@zayartbz7news: တိုင်းရင်းသားများကို ၂၀၀၈ အခြေခံဥပဒေအောက်ဝင်ခိုင်းပြီး လက်နက်စွန့်ခိုင်းနေသည့် အကြမ်းဖက်မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု လက်ခံနိုင်စရာမရှိဘဲ အောင်မြင်နိုင်စရာလည်းမရှိဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူပြော ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက်မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် တိုင်းရင်းသားများကို ၂၀၀၈ အခြေခံဥပဒေအောက်သို့ ဝင်ခိုင်းပြီး လက်နက်စွန့်ခိုင်းနေသည့် အယောင်ပြငြိမ်းချမ်းရေးသာဖြစ်၍ တိုင်းရင်းသားများအနေဖြင့် လက်ခံနိုင်စရာမရှိဘဲ အောင်မြင်နိုင်စရာလည်းမရှိကြောင်း KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ၁၁ နှစ်ပြည့်အခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လိုပြီး NCA လက်မှတ်ရေးထိုးပြီးဖြစ်သော KNU ၊ CNF နှင့် ABSDF တို့အနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပြန်လာကြရန် ပြောဆိုခဲ့သည်။ အကြမ်းဖက် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်သည် အမြင်အရဖြင့် ကောင်းမွန်သော်လည်း အနှစ်သာရအားဖြင့် ကင်းမဲ့နေကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုမရှိဘဲ တိုင်းရင်းသားများကို လက်နက်ချခိုင်းခြင်းနှင့် လက်နက်စွန့်ခိုင်းခြင်းဖြင့် မည်သို့မှ ရှေ့ဆက်၍ မရနိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ "ကျနော့်ရဲ့တစ်ဦးတည်းအမြင်အရတော့ မင်းအောင်လှိုင် ငြိမ်းချမ်းရေး အကြောင်း ပြောတာတော့ ကောင်းပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ နိုင်ငံရေး မဆွေးနွေးဘဲ လက်နက်ချခိုင်း၊ လက်နက်စွန့်ခိုင်းတဲ့မူနဲ့တော့ ရှေ့ဆက်လို့မရဘူး။ ဆွေးနွေးလို့လည်း မရဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကို လက်နက်ချပါ၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပါဆိုရင်တော့ ဘယ်သူမှ လက်မခံဘူး။ နိုင်ငံရေးအပြောင်း အလဲဖြစ်နိုင်မယ့် အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မရှိဘဲနဲ့တော့ ဘာငြိမ်းချမ်းရေးမှ ဖြစ်လာစရာမရှိပါဘူး" ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။ ယင်းအပြင် စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ဝင်ခိုင်းနေခြင်းမှာလည်း တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ စစ်တပ်နှင့် စစ်အာဏာရှင် ကြီးစိုး ချုပ်ကိုင်ထားသော စနစ်နှင့် အခြေခံဥပဒေကို လက်မခံ၊ မကြိုက်၍ လက်နက်ကိုင်တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။ "မင်းအာင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်ကတော့ အနှစ်သာရမရှိတဲ့အတွက် အောင်မြင်မှုမရနိုင်ဘူး။ အောင်မြင်လာနိုင်စရာလည်းမရှိပါဘူး။" ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်ကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးပါက နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်လိုပါက ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပါတီတည်ထောင်၍ ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ဆောင်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လိုပါက တပ်မတော်နှင့်ပူးပေါင်း၍ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် သာမန်အရပ်သားပြည်သူများကဲ့သို့ အေးချမ်းစွာဖြင့်နေထိုင်လိုပါကလည်း ဥပဒေအကာအကွယ်အောက်တွင် လုံခြုံစွာဖြင့် နေထိုင်သွားရန် ပြောဆိုထားသည်။ ထို့အပြင် အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားများအနေဖြင့် ဖြစ်ချင်သည်များကို ပြောကြားနေမည့်အစား ဖြစ်နိုင်သည်နှင့်ဖြစ်သင့်သည်များကို ပြောကြားရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။@ZayarTBZ 7.1News🍉 @Zayar TBZ 5 #ပြည်တွင်းသတင်း #မြန်မာသတင်း #zayartbz #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ်
ZayarTBZ 7 News
Region: TH
Friday 16 October 2026 11:18:21 GMT
Music
Download
Comments
Chit Ko Mg :
သူကြောက်နေတာလေ
2026-10-16 13:46:26
4
🌲🌲🌾🌳🌴 :
SCEF. SCEF. SCEF
2026-10-16 13:13:56
2
Zin Gyi :
😁😁😁
2026-10-16 14:29:17
0
TT :
[Heart eyes][Heart eyes][Heart eyes]
2026-10-16 16:05:35
0
Aung Ko Lut :
❤️❤️❤️
2026-10-16 14:06:34
0
man :
🥰🥰🥰
2026-10-16 13:31:53
0
Yin Yin Naing :
🥰🥰🥰
2026-10-16 13:16:13
0
Than Hlaing :
👍👍👍
2026-10-16 12:58:17
0
ကောင်းစေသော်/စကု :
🥰🥰🥰
2026-10-16 12:59:05
0
Kyaw Kyaw :
😂😂😂
2026-10-16 12:48:29
0
yekyi :
🥰🥰🥰
2026-10-16 12:45:52
0
Ko Khin Mg :
👍👍👍
2026-10-16 11:48:41
0
Oo Win :
🥰🥰🥰
2026-10-16 11:34:28
0
ma san dar :
😳😳😳
2026-10-16 17:24:46
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.