပညာရေးက ရုပ်လုံးပေါ်လာပြီ[အပြစ်ကင်း]
2026-10-16 23:47:47
9
A U N G :
စည်းကမ်းချက်ရှိပါတယ် ကော့သောင်းမြို့တစ်မြို့လုံးသိပါတယ် အဲ့ကျောင်းမာတက်ပါတယ် အဲ့စည်းကမ်းကိုလိုက်နားတဲ့ ကျောင်းသား/ကျောင်းသူတွေကြီးပါဘဲ
2026-10-17 09:35:17
21
Si Thu Kyaw :
ပညာရေးနဲ့ စစ်သားနဲ့ဘယ်နေရာဘယ်လိုပက်သက်ပါလိမ့် ပြောခြင်တာ ဆရာမတေကိုမကြောက်ကြတော့ဘူးဆိုတာလား🗿
2026-10-17 10:31:18
1
ကောင်းညီညီသန့် ice 🧊♉♈ :
တပ်မတော်ပညာရေးကျောင်းဖြစ်မှာပါတပ်မတော်ကတာဝန်ယူပြီးအရာရှိတယောက်ကအုပ်ချုပ်တာ
2026-10-16 16:10:02
4
U Aung Naing :
ဘယ်ခေတ်ရောက်သွားတာလည်း
2026-10-17 08:16:01
3
Soe. Gyi :
သတိထားပါ
2026-10-16 14:13:02
1
Naing Mon Chan :
အဲတာG11 G12ပဲလက်ခံတယ်စစ်ကျောင်းတွေ့ ဂုဏ်ထူးတယ်သူတွေ့ အဆင့်မြင့်ပညာရေး DSAကြိုက်တယ်တက္ကသိုလ်တက်ခွင့်ရှိတယ် လစာလဲရတယ် နှစ်တိုင်းတပ်ကျောင်း ၁၀၀အောင်ချက်ကောင်းတယ်ကိုယ်ပိုင်းကျောင်းအစိုးရကျောင်းပုဂ္ဂလ်ိကျောင်းထက်စည်းကမ်းကြီးတယ်မသိရင်းလေ့လာလိုက်အုံး
2026-10-17 13:08:46
1
Oo win Ning :
အဲတ.ာကိုနဲ့ဆိုင်လို့လား
2026-10-16 12:16:30
2
Poisoner :
ခုတောင်အာဏာအပြည့်မရသေးဘူးနော် သူတို့လုပ်သမျှ နုနေရတဲ့ဘ၀တွေ
2026-10-17 15:45:34
1
Augusl henary :
ငါတို့တက်ကတည်းက ဒီစည်းကမ်းကရှိပီသား
2026-10-17 13:11:08
0
Ye Myat :
good
2026-10-16 15:48:10
0
Mobile Corp :
လူပါးဝတယ်ခေါ်တယ်
2026-10-16 12:41:09
5
Chéng Yǔ :
စာသင်ကြားရေးမှာ ဆံပင်ကအဓိကသတ်မှတ်တာ မြန်မာနိုင်ငံတစ်နိုင်ငံပဲရှိတယ် ဘယ်နိုင်ငံမှမရှိဘူး သူတို့ကျောင်းဆရာ ဆရာမတွေကြ ကျောင်းအုပ်လစ်ရင်လစ်သလို uniform မဝတ်တာ အချိန်တွေမဝင်တာကြ လီးလုပ်နေတာလား
2026-10-17 10:12:49
3
ရေအိုင်ထဲကလရိပ်ချို :
အာ့ကျကျလူပါးဝဗိုလ်ကျတာ[Snicker][Snicker]
2026-10-16 12:05:55
2
🦚🦚🦚🌹🌹🌹🦚🦚🦚 :
ရူးကုန်ပီထင်တယ်
2026-10-16 14:02:17
2
✨ Shine :
စစ်တပ်ကျောင်းတွေရှိတာကို အခုချိန်မှလူတွေက သိကြတာလားဟ ဗဟုသုတတော်တော်နောက်ကျကျန်ခဲ့တဲ့ လူတွေပါလား ငါလည်း တပ်ကျောင်းကအောင်တာ စည်းကမ်းကြီးမှကြီး မြို့တိုင်းမှာ စစ်တပ်ကျောင်းရှိတယ် အခုလိုင်းပေါ်တတ်လာမှ လူတွေအထူးအဆန်းတွေလုပ်နေကြတာ ရီစရာကြီး
2026-10-17 09:53:00
0
aungnaingoo(ပခုက္ကူသား) :
လားရှိုးထ၅မှာတက်တုန်းက မိန်းကလေးလဲ နရင်းတွေပါအတီးခံရတာ ယွကျားလေးဆိုတွေးသာကြည့်တော့
2026-10-19 02:53:17
0
leanglk7 :
ကော့သောင်းကအဲ့ကျောင်းကစည်းကမ်းအရှိဆုံးဘဲ ဗျူဟာမှူးသားလည်းကြုံးခံရတာဘဲစည်းကမ်းမရှိရင်
2026-10-22 09:43:50
0
k’Tzuo :
ကောင်းလိုက်တာဗျာ
2026-10-17 11:54:24
0
Su Lay🍀 :
လူထုနွေဦး မှိုင်းမတိုက်နဲ့သိချင်ရင်ကိုယ်တိုင်လာမေး။
2026-10-17 10:13:20
0
Htet Myat Lin :
လုပ်ပြန်ပိသေးကျောင်းအုပ်ပါဆို
2026-10-18 11:50:34
0
Kyaw Thuya Aung(Day Day)🤟 :
မင်းတို့တော်လှန်ရေးကလဲ ဝါးလုံးချီးသုတ်ရမ်းနေကြတယ်
ငါတို့ငယ်ငယ်လေးတည်းက အာဏာမသိမ်းခင်ကတည်း ကော့သောင်း ၆မိုင်းစစ်တပ်ကျောင်းက စစ်ကေဘဲထားခွင့်ရှိတယ်။တစ်ပတ်တစ်ခါတန်းစီပီးစစ်ဆေးခံတယ်
2026-10-25 16:36:56
0
☠️ဂနွမာသောင်းရီး🛠️ :
[Innocent][Innocent][Innocent][Innocent]
2026-10-16 15:50:07
0
White Rose🤍 :
[Innocent][Innocent][Innocent]
2026-10-16 08:30:43
0
To see more videos from user @zayartbz7.1, please go to the Tikwm
homepage.