@anon.anonlay: part 2 🌿 တောအုပ်ဆီသွားပါ။ ထင်းရှူးရွက်လေးတွေကို ဖယ်သပ်ကြည့်ပါ။ မြေကြီးထဲကပြူထွက်လာတဲ့ မှိုတွေကို ရှာကြည့်ပါ။ ရေစက်တွေတွဲခိုနေတဲ့မှိုပုံစံက သင်ကြည်နူးချိန် မျက်ရည်စို့တာနဲ့ တူမနေဘူးလား။ မိုးရေနဲ့ဆေးကြောခံရပြီး မိုးတိတ်နေသာသွားတဲ့အခါ သင်လည်းပဲ မှိုလေးလို မြေကြီးကိုခွဲထွက် ဘဝသစ်တစ်ခုရမယ်ဆိုတာကို ယုံပါ။ 🌅 ပင်လယ်ဆီသွားပါ။ ပြာလဲ့လဲ့ပင်လယ်ရေဟာ အဝေးကနေ အလျင်စလိုရောက်လာကြတယ်။ လေပြင်းနဲ့ လျှပ်စီးကြောင်းကိုဖြတ်ပြီး သက်ရှိမျိုးစုံကိုသယ်ဆောင်ရင်း သင့်ခြေဖဝါးအောက် လှိုင်းဖြူဖြူလေးအဖြစ် ရိုက်ပုတ်သွားတယ်။ သင်က ခရီးဝေးသွားမယ့် ငှက်စင်ယော်ပါ။ တောင်တန်းနဲ့ ပင်လယ်ကိုဖြတ်၊ လေမုန်တိုင်းကိုဖြတ်ပြီး ပန်းလှိုင်လှိုင်ပွင့်တဲ့ တစ်ဖက်ကမ်းကို ဦးတည်ပျံသန်းနေပါတယ်။ ⛳တောင်ထိပ်ဆီကိုသွားပါ။ နေမင်းဟာ လောကတစ်ခွင်ကို အလင်းပေးဖို့ တိမ်ပင်လယ်ကနေ တဖြည်းဖြည်းမြင့်တက်လာတယ်။ ဒါဟာ ဆင်းရဲဒုက္ခအမှောင်ကို ဖြတ်ကျော်ပြီး အလင်းနဲ့တစ်ဖန် ပြန်တောက်ပလာတဲ့သင်နဲ့ တူနေပါတယ်။ မြက်ခင်းလွင်ပြင်ဆီသွားပါ။ 🏞ရွှမ်းမြတဲ့မြက်ခင်းက မြေဆီမွှေးရနံ့သင်းထုံပြီး နေရောင်နဲ့ မိုးရေကို အပြည့်အဝစုပ်ယူထားတယ်။ ဆိတ်အုပ် နွားအုပ်တွေကို အဆုံးမသတ် အာဟာရတွေပေးနေခဲ့တယ်။ သင်နဲ့ သင်ချစ်ရတဲ့သူ လက်ချင်းတွဲပြီး နူးညံ့တဲ့မြမြက်ခင်းပေါ် လမ်းလျှောက်နေချိန် သက်တန့်နဲ့တွေ့ဆုံလိုက်တယ်လို့ သင်စိတ်ကူးကြည့်လိုက်ပါ။ #နိုင်းနိုင်းစနေ #🍀 #fypシ

Another Day
Another Day
Open In TikTok:
Region: MM
Friday 16 October 2026 15:43:28 GMT
1013
87
0
4

Music

Download

Comments

There are no more comments for this video.
To see more videos from user @anon.anonlay, please go to the Tikwm homepage.

Other Videos


About