@myothant3009: ကွန်ညာရဲ့ သင်ခန်းစာကြောင့် စိတ်ဓာတ်ပိုမိုကြံ့ခိုင်လာတဲ့ ယူနိုက်တက်လူငယ် အာမီရ် အီဘရာဟီမော့ဗ်. မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် အာမီရ် အီဘရာဟီမော့ဗ်က အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းစဉ် မာတေးယပ်စ် ကွန်ညာဆီကနေ ရရှိခဲ့တဲ့ အမှတ်တရအတွေ့အကြုံတစ်ခုကို ပြန်လည်မျှဝေခဲ့ပါတယ်။ ကွန်ညာဟာ သူ့ကို ဘောလုံးကွင်းအတွင်း စိတ်ဓာတ်ကြံ့ခိုင်ဖို့နဲ့ ပြိုင်ဘက်တွေရဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကြောင့် အာရုံမပျက်စေဖို့ အကြံပေးသင်ကြားခဲ့တာပါ။ 🗣️ အီဘရာဟီမော့ဗ် ပြောပြချက်အရ သူ ပြစ်ဒဏ်ကျူးလွန်ခံရပြီးနောက် ကွန်ညာက ချက်ချင်းပြောခဲ့ပါတယ်။ "နောက်တစ်ကြိမ် မင်းပြစ်ဒဏ်ကျူးလွန်ခံရရင် ညည်းညူနေတာမျိုး တစ်ခွန်းမှ မကြားချင်ဘူး။ ချက်ချင်းပြန်ထပြီး ဘောလုံးကို ဆက်ကစားစေချင်တယ်။" နောက်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်ခံရချိန်မှာတော့ အီဘရာဟီမော့ဗ်ဟာ ကွန်ညာရဲ့ အကြံပေးချက်အတိုင်း ချက်ချင်းပြန်ထပြီး ဆက်ကစားခဲ့ပါတယ်။ အဲဒီနောက် ဘောလုံးက သူ့ဆီပြန်ရောက်လာပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကွန်ညာကလည်း "ဒါပဲကွ မင်းကို ငါပြောချင်တာ အဲဒါပဲ" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကွန်ညာက သူ့အပေါ် စေတနာမရှိဘူးဆိုရင် ဒီလိုအချိန်ပေးပြီး အကြံပေးနေမှာမဟုတ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ အီဘရာဟီမော့ဗ်ကတော့ ကွန်ညာဟာ တကယ့်ကိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ချီးကျူးခဲ့ပါတယ်။ ကွန်ညာရေ… စိတ်ဓာတ်ကြံ့ခိုင်ဖို့ သင်ပေးနေတယ်ဆိုရင် ဘရူနိုဆီလည်း သွားပြောပေးပါဦးကွာ။ ဘရူနိုကိုလည်း စိတ်ပျက်လက်ပျက်ဖြစ်မနေဘဲ အသင်းကို ဦးဆောင်နိုင်တဲ့ စိတ်ဓာတ်မျိုး ပြန်ပြနိုင်အောင် သွားပြီး အားပေးစကားလေး ပြောပေးလိုက်ပါဦး။ 😂 #ManUtd #MUFC #ggmu

Myo Thant
Myo Thant
Open In TikTok:
Region: US
Sunday 18 October 2026 06:26:59 GMT
1972
118
1
0

Music

Download

Comments

soe.lay4243
Soe lay :
🥰🥰🥰
2026-10-18 14:57:12
1
To see more videos from user @myothant3009, please go to the Tikwm homepage.

Other Videos


About