@mangowingstravels: ⁉️ ရန်ကုန်လေဆိပ်က စစ်ဆေးရေးအဆင့်တွေမှာ အချိန်မကြန့်ကြာဘဲ အေးအေးဆေးဆေး ဖြတ်ချင်တယ်ဆိုရင် လေယာဉ်လက်မှတ်ဝယ်ပြီးတဲ့ အဆင့်မှာတင် ရပ်မထားပါနဲ့။ လေဆိပ်ထဲ ခြေချလိုက်တာနဲ့ အဆင့်တိုင်းက စစ်ဆေးမှုတွေချည်းပါပဲ။ 👉 ဒီစစ်ဆေးမှုတွေကြားမှာ ပြာယာခတ်ပြီး လမ်းမပျောက်သွားစေဖို့ ဒီအဆင့်(၉)ဆင့်ကို ကြိုသိထားပါ။ ___ ၁။ လေဆိပ်ကို လေယာဥ်ချိန်မရောက်ခင် ၂ နာရီခွဲ/၃ နာရီအလို အရောက်လာပါ။ ဝင်ပေါက် Gate No.3/4 ကနေ ဝင်ပါ။ ___ ၂။ လုံခြုံရေးစစ်ဆေးမှုကိုဖြတ်ပါ။ ___ ၃။ ကိုယ်စီးမယ့်လေကြောင်းလိုင်းကောင်တာကိုရှာပြီး Check-In ဝင်ဖို့တန်းစီပါ။ (လေယာဥ်မထွက်ခင် ၄၅ မိနစ် ဒါမှမဟုတ် ၁ နာရီဆို ကောင်တာပိတ်ပါတယ်။) Check-in ဝင်တဲ့အခါ လေကြောင်းလိုင်းက ပြည်ပထွက်ခွာဖောင်လေး ဖြည့်ဖို့ ပေးပါလိမ့်မယ်။ နောက်ပြီး အလည်သွားမှာဆိုရင် Counter မှာကတည်းက အပြန်လက်မှတ်ပါ စစ်ပါတယ်။ ___ ၄။ စက်လှေကားမတက်ခင် စစ်ဆေးရေး တစ်ဆင့်ဖြတ်ပါ။ Passport နဲ့ အသွားလက်မှတ်အပြင် အပြန်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money စာရွက်စာတမ်းတွေကို စစ်ပါတယ်။ ဘာလုပ်မလဲ၊ ဘယ်မှာနေမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မဖြေနိုင်ရင် ဒါမှမဟုတ် စာရွက်စာတမ်း မပြည့်စုံရင် အဲ့ဒီနေရာကနေ လှည့်ပြန်ရတတ်ပါတယ်။ ___ ၅။ စက်လှေကားနဲ့ အပေါ်တက်ပြီးလဝကဖြတ်ရမှာမို့လို့ စာရွက်စာတမ်းတွေ မသိမ်းသေးဘဲ အဆင့်သင့်ကိုင်ဆောင်ထားပါ။ ___ ၆။ Immigration (လဝက) Passport, အသွားလက်မှတ်, အပြန်လက်မှတ်နဲ့ Hotel Booking တွေကို အကုန်ထပ်ပြီး စစ်ဆေးပါတယ်။ ___ ၇။ လက်ဆွဲအိတ်စစ်ဆေးခြင်း ဒီဂိတ်က လူအများစု အချိန်ကြန့်ကြာတတ်တဲ့နေရာပါ။ ရေဘူး၊ ရေမွှေးစတဲ့ အရည် ၁၀၀ မီလီမီတာ ကျော်တာတွေပါရင် ထားခဲ့ရပါမယ်။ ဖိနပ်၊ ခါးပတ်၊ နာရီ ချွတ်ရတတ်သလို Laptop နဲ့ Power Bank တွေကိုလည်း စစ်ဆေးရေးစက်ထဲ အလွယ်တကူ ထုတ်ထည့်လို့ရအောင် အသင့်ပြင်ထားပါ။ ___ ၈။ ဒုတိယထပ်ကို စက်လှေကားနဲ့ ထပ်တက်ပြီး Duty-Free Area ကိုပတ်သွားပါ။ ပြီးတာနဲ့ ပထမထပ်ကို ပြန်ဆင်းပြီး ___ ၉။ လေယာဥ်စီးမယ့်ဂိတ်ကိုရှာပြီး စောင့်ဆိုင်းပါ။ ဒါပေမဲ့ လေယာဥ်မထွက်ခင်အထိ ဂိတ်နံပါတ်တွေ ပြောင်းတတ်တာမို့လို့ ကြေညာချက်တွေကို အမြဲနားစွင့်နေပါ။ ___ ဒီလိုမျိုး ဖုန်းလေးထဲမှာတင် လေဆိပ်သွားတဲ့နေ့မှာ တစ်ဆင့်ချင်း အထောက်အကူဖြစ်စေမယ့် Website လေးကို MangoWings ကနေ ဖန်တီးပေးထားပါတယ်။ လုံးဝအခမဲ့ အသုံးပြုနိုင်ပါတယ်။ အသေးစိတ် ဝင်ရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ Page ရဲ့ Bio မှာ ဝင်ကြည့်လို့ရပါတယ်။ 💙ခရီးစဥ်လေး အဆင်ပြေချောမွေ့ကြပါစေ။ "MangoWings - ပြည်ပ First Time သွားဖို့ လမ်းညွှန်နဲ့ ဝန်ဆောင်မှု" #mangowings #yangonAirport #ရန်ကုန်လေဆိပ် #လေဆိပ် #ပြည်ပခရီးစဉ်
MangoWings | ကိုမင်း
Region: MM
Sunday 18 October 2026 09:54:11 GMT
Music
Download
Comments
Moizzzxyraj :
😳😳😳
2026-10-19 12:48:43
0
To see more videos from user @mangowingstravels, please go to the Tikwm
homepage.