@leo246401: မိန်းမတွေဟာ သူတို့အချစ်ခံနေရတယ်လို့ ခံစားနေရသရွေ့ အဲ့နေရာကနေ မထွက်ခွါတတ်ကြဘူးတဲ့ ။ (တနေ့ကဖတ်မိတဲ့စာလေးပါ) ကမ္ဘာဦးအစတည်းကအမျိုးသမီးတွေဆိုတာ မိခင်စိတ်ကြီးတတ်တဲ့၊မေတ္တာကြီးတတ်တဲ့ သဘာဝပါပဲ။ ဘဝမှာ တန်ဖိုးထားပြီးတည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးတွေကို နှမျောတတ်တယ်၊အသိုက်အမြုံကိုတန်ဖိုးထားတတ်တယ်၊ ချစ်ခင်ရတဲ့လူတွေအပေါ် စိတ်ပျက်မှုတွေ ရှိခဲ့ရင်တော့ အချိန်တန်ရင် လောကဓံကို အတူတူပဲ ပြန်ဖြတ်ကျော်ချင်တာကလည်း မိန်းမတွေပါပဲ ။ ဒီလိုစိတ်သဘောထား နူးညံ့ပြီး မပြတ်သားတတ်တဲ့၊ခံစားချက်များတဲ့ မိန်းမတွေဟာ သူတို့တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုခု ၊ လူတစ်ယောက်ယောက်ကို စွန့်ခွါခဲ့ပြီဆိုရင် သေချာတယ် အဲ့နေရာမှာ အချစ်မခံရတော့လို့ပဲ ။ ဒါမှမဟုတ် အချစ်ခံနေရတယ် ၊ဦးစားပေးခံနေရတယ်၊တန်ဖိုးထားခံနေရတယ်လို့မခံစားရတော့လို့ပဲ ။ အဲ့ဒီလိုပဲ ကိုယ်ကမိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင်လူတစ်ယောက်နဲ့ပတ်သက်လိုက်ရင် အရေးအကြီးဆုံးအရာဟာ အချစ်ခံရဖို့၊ဦးစားပေးခံရဖို့ ၊တန်ဖိုးထား ခံရဖို့ပဲ ။အဲ့လိုမဟုတ်ဘဲ ချစ်တဲ့စိတ်အရင်းခံပြီး အနားမှာ ဆက်ရှိနေဖို့ ကြိုးစားနေရင်လည်း အချစ်ခံရမှသက်သောင့်သက်သာဖြစ်တဲ့ အမျိုးသမီးတွေရဲ့စိတ်ဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ညိုးနွမ်းလာဖို့ပဲ ရှိတယ်။ အဲ့လိုမျိုး အတင်းပြန်ပြီးတည်ဆောက်ချင်နေတဲ့အချိန်မှာ ကပ်ရမဲ့အသိတရားက-ငါအချစ်မခံရတော့ပါလား ဆိုတာကိုပဲ။ ဘဝမှာ နှမျောတသ ဖြစ်ရလောက်တဲ့ ဆက်ဆံရေးတွေလည်း ရှိချင်ရှိလိမ့်မယ်၊ ပြန်ပြီးပြင်ဆင်လို့ရရင် ကောင်းမှာပဲလို့ ထပ်တလဲလဲတွေးနေမိတဲ့အချိန်တွေလည်း ရှိချင်ရှိလိမ့်မယ် ဒါပေမဲ့အချိန်တန်လို့မှ ကိုယ်လုပ်နိုင်တာ ဘာမှမကျန်တော့ဘူးလို့ ထင်ရင် အများကြီးတွေးမနေမှ ဒီအတိုင်းပဲ ထွက်ခွါခဲ့လိုက်တော့။ တစ်ခါတလေ မေတ္တာတွေများပြီး အရာအားလုံးကို အကောင်းဆုံး မျှော်လင့်နေတာကလည်း နှစ်ဦးနှစ်ဖက်လုံးကို ပိုပင်ပန်းစေတယ်။ ဪ သူလည်းမချစ်ချင်တော့ဘူး ငါလည်း အချစ်မခံရတဲ့နေရာမှာ မနေနိုင်ဘူးဆိုပြီးသာ ရေစက်ချခဲ့လိုက်တာ အကောင်းဆုံးပါပဲ အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုး - စာအုပ်မှ #Nayvel #နေဗလ် #crd_to_owner_with_respect
Leo
Region: MM
Friday 16 October 2026 11:47:31 GMT
Music
Download
Comments
☘️ss☘️ :
ပြန်တင်ပါရစေ💗
2026-10-18 03:42:43
1
moemoeaye1973# :
copyပြန်တင်မယ်နော်
2026-10-18 02:47:57
1
Khine Thidar❤️❤️❤️ :
ပြန်တင်မယ်နော
2026-10-17 13:35:06
1
Daw Thin Win Khaing :
🥰🥰
2026-10-17 15:46:42
1
Ni Ni Aung :
copy ယူမယ်နော်
2026-10-17 12:39:25
1
Ma Zin :
copy တင်ပါရစေ 😘😘
2026-10-16 23:21:31
1
Kolinhtein :
😳😳😳❤️❤️❤️
2026-10-17 14:05:32
1
Angel🦋 :
copy တင်ပါရစေရှင့်🩵
2026-10-17 02:49:35
1
Nyein :
စာသားလေးပြန်ချ ပေးပလား
2026-10-17 01:48:46
1
Ińĝýìñ_357_ :
copy ပြန်တင်မယ်နော်🥰
2026-10-18 02:17:35
1
Hnin Hnin Kyi :
Copy ယူမယ်နော်🥰
2026-10-17 02:14:29
1
yinyinsoe :
copyပြန်တင်မယ်နော်
2026-10-17 02:08:17
1
💐𝕂𝕙𝕚𝕟𝕖 ℤ𝕒𝕣 𝕎𝕚𝕟𝕥 ♓️ :
Copy
2026-10-18 03:14:27
1
🍀ငါအတွတ်ငါရှိိတယ်🍀 :
😘🥰
2026-10-17 15:29:47
1
Thet :
🥰🥰
2026-10-17 06:44:40
1
ငြိမ်း ♌ :
🥰🥰🥰
2026-10-17 23:36:27
1
khinkhinthandar7 :
🥰💞🥰💞🥰💞💞💞💞💞
2026-10-18 02:52:21
1
Suenge Aung :
🥰
2026-10-17 10:01:36
1
snow snow :
🙂
2026-10-17 16:05:31
1
user9312114252963 :
🥰🥰🥰
2026-10-17 05:18:59
1
Swe. Zin :
🥰🥰🥰
2026-10-17 13:45:22
0
To see more videos from user @leo246401, please go to the Tikwm
homepage.