@ma.san.dar28: ကွမ်းရွက်ဆိုတာ ရင်ချောင်စေတဲ့ မြန်မာ့ဆေးမြီးတ်ိုဖြစ်ပါလျှက် နှပ်ဆေးရည်နဲ့စားတဲ့ကွမ်းသမားတွေ ဘာလို့ရင်ကြပ်သလည်းဆိုတာတွေးမိလို့ပါ ယနေ့ခေတ်မှပေါ်တဲ့နှပ်ဆေးရည်ဆိုတာ ဆေးရွက်ကြီးကိုပျားရည်နဲ့စိမ်ထားခြင်းမျိုးပါ သို့သော် ... ပျားရည်အစစ်ကရှားပါးလာပြီး ဝယ်တဲ့အခါမှာလည်း ဈေးကြီးမိုးကြီးပေးဝယ်ရပါတယ် ဒီတော့ ..ပျားရည်အစား သကြားဆီ(ပါဝါသကြား)ကို သုံးလာကြပါတယ် ပါဝါသကြားနဲ့စားတော့ ပါဝါရင်ကြပ်ပါတယ် ကွမ်းစားဆေးမှာ ကျွန်းဆေးကုန်းဆေး နှစ်မျိုးရှိတဲ့အနက် ကွမ်းယာဆိုင်တွေက ကျွန်းဆေးကိုအဓိကသုံးပါတယ် ကျွန်းဆေးကိုမြင်းခြံအနောက်ဖက် ဧရာဝတီမြစ်ကမ်းဘေးတလျှောက် ကိုကြီးကျော်(ပခန်း)ဘက်သွားရာ မြစ်ကမ်းတစ်လျှောက်မှာ စိုက်ပျိုးထားတာတွေ့နိုင်ပါတယ် ကုန်းဆေးကကျွန်းဆေးထက် အရွက်အနည်းငယ်သေးပြီး အရွက်ထူပါတယ်.အနံ့ပြင်းပါတယ် ကုန်းဆေးမှာအရွက်ငယ်သော်လည်း အာနိသင်ပြင်းသောကြောင့် ဆေးကြိုက်သူတို့က ငေါ်ပြင်းလို့ခေါ်ပါတယ် ကျွန်းဆေးရွက်မှာ အရွက်အနည်းငယ်ကြီးပြီး ဆေးကြိုက်သူတို့အခေါ်အရ ချိုပြင်းလို့ခေါ်ပါတယ် အဖိုးအဖွားတို့ခေတ်က ပြောင်းဖူးဖက်လိပ်လိပ်ရာမှာ ဆေးရိုးစစ်(သို့)ဆေးရိုးကြမ်းထဲကို ဆေးရွက်အနည်းငယ်ချေမွ ထည့်ပြီးမှဆေးလိပ်လိပ်ပါတယ် အဲလိုဆေးရွက်အနည်းငယ်ပါမှလည်း ဆေးလိပ်ဟာလေးလေးပင်ပင်ရှိပါတယ် ရှေးကပြောင်းဖူးဖက်လိပ်လိပ်တဲ့အခါ ဆေးရွက်ကြီးဟာမပါမပြီးသလို သနပ်ဖက်လိပ်တဲ့အခါမှာလည်း ဆေးရွက်ကြီးကမပါမပြီးပါ သနပ်ဖက်လိပ်မှာဆေးရွက်ကြီးကို အနည်းငယ်ပိုသုံးရပါတယ် ကျမတို့ကလေးဘဝက ဆေးရွက်ကြိုက်တဲ့အဖိုးအဖွားများဟာ ဆေးရွက်ကြီးကိုခါးကြားမှာလိပ် ပါးစောင်ထဲဖဲ့ဖဲ့ငုံရင်း တမြုံ့မြုံ့နဲ့အလုပ်လုပ်နေကြသော်လည်း ကင်ဆာဖြစ်သည်ဟု တစ်ခါမှမကြားဖူးခဲ့ပါ သနပ်ဖက်လိပ်သည့်ဆေးရိုးနဲ့ ပြောင်းဖူးဖက်လိပ်သည့်ဆေးရိုး ဘာကွာသလည်းဟုမေးလျှင် အရပ်ထဲမှာကျမတို့အခေါ်အရ ဆန်မကျဆန်ကွဲမကျ ဆန်လတ်(ဆလတ်)လို အရွယ်အစားမျိုးဟုမှတ်ပါ ပြောင်းဖူးဖက်ရွက်ကို အကြောသေအောင် ပြာရည်နဲ့နှစ်ညလောက် ညသိပ်နှပ်ထားပြီးမှ လိပ်သောက်ကြသလို သနပ်ဖက်လိပ်တဲ့ဆေးရိုးကို မန်ကျည်းမှည့်အနှစ်ရည် ထန်းလျက်ရည်တို့နဲ့ သမအောင်ရောနယ်ပြီးမှ နှပ်ထားလေ့ရှိပါတယ် ပြီးမှနေပူပူဖြန့်လှမ်းရပါတယ် ဒါ့ကြောင့်.မလိပ်ရသေးတဲ့ ဆေးစပ်ရဲ့အနံ့ဟာ ချဉ်စုတ်စုတ်အနံ့ရတတ်ပါတယ် စာဆိုရှင်(မယ်ခွေ)ရေးစပ်တဲ့ မဝယ်ဘူး မယ်ခူးတဲ့ဖက်စို မီးမကူ နေပူမှာမကင်အားလို့ ထားရတယ်အိပ်ယာအောက်မှာ မင်းသောက်ဖို့ကို..ဆိုတဲ့ စာသားလေးကိုကြည့်ပါ ဖက်ရွက်ကိုနေမှာမလှမ်း မီးလည်းမကင်အားတဲ့အတွက် ဆေးလိပ်လိပ်ရာမှာ ဖက်ရွက်ကိုအကြောသေပြီး အိစက်သွားအောင် ကိုယ်ငွေ့နဲ့ဖိအိပ်ခြင်းကို ဆိုလိုပါတယ် ဒါ့ကြောင့် ... ဆေးလိပ်သမတစ်ချို့ဟာ သနပ်ဖက်ရွက်ကိုအိသွားပြီး ဆေးလိပ်လိပ်ကောင်းစေဖို့အတွက် သူမတို့ထိုင်လိပ်တဲ့ ဂုံနီအိတ်လိုအခင်းအောက်မှာ သနက်ဖက်ရွက်အထပ်လိုက်ကို ကိုယ်ငွေ့နဲ့ဖိထိုင်လေ့ရှိပါတယ်။ ma san dar.
Ma San Dar.
Region: MM
Sunday 18 October 2026 08:54:28 GMT
Music
Download
Comments
Hongnon Hongnon :
မဖြစ်နိုင်တဲ့စကားပြောမယ်။ ကျွန်တော်သမ္မတဖြစ်မယ်ဆိုရင်။ တစ်နိုင်ငံလုံးကွမ်းမစာရအမိန့်ပေးမယ်။
2026-10-19 04:47:13
3
U Balar :
ေလးစားပါတယ်👍
2026-11-03 05:02:52
1
Winnadi :
စာလေးဖတ်ရတာအမေကြီးအိမ် ဆေးလိပ်ခုံလေးပြေးမြပ်မိတယ်၊အိမ်ရှိလူ အကုန်မအားရလို့။💖💖💖
2026-10-19 05:44:36
4
Nay Linn :
မိရိုးဖလာအ လေ့အထ တွေကအန္တရယ်မရှိခဲ့ပါဘူး..အခု နောက်ပိုင်း ..မ တော် လောဘ တွေ.. မောဟ တွေနဲ့လုပ်ကြ တော့..ကွမ်း, ဆေး,လ္ဘက် တွေလည်းအန္တရယ်မကင်း တော့ဘူး.. ရောဂါဘယ တွေထူ ပြောလာ တော့တယ်..
2026-10-20 15:05:19
4
ah moe :
ကိုတေကတော့အသက်နှစ်ဆယ်လောက်ကစစားတာခု67ရှိပေါ့
2026-10-18 13:05:12
1
ထွန်းထွန်း :
2026-10-18 09:38:22
1
Aunty Myint :
နှံ့နှံ့စပ်စပ်ရှိပါ့ကွယ်
2026-10-18 11:36:39
1
San San :
မှန်ပါ့အစ်မရေ🙏🙏အမြဲလေးစားချစ်ခင်ပါတယ်🙏🙏🙏🙏🙏🙏🙏🙏
2026-10-18 12:30:34
2
Daw Aye Aye Thant :
ဘက်စုံတော်တဲ့မမ။သက်ရှည်ကျန်းမာပါစေ🥰🥰🥰
2026-10-18 13:13:56
2
San San Aye :
ဗဟုသုတစုံတဲ့ဆရာမ
ကျမတို့ငယ်ငယ်ကအိမ်ကအမေကြီးကကိုယ်တိုင်လိပ်သောက်တာဆေးလိပ်ကိုဆေးတောင်းလို့ခေါ်တာမှီသေးတယ်
2026-10-18 13:06:40
3
Aye min :
ခင်ဗျာကိုငေးယုံတင်မကတော့ဘူးဗျာ....
2026-10-18 09:21:35
1
မဥ္ဓူရီ :
တော်လိုက်တဲ့ညီမလေး[Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-10-18 13:33:05
1
🌺🌺🌹🌹🌿🌿 :
အခုခေတ်ကအစစ်မရှိတော့ဘူး
2026-10-18 12:53:05
1
Mg Aye :
ကျေးဇူးပဲma san dar
2026-10-18 15:37:57
2
Ma Lae :
ဟုတ်ပါတယ်အမေကဆေးလိပ်သမမို့ငယ်ငယ်ကသနပ်ဖက်တွေရေကူဆေးဂုံနီအိပ်နဲ့သိမ်းပေးတဲ့အလုပ်ကူလုပ်ရတယ်🥰🥰🥰
2026-10-18 10:09:28
2
(ဒလ) ပန်းနွဲ့ရည် :
ဗဟုသုတလေးတွေတင်ပြပေးတဲ့ညီမလေးကိုလေးစားမိပါတယ်ကွယ်ခင်တာထက်ပိုသွားပြီညီမလေးရေ[Rose][Rose][Rose][Rose][Rose][Rose][Rose]
2026-10-19 13:48:35
1
oo khin mg kyaw :
လူ က အချိုကြိုက်လေ
2026-10-18 09:39:57
1
ငမိုက်သား :
လေးစား
2026-10-18 09:02:25
1
ဦးဦးကတုံး :
ဗဟုသုတရပါတယ် ဆရာမ
2026-10-18 12:50:18
1
ကျော်မသွားပါဘူး :
သုတဘဏ္ဍာသိုက်ကြီး
သက်ရှည်ကျန်မာ စာများစွာ
ရေးနှိုင်ပါစေဗျာ[Heartwarming][Heartwarming][Heartwarming]
2026-10-18 13:54:46
1
UGyichk :
ကျေးဇူးပါတင်ပြပေးသူရေ ဗဟုသုတနှံစပ်ပါပေတယ်။🥰🥰🥰🥰🥰
2026-10-20 17:52:56
0
Apple🧶 :
ငယ်ငယ်တွေ့ဖူးတယ်ဖင်အောက်မှာဆေးလိပ် လိပ်တဲ့ဖက်ထားပြီးထိုင်တာကိုယ်လဲနဲနဲလိပ်တတ်တယ်
2026-10-22 05:39:28
0
Hlaung Kee :
အနှစ်သာရ.ရှိတဲ့စာပေတွေဖက်ရမှတ်ရလို့.အထူးကျေးဇူးတင်ပါတယ်.👍
2026-10-23 02:40:18
0
U Aung Zaya💯🤟 :
ငယ်ငယ်ကအဖွားကိုဆေးရိုးခုတ်၊မန်ကျီးမျည့်နှင့်နယ်နေလှန်း၊ပြောင်းဖူးဖက်ရွက်တွေအိပ်ရာအောက်ဖြန့်ခင်းလုပ်ပေးခဲ့ရတယ်။အဖွားရဲ့အသဲကျော်မြေးပေါ့။🥰
2026-10-21 02:57:49
0
Wint War Nyein :
ဗဟုသုတတွေစုံပါတယ်နော်
👍👍👍👍👍
🥰🥰🥰🥰🥰
2026-10-18 13:27:27
0
To see more videos from user @ma.san.dar28, please go to the Tikwm
homepage.