@nyoe586: ဗန်နဲ့ပွဲမဖြစ်သွားတာကို မာနယ်ကပ်က ငိုပြနေပါပြီ ဗန်က ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာချိန်မှာ မာနယ်ကပ်နဲ့ ခါးပတ်ကာကွယ်ပွဲ ထိုးဖို့ စီစဉ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ပွဲက ဖြစ်မလာခဲ့ပါဘူး အခုတော့ မာနယ်ကပ်က သူ့ဘက်က ဘယ်တုန်းကမှ ပွဲမငြင်းခဲ့ကြောင်း ပြန်လည်ရှင်းပြလာပါတယ် UFC ဘက်က ကိုယ်အလေးချိန်လျှော့ပြီး ဗန်နဲ့ ထိုးနိုင်မလားလို့ မေးခဲ့တယ် သူကလည်း လက်ခံခဲ့တယ် ဒါပေမယ့် နောက်ပိုင်းမှာ UFC ဘက်က ဘာသတင်းမှ မပြန်တော့ဘဲ ဗန်က တိုင်ရာနဲ့ပွဲကို လက်ခံသွားခဲ့တယ်လို့ မာနယ်ကပ်က ဆိုပါတယ် ပန်တိုဂျာနဲ့ပွဲမှာ ဗန်က ထိုးချက်တွေ အများကြီးခံခဲ့ရတာကို မြင်ပြီး သူသာ အဲဒီလိုထိုးနိုင်ခဲ့ရင် ဗန်ကို အလဲထိုးနိုင်တယ်လို့လည်း ပြောထားပါသေးတယ် မာနယ်ကပ်က သူ့ကိုယ်သူ နံပါတ် ၁ စိန်ခေါ်သူလို့ ယူဆထားပြီး ချန်ပီယံခါးပတ်အတွက် ထိုးခွင့်ရသင့်တယ်လို့လည်း တောင်းဆိုနေပါတယ် စကားတွေကတော့ တော်တော်ကြီးပေမယ့် အဓိကကတော့ ဗန်နဲ့ပွဲမဖြစ်သွားတာကို စိတ်မကောင်းဖြစ်ပြီး အခုမှ ပြန်ရှင်းပြနေတာပါ ဗန်နဲ့ မာနယ်ကပ် တကယ်သာ ရင်ဆိုင်ဖြစ်ခဲ့ရင် ဘယ်သူက ပိုကောင်းတဲ့ဖိုက်တာလဲဆိုတာ ကွင်းထဲမှာပဲ အဖြေပေါ်လာမှာပါ
Zin Zin Htet❤️🧠👊
Region: TH
Friday 16 October 2026 09:07:08 GMT
Music
Download
Comments
Ko Bone :
မာနယ်ကပ်က တစ်ပွဲလောက်ထိုးပြီးမှ ချန်ပီယံ စိန်ခေါ်ခွင့်ပေးသင့်တယ်
2026-10-16 15:58:33
2
a.k.s138 :
မာနယ်ကပ်က ဆုံးဖြတ်ချက်ချတာ အချိန်ကြာလို့ထင်တယ်
2026-10-17 00:06:55
2
Naing Wai Oo :
🥰🥰🥰
2026-10-16 12:54:17
2
To see more videos from user @nyoe586, please go to the Tikwm
homepage.