@tnfashionstudio: ဘဝမှာ အခက်အခဲတွေ၊ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ချင်တဲ့ အခိုက်အတန့်မျိုးတွေ ရှိတတ်ပါတယ်။ တချို့အရာတွေဟာ ကိုယ်လိုချင်သလို ဖြစ်မလာဘဲ ယိုင်လဲသွားရတဲ့အခါ... ရင်ဘတ်ထဲမှာ နာကျင်ရသလို ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်မိကြပါတယ်။ ဒါပေမဲ့ အရှုံးဆိုတာ ဘဝရဲ့ နိဂုံး မဟုတ်ပါဘူး။ အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။ ကိုယ့်ကို လျှော့တွက်ခဲ့ကြတဲ့သူတွေ၊ ကိုယ့်ကို ယိုင်လဲစေခဲ့တဲ့ အခြေအနေတွေဟာ ကိုယ့်ကို ပိုတော်ဖို့၊ ပိုပြီး ခိုင်မာလာဖို့အတွက် အကောင်းဆုံး တွန်းအားတွေကို ပေးလိုက်တာပါပဲ။ ကိုယ့်ကို လျှော့တွက်ထားကြတဲ့ အမြင်တွေကို စကားလုံးတွေနဲ့ ပြန်ငြင်းခုံနေစရာ မလိုပါဘူး။ စိတ်ဓာတ်ကျပြီး အရှုံးပေးလိုက်မယ့်အစား အဲဒီ နာကျင်မှုကို ကိုယ့်ရဲ့ တိုးတက်မှုအတွက် အရှိန်အဖြစ် ပြောင်းလဲလိုက်ဖို့ပဲ လိုပါတယ်။ တစိုက်မတ်မတ် ကြိုးစားသွားခြင်းကပဲ ကိုယ့်ရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ပေါ်လွင်စေမှာပါ။ ဘဝမှာလဲကျဖူးတဲ့သူတွေဟာ ဘယ်လို ပြန်ထရမလဲဆိုတာကို ပိုပြီး ကျွမ်းကျင်စွာ နားလည်လာကြပါတယ်။ ကိုယ့်ကို လဲကျအောင် လုပ်ခဲ့တဲ့ စိန်ခေါ်မှုတွေဟာ ကိုယ့်ကို ပိုမို ရင့်ကျက်လာအောင်၊ ပိုပြီး ကြံ့ခိုင်လာအောင် သွေးပေးလိုက်တဲ့ ဘဝရဲ့သင်ခန်းစာတွေပါပဲ။ အလဲထိုးခံရတာဟာ ရှုံးနိမ့်သွားတာ မဟုတ်ပါဘူးနော်... ပိုပြီး ကြံ့ခိုင်တဲ့ ခြေလှမ်းတွေနဲ့ ပြန်ထရပ်ဖို့ အခွင့်အရေး ရလိုက်တာပါပဲ...🤍 whity 📌 "စာသားယူသုံးရင် Credit ပေးပါ ✍️" 📌 "Credit: ➡️mystic_whityqueen [#] Captionမှာထည့်သုံးပေးပါ📌" #mystic_whityqueen #creatorsearchinsights #selfgrowthmindsetquotes
Sofía🏹sagi
Region: MM
Saturday 17 October 2026 14:33:42 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @tnfashionstudio, please go to the Tikwm
homepage.