@h.n.m6046: လူတစ်ယောက်မှာပိုင်ရှင်ရှိပြိ သားဆိုတာ သိသိ ရဲနဲ့ ကိုယ့်အတွက် မသင့်တော်မှန်သိရက်နဲ့ လိုချင်နေတဲ့သူတွေရှိတယ်။ တစ်ဖက်မှာလည်း ကိုယ်တိုင်ပိုင်ဆိုင်ထားပြီးသားအရာကို တန်ဖိုးမထားဘဲ အပြင်က အာရုံစိုက်မှုနောက်ကို လိုက်ပြီး သစ္စာဖောက်တတ်တဲ့သူတွေရှိတယ်။ တစ်ယောက်က သူများအပိုင်ကို သိသိကြီးနဲ့ လိုချင်တဲ့သူ၊ တစ်ယောက်က ကိုယ့်ပိုင်ဆိုင်ထားတာကို တန်ဖိုးမထားဘဲ ဖောက်ပြန်တဲ့သူ။ နှစ်ယောက်လုံးမှာ တူညီတာတစ်ခုရှိတယ် လိုချင်စိတ်နောက်ကို လိုက်ပြီး သစ္စာနဲ့ ကိုယ်ကျင့်တရားကို မေ့သွားကြတာပဲ။ သူများပိုင်တာကို လိုချင်တဲ့သူက “ငါရရင်ပြီးရော” ဆိုတဲ့စိတ်နဲ့ ဝင်လာတတ်တယ်။ ပိုင်ရှင်ဖြစ်နေတဲ့သူကလည်း “ဘယ်သူမှမသိရင် ပြီးတာပဲ” ဆိုတဲ့စိတ်နဲ့ သစ္စာကို ချိုးဖောက်တတ်တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဘယ်သူက ဘာကြောင့် ဝင်လာခဲ့တယ်၊ ဘယ်သူက ဘာကြောင့် ဖောက်ပြန်ခဲ့တယ်ဆိုတာထက် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အကျင့်နဲ့ လုပ်ရပ်တွေက ကိုယ့်တန်ဖိုးကို ဖော်ပြပေးသွားမှာပါ။ ဒါကြောင့် အဲ့ဒီလိုလူနှစ်ယောက်ကိုတွေ့ရင် တားဖို့လည်း မလိုဘူး၊ ရှင်းပြဖို့လည်း မလိုဘူး၊ ရန်ဖြစ်ပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင်လုပ်ဖို့လည်း မလိုဘူး။ သူများပိုင်တာကို လိုချင်တဲ့သူနဲ့ ကိုယ့်ပိုင်တာကို မထိန်းသိမ်းတတ်တဲ့သူ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ထိုက်တန်ကြတာပဲ။ ကိုယ်လုပ်ရမှာက ကိုယ့်တန်ဖိုးကို မလျှော့ချဘဲ သူတို့ရဲ့ရွေးချယ်မှုထဲကနေ တိတ်တိတ်လေး ထွက်လာဖို့ပဲ။ တချို့လူတွေကို အနိုင်ယူဖို့ မလိုဘူး။ သူတို့ကို ကိုယ့်ဘဝထဲကနေ ထွက်ခွာခွင့်ပေးလိုက်တာနဲ့တင် ကိုယ့်အတွက် လုံလောက်တဲ့အဖြေ ဖြစ်သွားပြီ။ ပုပ်သိုးနေတဲ့အစာနဲ့ ငတ်နေတဲ့ခွေးတွေ့ရင် မတားပါနဲ့။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပြီး… ရှောင်ထွက်သွားလိုက်ပါ။ #စေတနာမမှန်တော့ဘဝပျက်တတ်တယ် #စေတနာမမှန်တော့မေတ္တာစူးတာပေါ့

သဲသဲလေးရဲ့အချစ်ရဆုံးကိုကို
သဲသဲလေးရဲ့အချစ်ရဆုံးကိုကို
Open In TikTok:
Region: MM
Sunday 18 October 2026 07:45:20 GMT
22673
2955
98
176

Music

Download

Comments

kaythwe9091
Kay Thwe Nyein :
ဟုတ်တာပေါ့ရှင် နောက်ဆုံးမှာကိုယ်ကလှည့်ထွက်လိုက်တယ် သူတို့ကတူရာတူရာစုသွားကြတယ်နော်🥰🥰🥰
2026-10-22 03:58:45
1
tt25f26
TTAUNG :
ဟုတ် ေတာ့ ဟုတ်နေပါတယ် ရှင်သန်ရာဘဝခြင်းမတူကြသလို အချို့က ကိုယ်ကျင့်တရားမရှီ အတူတူရှီစဉ်ခါက တန်ဖိုးမရှီကြဘူး ပြီးရင်သူက မေတ္တာရှင် သစ္စာရှင်ကြီး လုပ်ပြတက်တာမို့ ခံစားချက်မမှာပါဘူး အကုန်လုံးတော့ မဆိုပါဘူး အချို့ကအလို့ပါ😁😁
2026-10-22 01:01:45
1
user78166011811651
ဖောက်ပြန်သူ ရဲ့စွန့်ပစ်ခံရသူ :
စာသားလေးကြိုက်တယ်🥰🥰
2026-10-21 03:52:18
1
winwinhtay7691
📚𝖜𝖎𝖓 𝖜𝖎𝖓 𝖍𝖙𝖆𝖞 📚 :
ကူးယူပါရစေ💞
2026-10-22 07:11:04
0
kyaw.win9476
Kyaw Win :
ခေါင်းစဉ်နဲ့တင်ပြည့်စုံနေပီ
2026-10-22 06:43:49
0
pyay.city50
Pyay City :
အမြဲအားပေမယ်နော့်
2026-10-22 05:04:12
0
thin15514
Thin🍎🍓 :
အမှန်ပါပဲ
2026-10-22 04:52:02
0
chan.myae.waddy
Waddy :
မှန်တယ်
2026-10-22 02:20:13
0
swe.lin698
ThuRain :
အရမ်းမှန်လိုက်တာဗျာစာသားတွေကြိုက်တယ်ဗျ
2026-10-22 03:07:08
0
user71531619768015
waiwai :
မှန်ပါတယ်
2026-10-22 07:01:32
0
a24681019
@A246810 :
2026-10-22 07:29:01
0
nyunt.yi4
Nyunt Yi :
မှန်ပါ့
2026-10-22 03:07:40
0
davis.kyaw5
Update :
ကောင်းလိုက်စာသားလေးတွေတန်ဖိုးထားတက်ကြပါစေလို.....
2026-10-21 11:31:26
1
user2066546773512
H N :
👍👍👍🥰🥰🥰
2026-10-22 06:45:35
0
toe.yell
ကိုမျိုးလှ :
ဘာပဲဖြစ်ဖြစ်ပါပထမတဦးနဲ့တင်ဓဏ်ရာကရပြီးသားမို့နောကရတဲ့ဒါဏ်ရာကိုလည်းကျေနပ်စွာနဲ့ပဲဝတ်ကျွေးကျေပါစေလို့ဆုတောင်းယင်းနဲ့ဝတ်ကျွေးကိုကြေအောင်ဆပ်လိုက်ပါတယ်
2026-10-18 19:32:14
1
user9094835773438
ယမင်း :
အနှစ်သာရှိတဲ့ စာသားလေးမို့ကူးယူပါရစေ..ခွင့်ပြုပါ
2026-10-19 15:55:30
1
tin.nwetyee
Tin Nwetyee :
ကြုိက်သွားပီတိုက်ဆိုင်လိုက်တာစာသားလေးအသက်
2026-10-21 08:45:36
0
rc.ko.ko2
RC Ko Ko :
2026-10-21 18:59:58
0
hin49312
hin :
မဂ်လာပ
2026-10-21 20:45:34
0
su.si.soe
Su Si Soe :
ဟုတ်တယ်
2026-10-22 07:40:20
0
apple335470
Apple :
👍👍👍
2026-10-22 02:12:10
0
user168652556
Saw Htoo Phaw :
စာသာလေးကအရမ်းပဲမိုက်တယ်
2026-10-22 00:42:41
0
user7595996749624
user7595996749624 :
မှန်ပါတယ်ရှင်
2026-10-22 00:03:17
0
san.oo9966
sanoo3801 :
မှန်ပါတယ်ခင်ဗျ[Teary eyed][Teary eyed][Teary eyed][Teary eyed][Teary eyed]
2026-10-19 02:34:57
0
To see more videos from user @h.n.m6046, please go to the Tikwm homepage.

Other Videos


About