@hmue.hmue8154: အေးဆေးနေတတ်တဲ့ မိန်းကလေးတွေမှာ တွေ့ရတတ်တဲ့ အချက် (၆) ချက် ၁) အပြင်မထွက်ခြင်း လူအများကြီးရှိတဲ့ နေရာတွေကို သွားရတာ မကြိုက်ဘူး။ အိမ်မှာပဲ လုပ်စရာရှိတာလုပ်ပြီး အေးအေးဆေးဆေး အနားယူတတ်ကြတယ်။ အိမ်အောင်းနေရတာကို သဘောကျပြီး၊ အိမ်မှာ နေရခြင်းကပဲ သူတို့အတွက် အကောင်းဆုံး အပန်းဖြေခြင်း ဖြစ်နေတတ်ပါတယ်။ ၂။ အားကိုးဖော် မရှာခြင်း ဘာပြဿနာပဲ ကြုံရပါစေတခြားသူကို အလွယ်တကူ အကူအညီတောင်းတာမျိုး မလုပ်ဘဲ ကိုယ့်အားကိုယ်ကိုးတတ်ကြတယ်။ ကိုယ်တိုင်ပဲ ရှေ့ထွက် ရင်ဆိုင်ဖြေရှင်းလိုက်တာမို့ သူတို့က ထင်ထားတာထက် ပိုပြီး ကြံ့ခိုင်သန်မာကြပါတယ်။ ၃။ ထိရှလွယ်ခြင်း စိတ်ထဲ ထိရှလွယ်သလို၊ စိတ်တိုလည်း လွယ်တတ်ကြတယ်။ ဒါပေမဲ့ စိတ်ပြေဖို့လည်း သိပ်လွယ်ပါတယ်။လူတွေကြောင့် ဒဏ်ရာရဖို့ လွယ်ကူသလို၊ တစ်ခါတလေ လူတွေရဲ့ အသုံးချခြင်းကိုလည်း ခံရတတ်ပါတယ်။ ၄။ သူငယ်ချင်းနည်းခြင်း ပေါင်းသင်းဆက်ဆံရေး မကောင်းတာ မဟုတ်ပါဘူး။ တွေ့တဲ့လူတိုင်းနဲ့ မရောတတ်တာ၊ မပေါင်းတတ်တာပါ။ ဒါပေမဲ့ တကယ်လို့ ခင်ပြီဆိုရင်တော့ ရင်ဘတ်ချင်း ရင်းပြီး ခင်တတ်ကြတယ်။ ဒါကြောင့် သူတို့မှာ သူငယ်ချင်း နည်းပြီး ပေါင်းသင်းဆက်ဆံရေး အသိုင်းအဝိုင်း (Social Circle) က သိပ်ကို ကျဉ်းမြောင်းပါတယ်။ ၅။ တစ်ယောက်တည်းနေခြင်း အထီးကျန်တယ်လို့ ခံစားရရင်တောင် တွေ့ကရာလူနဲ့ စကားပြောပြီး အချိန်မဖြုန်းတတ်ဘူး။ လူတွေကိုလည်း စတင် မဆက်သွယ်ဘူး။ အထီးကျန်ရင်လည်း ဒီအတိုင်း ငြိမ်ငြိမ်လေး ခံယူပစ်လိုက်တာမျိုးပါ။ ၆။ ကျေးဇူးသိတတ်ခြင်း သူတို့အပေါ် နည်းနည်းလေး ကောင်းပေးရင်တောင် စိတ်ထဲမှာ အမြဲမှတ်ထားပြီး အခွင့်သာတာနဲ့ အဲဒီကျေးဇူးကို ပြန်ဆပ်တတ်ကြတယ်။ ကိုယ့်အပေါ် ကောင်းလာရင် အဆပေါင်းများစွာ ပြန်ကောင်းပေးဖို့လည်း ဝန်မလေးတော့ပါဘူး။ Give and Take (အပေးအယူ) သဘောတရားကို ကောင်းကောင်း နားလည်ထားသူ ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးတွေရဲ့ အားနည်းချက်က "သံယောဇဉ် တွယ်လွယ်တာ" ပါပဲ။ လူတွေကိုလည်း သူတို့လိုပဲ ထင်ပြီး အလွယ်တကူ ယုံကြည်တတ်ကြတယ်။ အချစ်ရေးကြောင့်၊သူငယ်ချင်းကြောင့် နာကျင်ရဖို့ သိပ်ကို လွယ်ကူပါတယ်။ တကယ်တော့ ဒီလိုမိန်းကလေးတွေက သိပ်ကို နှစ်သက်မြတ်နိုးစရာ ကောင်းလှပါတယ်။ လူတွေကို လွယ်လွယ်နဲ့ မယုံကြည်ပါနဲ့ လို့ ပြောချင်ပါတယ်။ #နူးနူးအောင် #မိန်းကလေးများအတွက် #ရှင်သန်ခြင်း #crdစာသား

💌H🍂
💌H🍂
Open In TikTok:
Region: MY
Sunday 18 October 2026 00:19:13 GMT
184792
14707
248
704

Music

Download

Comments

arrsung2000
"Movie Diary" by Arr Sung :
Tauras vibe♉
2026-10-18 15:26:25
0
ahhshwe1
ငမဲတူး🌚 :
ကိုနဲ့ကွက်တိပဲနဲးနဲးလေးကောင်းပေးတာနဲ့ပျော်နေတက်သူပါ ပီးကျနောက်ကျောဓားနဲ့ထိုးခံရတာပါပဲ
2026-10-18 02:30:34
26
chuchusanchuuchuu
Chuu Chuu San :
I am fight😊
2026-10-18 08:26:49
0
wp2510955o8
Apple❤ :
ကျွန်မအတွက်များရေးထားသလား😊
2026-10-18 11:54:15
4
nan.saw.mon78
Nan Saw Mon :
တစ်ယောက်ထဲဘဲအေးချမ်းတယ်ဘယ်သူကိုမှလဲသွယ်တာဖို့မကြိုးစားဘူး socialမကောင်းလဲနေမြဲတစ်ယောက်ထဲ အထီးကျန်ပေမဲ့အေးချမ်းတယ်😎
2026-10-18 14:21:19
3
yeeyeecho.2005
❄💗Angel💗❄ :
ကိုယ်ရဲ့ပုံစံလေးပါ😊
2026-10-18 14:21:44
1
mayzainphoo
MYUNT MYUNT :
ကျွန်မ အဖြစ်နဲ့ထပ်တူတဲ့စာသားလေးပါပဲ
2026-10-18 14:35:27
1
shee.khu2
💫⭐Shee khu🍀 :
ကိုယ့်ရဲ့စတိုင်လေး[Heartwarming]
2026-10-18 15:35:02
1
mu.koe4
Mu Koe :
ကိုယ့်ကိုပြောနေသလားလို့တောင်ထင်ရတယ်အရမ်းမှန်နေလို့ပါ🥰
2026-10-18 06:07:04
3
myatthuzar139
MyatThuZar :
အရာအားလုံးတိုက်ဆိုင်နေတယ် ဒါမဲ့အထီးကျန်တယ်🥰
2026-10-18 03:04:54
4
aquar_77
FEB~AQUARIUS :
ငါလေငါငါ
2026-10-18 15:38:08
1
bl..m8
🌼ⓢꍏ♭ꍏ↳♔⊙€🌼 :
ကိုယ့်ကိုပြောနေသလားအောက်မေ့ရတယ်မှန်လိုက်တာ🥰🥰
2026-10-18 02:40:31
3
khoonchoka1
user66597596257651 :
ကိုယ့်အကြောင်းကို ပြောနေသလိုပဲအကုန်မှန်နေတယ်
2026-10-18 08:46:24
2
user9810231582536
July🍀🍀 :
အမှန်တွေဘဲ😔😔
2026-10-18 02:47:35
2
win.win27128
Win WIn :
ကော်ပီကူးယူခွင့်ပြုပါရှင့်
2026-10-18 02:55:03
2
sandarlwin612
Đäřđæř :
၆ချက်စလုံးကိုက်ညီလွန်းတယ်🥺🌻
2026-10-18 06:53:12
2
nay.chi0404
Nay chi :
မှန်ပါတယ် တစ်ယောက်ထဲ့ရပ်တည်ရှင်သန်နေတဲ့မိန်းကလေးမို့အထီးကျန်တာလွဲပီးအေးချမ်းတယ်
2026-10-18 03:57:35
2
warwarmoe227
☕war war moe👑 :
ကောမန့်ထဲမှာငါနဲ့ဘဝတူတွေရှိပါသေးလား😘💚
2026-10-18 06:58:54
1
yc56591
🥝YC🍓 :
ကွတ်တိဘဲ ကိုယ့်စိတ်နဲ့
2026-10-18 03:00:42
1
user5065703902163
စံယြန္းနဒီ :
ဘာလ်ုအဲ့ဒီလောက်တူအောင်ရေးနိုင်တာလဲနော် အဲ့လိုလူတွေတကယ်ရှိပါတယ် ကျမကိုတန်ဖိုးမထားကြဘူး
2026-10-18 02:56:52
2
nain_z1
NAIN🦕 :
ပြတ်သားရင်လဲ့ ထင်ထားတာထက်ပြတ်သားပါတယ်😊
2026-10-18 08:30:01
1
thit.thit.hmwe
၅/ ပလန :
ကျမနဲ့တိုက်ဆိုင်လိုက်တာ အကုန်လုံးပါဘဲ
2026-10-18 04:25:26
4
khn.th6
🇴🇲♡ᴛʜᴇᴍ^᪲᪲᪲✿~🇲🇲 :
မှန်တာဘော့ အယုံလွယ်နေတရ်🥺
2026-10-18 11:41:11
1
nway.nway8493
Nway Nway :
ငါနဲ့တူလိုက်တာ
2026-10-18 17:19:59
0
htet.yadaner.kyaw
Htet Yadaner Kyaw Zin :
အမှန်ပဲ ကျွန်မလဲအ့လိုဖြစ်နေတာ
2026-10-18 19:15:11
0
To see more videos from user @hmue.hmue8154, please go to the Tikwm homepage.

Other Videos


About